“SO” လို့နာမည်ပေးထားတဲ့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်တို့ရဲ့ သီချင်းသစ်

အဆိုတော် စန္ဒီမြင့်လွင်နဲ့ စိုးပြည့်တို့ ညီမနှစ်ယောက် သီဆိုထားတဲ့ သီချင်းသစ်လေးကတော့ ဒီနေ့(ဖေဖော်ဝါရီ၂၂ ရက်)မှာ ထွက်ရှိလို့လာပါပြီ။

“So” လို့ နာမည်ပေးထားတဲ့ အဲ့ဒီသီချင်းလေးကို အွန်လိုင်းကနေ ဖြန့်ချိလိုက်တာ ဖြစ်ပြီး mMusicNet ကနေ ဝယ်ယူရရှိနိုင်တယ်တဲ့။

စိုးပြည့်နဲ့ စန္ဒီမြင့်လွင်တို့က ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလောက်ကလည်း အတူတူတွဲဆိုထားတဲ့ “Don’t make me lonely “လေးကို အွန်လိုင်းနေ ဖြန့်ချိပေးခဲ့ပါတယ်။

အဲ့ဒီသီချင်းတုန်းကလည်း ပရိသတ်အားပေးမှု ရရှိခဲ့သလို အခုထွက်မယ့် သီချင်းလေးကလည်း ပရိသတ်တွေကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲဆိုတာကတော့ ရင်ခုန်စရာပါ။

စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ နှစ်ဦးစလုံးဟာ အနုပညာလမ်းခရီးမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ ဂီတနဲ့ ပတ်သတ်ပြီး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စန္ဒီမြင့်လွင် FB

%d bloggers like this: