အချစ်အတွက်နဲ့ဘယ်တော့မှ အညံ့ခံခေါင်းငုံ့နေမှာမဟုတ်တဲ့မိန်းကလေးဆိုတာ ဒီိလိုပါ

0
174

တကယ်တော်တဲ့ မိန်းကလေးတွေဆိုတာ ယောက်ျားတစ်ယောက်ရဲ့ အနိုင်ကျင့်စော်ကားမှုတွေကို ငြိမ်ခံနေမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ လေးစားခံရဖို့၊ တန်ဖိုးထားခံရဖို့၊ အလေးထားခံရဖို့ ထိုက်တန်တယ်ဆိုတာ သူတို့ကိုသူတို့ ကောင်းကောင်းသိကြလို့ပါ။ ဒီလိုမိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်အတွက်နဲ့ ဘယ်ေတာ့မှ စိတ်ဆင်းရဲနေရမှာ မဟုတ်သလို၊ ယောက်ျားတစ်ယောက်ဆီမှာလည်း ဘယ်တော့မှ အညံ့ခံပြီး ခေါင်းငုံ့နေမှာမဟုတ်ပါဘူး။ တကယ်လို့သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ လေးစားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

(၁) မာနရှိတယ်


ဒီလိုမိန်းကလေးတွေဟာ အချစ်ကြောင့်နဲ့ မာနတွေအားလုံးကို ရိုက်ချိုးပစ်မယ့်သူမျိုး မဟုတ်ပါဘူး။ ယောက်ျားတစ်ယောက်ဆီက ဘာကိုမှအချောင်မလိုချင်သလို၊ ယောကျာ်းတစ်ယောက်ရဲ့ ထောက်ပံ့မှု၊ ပေးကမ်းမှုကိုလည်း မလိုလားကြပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်မယ် ဆိုတဲ့ မာနကြောင့် ဘယ်ယောက်ျားလေးကမှ သူတို့ကို အထင်မသေးရဲကြပါဘူး။ ဒါကြောင့် ဒီလိုမိန်းကလေးတွေက အချစ်အတွက်နဲ့ ဘယ်ယောက်ျားဆီမှာမှ အညံ့ခံခေါင်းငုံ့နေစရာအကြောင်းလည်း မရှိပါဘူး။

(၂) အရည်အချင်းရှိတယ်

အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရှေ့မှာ ဘယ်တော့မှ အညံ့ခံခေါင်းငုံ့နေမှာ မဟုတ်ပါဘူး။ သူ့အရည်အချင်းကို သူယုံကြည်တာကြောင့် ယောက်ျားတစ်ယောက်ဟာ သူ့ဘဝရဲ့မရှိမဖြစ်မဟုတ်သလို၊ သူ့ဘဝကို သူ့အရည်အချင်းနဲ့သူ တာဝန်ယူနိုင်တာကြောင့် ယောက်ျားတစ်ယောက်ရဲ့ အထင်သေးစော်ကားခြင်းကို ဘယ်တော့မှ ခံရမှာလည်း မဟုတ်ပါဘူး။

(၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်


ဒီလိုမိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ သူတွေဖြစ်ပါတယ်။ ဘယ်အရာမှာမဆို ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်စိတ်ချသလို၊ ကိုယ့်အပေါ်မှာ မကောင်းတဲ့ ယောက်ျားတစ်ယောက်ကို တွယ်ကပ်နေမယ့်သူမျိုးတွေလည်း မဟုတ်ပါဘူး။ ကိုယ့်အပေါ်မှာမကောင်းရင် ဒါမှမဟုတ် စာရိတ္တမကောင်းရင် ဘယ်လောက်ပဲ ချစ်ချစ် စွန့်လွှတ်ရဲတဲ့ သူတွေဖြစ်ပါတယ်။ အဲလိုယောက်ျားတွေမရှိလည်း ဘဝကြီး ပိုတောင်သာယာသေးတယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်ကြပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ အချစ်စစ်အတွက်နဲ့ ယောက်ျားတစ်ယောက်ရှေ့မှာ ဘယ်တော့မှ ခေါင်းငုံ့အညံ့ခံနေမယ့် သူမျိုးတွေမဟုတ်ပါဘူး။

(၄) ပြတ်သားတယ်


ပြတ်သားတဲ့မိန်းကလေးတွေဟာ ဘယ်တော့မှ ယောက်ျားတစ်ယောက်ရှေ့မှာ ခေါင်းငုံ့အညံ့ခံနေမယ့် သူမျိုးတွေမဟုတ်ပါဘူး။ သူတို့ဟာ ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်၊ ခေါင်းမာတယ်၊ စိတ်မပျော့ညံ့ဘူး။ အမှားတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်နေတာမျိုးတွေ၊ သူတို့ကိုအလေးမထားတာ၊ တန်ဖိုးမထားတာမျိုးဆိုရင် လုံးဝဆက်ပြီး သည်းခံနေကြမှာမဟုတ်ပါဘူး။ ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်မယ့် သူမျိုးတွေပါ။

(၅) ကိုယ့်တန်ဖိုးကိုယ်သိတယ်
ကိုယ့်တန်ဖိုးကိုယ်ကောင်းကောင်းသိတဲ့ မိန်းကလေးတွေဟာ ဘယ်တော့မှ ယောက်ျားတစ်ယောက်ရှေ့မှာ ခေါင်းငုံ့အညံ့ခံမယ့် သူမျိုးတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ သူတို့ကို ကောင်းကောင်းချစ်နိုင်တဲ့သူ၊ ဂရုစိုက်နိုင်တဲ့သူ၊ သူတို့အပေါ်သစ္စာရှိပြီး အချစ်ကို ကောင်းကောင်းခံစားသိမြင်စေတဲ့ သူနဲ့ပဲ ထိုက်တန်တယ်ဆိုတာကို ကောင်းကောင်းသိကြပါတယ်။ ဒါကြောင့် သူတို့ကို တန်ဖိုးမထားတဲ့သူမျိုးကို စွန့်သွားဖို့ ဝန်မလေးတာကြောင့် ဘယ်ယောက်ျားလေးကမှ သူတို့ကို တန်ဖိုးမထားပဲ အနိုင်ယူတာမျိုး မလုပ်ရဲကြပါဘူး။

Em Em(Auntymay)