အိုသွေးပိုင်ရှင်တွေ လူတစ်ယောက်ကို ချစ်မိသွားခဲ့ရင်

0
127

အိုသွေး ပိုင်ရှင် အများစုက… လူတစ်ယောက်ကို ချစ်မိသွားရင်…

– ချစ်တယ် ဆိုတဲ့ စကားကို တော်ယုံ မပြောလိုဘူး

– ချစ်ပီးဆိုလည်း အသေချစ်တာ .. အရမ်းချစ်တာ.. အရမ်းလည်း ရစ်တာ..

– မရစ်တော့ဘူး.. တိတ်နေမယ်ဆို.. တစ်ခုခုကို အလိုမကျ ခံစားနေရပီ ဆိုတာပဲ.. ဒါလေးကိုတော့ အိုသွေးချစ်သူ သတိလေး ထားပေးပါ.

– လူတိုင်းနဲ့ စကားပြောတတ်ပေမယ့် ရင်ထဲ ချစ်တဲ့သူ တစ်ယောက်တည်းသာ ရှိတယ် ဆိုတာ သိထားပေးပါ..

– အူတိုပီး ရန်သွားရှာတာတွေ ရစ်တာတွေ သွားမလုပ်ပါနဲ့.. သင်ပဲ စိတ်ညစ်ရမှာ မို့ပါ

– ဘာလို့လဲ ဆိုတော့ အိုသွေးတွေက ဖြေရှင်းချက်ပေးတာတွေ ချော့ရမယ့် အလုပ်ဆို လုံးဝ ဆို လုံးဝ လုပ်မပျော်တာမို့ .. အချော့ခံချင်တဲ့ သင် ဂရုစိုက်တာ အလေးထားတာ လိုချင်တဲ့ သင်ကပဲ အလျော့ပေးရမှာ သေချာပါတယ်

– အိုသွေးချင်းချင်း rs ထားမယ် ဆိုရင်တော့ နားလည်မှုလေး ထားပီး… သြော်.. သူက အိုသွေး. ငါ့လည်းအိုသွေးမို့.. သူ့အကျင့်စရိုက် စိတ်နေစိတ်ထား ငါ့လိုပဲ ရှိမှာ ဆိုပီး အလျော့ပေးပီး ချစ်ကြပါလို့. စာနာစိတ်ထားလေး မွေးကြပါလို့..

– ပီးတော့ အိုသွေးတွေ ခံစားချက်တွေကို လျှိ့ဝှက်တာတွေပါပဲ.. ဒါကြောင့် အိုသွေးတွေ ပွင့်လင်းမှု ရှိပါစေ.. တစ်ယောက်တည်း ကြိတ်ခံစားတာတွေကိုလည်း လျှော့ပါ.. အခက်အခဲတွေ ရင်ဆိုင်ရမယ် ဆိုလည်း တိုင်ပင်ပါ. ရင်ဖွင့် ဖေါ်ပြပါ.
– အိုသွေးကို ချစ်မိသွားတဲ့ သင်ကလည်း… သူ့ကို နားလည်ပေးပါ ..သူ့စိတ်ကို လေ့လာပါ.. မရှင်းတာတွေ မေးမြန်းပါ. သွားတော့ မရစ်နဲ့ပေါ့.

– တစ်ဦးနဲ့တစ်ဦး ဟန်ဆောင်မှု ကင်းမဲ့ပီး ပွင့်လင်းရိုးသားစွာ ချစ်နိုင်ကြမယ် ဆိုရင်တော့ သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲ ဘဝကို ရရှိမှာ ဖြစ်ပါတယ်..

– နောက်ဆုံးအချက်က အိုသွေးတွေဟာ.. ပီးပြတ်သွားတဲ့ rs ကို ပြန်ချိန်ဖို့ ဘယ်တော့မှ မတွေးဘူး..

– ဘယ်လောက်ပဲချစ်နေ ချစ်နေ အဆုံးသတ်သွားပီးဆို ဘယ်လောက်ပဲ ခံစားရ ခံစားရ .. အနောက်ပြန်လှည့်မကြည့်ပဲ ရင်ကွဲခံပီး.. ထွက်သွားတတ်ကြတယ် ဆိုတာပဲ

– လမ်းခွဲဖို့ မဆုံးဖြတ်ခင် သေခြာစဉ်းစားပီး.. လမ်းခွဲပီးရင် ပြန်လှည့် မကြည့်တတ်တာ အိုသွေးတွေရဲ့ အကျင့်စရိုက်ပါပဲလို့…

Credit: original