Tablet မှာ သီချင်း(၄)ပုဒ်ထည့်ပြီး ပေးပို့တဲ့ မြန်မာပြည်က ထူးခြားတဲ့ မင်္ဂလာဆောင် ဖိတ်စာ

0
87

အခုလာမယ့် ဖေဖေါ်ဝါရီလ ၂၃ နဲ့ ၂၄ ရက်နေ့ တို့ မှာ မင်္ဂလာဆောင် အခမ်းအနား ကျင်းပကြမယ့် ဇနီးမောင်နှံ စုံတွဲရဲ့ ထူးခြားပြီး ဆန်းပြားတဲ့ မင်္ဂလာဖိတ်စာလေးကို Ye Yint Aung အမည်နဲ့  ဖေ့ဘုတ်အသုံးပြုသူရဲ့ အကောင့်မှာ တင်ထားတာကို ဒီကနေ့  ဖေ့ဘုတ်သုံးစွဲသူအမြားအပြား စိတ်ဝင်စားလျက်ရှိနေကြပါတယ်။..

Sanjeev နဲ့ Sonia ၂ ဦးရဲ့ မင်္ဂလာဆောင်ဖိတ်စာဟာ မြင်ဖူးနေကျ ဖြစ်တဲ့ စာရွက်၊ကဒ်၊ပေလွှာ၊ပန်းချီကား စတာတွေနဲ့ မဟုတ်ပဲ Teblet တစ်ခုဖြစ်နေတာပါပဲ။ဖိတ်စာဗူးလေးကို ဖွင့်လိုက်တာနဲ့ Teblet လေး ပွင့်လာပြီး အခုနောက်ဆုံးထွက် ဇာတ်ကားဖြစ်တဲ့ Akshay Kumar ရဲ့ Pad Man ရုပ်ရှင်ကားထဲက Aaj Se Teri(ဒီကနေ့ စပြီး ငါ့ရဲ့အရာရာဟာ မင်းအတွက် ဖြစ်သွားပြီ)ဆိုတဲ့ သီချင်းလေးနဲ့ အစပြုထားပါတယ်။

အဲ့နောက် သတို့ သား နဲ့ သတို့ သမီးတို့ ရဲ့ တူမလေးတစ်ယောက်က လက်အုပ်လေးချီ နမစ္စတေးလို့ နှုတ်ဆက်ပြီး အင်္ဂလိပ်လို မိတ်ဆက် စကားပြောတာကို အောက်ကနေ မြန်မာလို စာတန်းထိုးပြပါတယ်။

ပြီးတော့ သတို့ သားနဲ့ သတို့ သမီးနှစ်ဦးကို စတင်ပြသရာမှာ ရှာရွခ်ခန်းရဲ့ Jab Tak Hai Jaan ရုပ်ရှင်ထဲက(ငါအသက်ရှင်နေသရွှေ့ ) ဆိုတဲ့ ကမ္ဘာကျော် ဒိုင်ယာလော့ကို ရှာရွခ်ရဲ့ အသံနဲ့ နောက်ခံ ထည့်သွင်းထားပါတယ်။

ပြီးတဲ့နောက်မှာတော့ အဆိုတော် Atif Aslam သီဆိုထားတဲ့ ၂၀၁၆ ဘောလီးဝုဒ်ရဲ့ အကောင်းဆုံး ရိုမန်တစ် သီချင်း Tere Sang Yaara (Rustom ရုပ်ရှင်ထဲက)သီချင်းတပုဒ်လုံးနဲ့  သတို့ သား၊သတို့ သမီးတို့ ရဲ့ အလှပုံရိပ်များ၊ ရိုမန်တစ်ကကွက်များကို မြန်မာ၊အိန္ဒိယ၊ အနောက်တိုင်းဝတ်စုံ မျိုးစုံဝတ်ပြီး သရုပ်ဖော်ထားတာကို အနုစိတ် ရိုက်ပြထားပါတယ်။

သီချင်းပြီးတဲ့နောက် သတို့ သားနဲ့ သတို့ သမီး တို့ က မြန်မာစကားနဲ့ သူတို့ ၂ ဦးရဲ့ မင်္ဂလာဆောင်အခမ်းအနားကို တက်ရောက် ချီးမြှင့်ပေးဖို့ ဖိတ်ကြားပါတယ်။

ပြီးတော့ မင်္ဂလာပွဲ အချိန် နဲ့ ဧည့်ခံပွဲကျင်းပမယ့် နေရာတွေကို ကြေညာတဲ့အခါ ဂျက်စတင်ဘီဘာရဲ့ Something Beautiful သီချင်းကို နောက်ခံ ထည့်ထားပြီး ဗီဒီယိုရဲ့ အဆုံးသတ်မှာတော့ လူတိုင်းပါးစပ်ဖျားမှာ ဒီကနေ့ ထိ စွဲငြိနေတဲ့ Aashique 2 ရုပ်ရှင်ထဲက Tum Hi Ho သီချင်းကို နောက်ခံအသံထည့်ပြီး “လက်ဖွဲ့ ခြင်းသီးခံပါ”ဆိုတဲ့ စာတန်းလေးနဲ့ ထိုးထားပါတယ်။

ဗီဒီယို အစအဆုံး အချိန် ၉ မိနစ်ကြာပြီး တကယ်ကို ရိုမန်တစ်ဆန်ပြီး ထူးခြားတဲ့ ဖိတ်စာလေးဖြစ်ပါတယ်။

Sanjeev နဲ့ Sonia တို့ ၂ ဦးရဲ့ ဟိန္ဒူရိုးရာ လက်ထပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် အင်းလေးကန်ရှိ Novotel Hotel မှာ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မှာ ကျင်းပမှာဖြစ်ပြီး ဧည့်ခံပွဲအခမ်းအနားကိုတော့ Aureum Palace Resort အင်းလေးမှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ညနေမှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖိတ်စာမှာ ဖော်ပြထားပါတယ်။

By – MTN

MUNA

Photo – Ye Yint Aung / facebook