မိန်းကလေးတစ်ယောက် ဒီလိုမျိုးတွေလုပ်ပေးနေတာ သင့်ကိုအရူးအမူးချစ်လို့ပါ

0
446

မိန်းကလေးတစ်ယောက်ဟာ ပင်ကိုအရ နူးညံ့သိမ်မွေ့တယ်၊ စိတ်နှလုံးနူးညံ့တယ်၊ သတ္တိလည်း နည်းတယ်၊ အစိုးရိမ်ကြီးတတ်ကြပါတယ်။ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်တတ်သလို၊ ချစ်မိပြီဆိုရင်လည်း လွယ်လွယ်နဲ့ မေ့မရတော့ပါဘူး။ တကယ်လို့ မိန်းကလေးတစ်ယောက်က သင့်ကို ခုဖော်ပြပေးမယ့် အချက်လေးတွေအတိုင်း လိုက်လုပ်ပေးနေတယ်ဆိုရင်တော့ သင့်ကို တကယ်ချစ်လို့ပါ။

(၁) ညဥ့်နက်အထိစောင့်တယ်


တစ်ခါတလေ သင်ဟာအကြောင်းအမျိုးမျိုးကြောင့် သူ့ကိုမဆက်သွယ်ဖြစ်ရင်၊ သင့်ကိုဆက်သွယ်လို့မရရင် ဒါမှမဟုတ် သင်အလုပ်တွေများနေတဲ့အချိန်တွေမှာ စောစောထရမှာဆိုရင်တောင် သင့်ကို ညဥ့်နက်အထိစောင့်ပြီး အိပ်ရေးပျက်ခံပေးတဲ့ မိန်းကလေးဆိုတာ သင့်ကိုတကယ်ချစ်နေတဲ့သူပါ။ မိန်းကလေးတစ်ယောက်အိပ်ရေး ပျက်သွားရင် ဘာလုပ်လုပ်အဆင်မပြေတော့ဘူး၊ ခေါင်းတွေမူးနောက်မယ်၊ ဝက်ခြံတွေထွက်လာမယ်၊ ထိခိုက်စရာတွေများမယ်ဆိုတာ သူသိပြီးသားပါ။ ဒါပေမယ့် သင့်အတွက် သူ သိသိကြီးနဲ့ ပေးဆပ်လိုက်တာဖြစ်ပါတယ်။

(၂) အကြိမ်ကြိမ်ခွင့်လွှတ်တယ်

သင်ဟာ သူ မကြိုက်တဲ့အရာတွေ၊ သူ့ကိုဒေါသထွက်စေမယ့်အရာတွေ ခဏခဏ လုပ်နေမိပေမယ့် သင့်ကို အကြိမ်ကြိမ်ပြန်ပြီး ခွင့်လွှတ်တဲ့မိန်းကလေးဆိုတာ သင့်ကိုတကယ်ချစ်လို့ပါ။ မိန်းကလေးတွေဟာ ပင်ကိုယ်အရ နူးညံ့လွန်းတာကြောင့် သင်လုပ်တဲ့အမှား အသေးအမွှားလေးတွေကအစ အရမ်းကို စိတ်ထိခိုက်တတ်တဲ့သူတွေပါ။ သင့်ကို တစ်ကြိမ်ခွင့်လွှတ်လိုက်တိုင်း သူ့မာနကိုတစ်ထစ်လျော့ပေးလိုက်ရတာဆိုတာကို သိထားပါ။

(၃) လူသိရှင်ကြားတွဲပေးတယ်


မိန်းကလေးတစ်ယောက်ဟာ သူ့ရည်းစားဘယ်သူလဲဆိုတာ သူများတွေသိသွားကြတာနဲ့ အနည်းနဲ့အများတော့ အပြောဆိုခံ၊ အကြည့်ခံ ဖြစ်သွားတတ်ပါတယ်။ ရည်းစားကိုလူသိရှင်ကြားတွဲလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို သူသိပါတယ်။ ဒါပေမယ့်လည်း ချစ်သူကို မကြောက်မရွံ့ လူကြားထဲ လက်တွဲပြီးလျှောက်ရဲတဲ့မိန်းကလေးဆိုတာ သင့်ကို အရူးအမူးချစ်နေလို့ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို လူသိရှင်ကြားမကွယ်ဝှက်တမ်း တွဲပေးတဲ့ မိန်းကလေးတစ်ယောက်ကို သစ္စာရှိပေးရမှာ သင့်တာဝန်ဖြစ်ပါတယ်။

(၄) နားလည်ပေးတယ်


သင့်ချစ်သူဟာ သင့်ကိုအမြဲသည်းခံပေးတယ်၊ စိတ်ရှည်ပေးတယ်ဆိုတာ သင့်ကိုအရူးအမူးချစ်လို့ပါ။ မိန်းကလေးတစ်ယောက်ဟာ ပင်ကိုယ်ဗီဇအရ ဆတ်ဆတ်ထိမခံတာ များပါတယ်။ ဒါပေမယ့် သင်နဲ့ပတ်သက်ပြီးတော့ ဖြစ်လာသမျှ အဆိုးအကောင်း၊ အကျိုးအကြောင်းတွေကို သည်းခံပြီး သင့်ကို အမြဲနားလည်ပေးတဲ့ မိန်းကလေးဆိုတာသင့်ကို အရူးအမူးချစ်နေလို့ပါ။ နားလည်ပေးတယ်ဆိုတာ အပြောလွယ်ပေမယ့် ဘယ်လောက်ခက်ခဲလဲဆိုတာ သင်မကြိုက်တာကို သူလုပ်တဲ့အချိန် ပြုံးပြုံးလေးနဲ့ ခွင့်လွှတ်နိုင်လားဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။

(၅) စောင့်နေပေးတယ်


သင်ဟာ အဝေးကိုရောက်နေလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်ထပ်ဖို့ အရွယ်ကောင်းရောက်နေပြီ၊ တွဲတာလည်း သက်တမ်းကြာပြီး လူတွေကလည်း မယူသေးဘူးလားလို့ ခဏခဏမေးခံနေရပြီ၊ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သင့်ဖက်က အဆင်မပြေတဲ့အခါ စိတ်ရှည်ရှည်နဲ့ သင့်ကိုစောင့်နေပေးတဲ့မိန်းကလေးဟာ သင့်ကို အရူးအမူးချစ်လို့ပါ။ သူ့အတွက်က သင့်ကိုစောင့်ရတာ၊ သင်နဲ့ဝေးနေရတာ တစ်ရက်ကို တစ်နှစ်လောက်ကြာပေမယ့် သင့်ကိုသစ္စာထားပြီး စောင့်ပေးတာ သင့်ကိုအရူးအမူးချစ်လို့ပါ။

Em Em(Auntymay)