ငွေကျပ် (၁၅) သိန်းကနေ သိန်း (၂၀) အတွင်းသုံးပြီး မင်္ဂလာပွဲကျင်းပလို့ရတဲ့ Hotel များ

0
133

Marry ရဲ့ မင်္ဂလာ မောင်နှံလောင်းလေးတွေကို ဒီတစ်ခေါက် ပြောပြပေးချင်တာကတော့ ရန်ကုန်မြို့အတွင်းမှာ ရှိတဲ့ Hotel တွေထဲက ငွေကျပ်သိန်း (၁၅) ကနေ သိန်း (၂၀)အတွင်း သုံးပြီး မင်္ဂလာပွဲကျင်းပလို့ရတဲ့ Hotel တချို့အကြောင်း ဖြစ်ပါတယ်။ ခန်းမအတွက်ရော ဧည့်သည် အယောက် (၂၀၀) စာ ဧည့်ခံကျွေးမွေးမယ့် အစားအသောက်အတွက်ပါ ငွေကျပ် သိန်းနှစ်ဆယ်ထက် ပိုမကုန်စေချင်ဘူး ဆိုရင် ဒီလိုနေရာတွေမှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပနိုင်ပါတယ်။

Excel Treasure Hotel

Excel Treasure Hotel မှာဧည့်ခံကျွေးမွေးဖို့ အတွက်
Snack, Dim sum, ဒံပေါက်ထမင်းနှင့် ထောပတ်ထမင်းတို့ကို ရွေးချယ်နိုင်ပါတယ်။ Snack (သို့မဟုတ်) Dim sum ဆိုရင် ဧည့်သည်တစ်ဦးစာ အတွက် (၄၀၀၀) ကျပ်ကနေ (၆၀၀၀) အတွင်းကျသင့်မှာ ဖြစ်ပါတယ်။ ဒံပေါက်ထမင်း ဆိုရင်တော့ (၄၅၀၀) ကျပ်ကနေ (၅၃၀၀) ကျပ်အတွင်း ကျသင့်မှာပါ။ ထောပတ်ထမင်းကတော့ (၅၀၀၀) ကျပ်ကနေ (၅၈၀၀) ကျပ်အတွင်း ကျသင့်မှာ ဖြစ်ပါတယ်။ ဧည့်သည် လူဦးရေ (၂၀၀)ကို ဧည့်ခံ ကျွေးမွေးမယ်ဆိုရင်တော့ အစားအသောက် ကုန်ကျစရိတ် အနေနဲ့ အနည်းဆုံး (၈)သိန်း ကနေ အများဆုံး (၁၁)သိန်း (၆)သောင်း ကုန်ကျမှာ ဖြစ်ပါတယ်။

Excel Treasure Hotel ရဲ့ခန်းမကြေးအနေနဲ့ကတော့
ကျပ် (၂ )သိန်း ပေးရမှာ ဖြစ်ပြီး အခြားသော အထွေထွေကုန်ကျစရိတ်တွေ အနေနဲ့ နောက်ခံစာတမ်းရေးထိုးခ ကျပ် (၃) သောင်းခွဲ၊ နောက်ခံတေးဂီတအတွက် ကျပ် (၂)သောင်း (သို့မဟုတ်) တေးဂီတဖျော်ဖြေမှုအတွက် ကျပ် (၃) သောင်း၊ ဒီဗွီဒီ ရိုက်ကူးမှုအတွက် ကျပ်(၂) သောင်း၊

Excel Treasure Hotel မင်္ဂလာခန်းမအတွင်းမှာ ပန်းအလှဆင်ခြင်းအတွက်
ကျပ် (၁) သိန်း (၇) သောင်းနဲ့ ကြဲပန်း၊ ပန်းကုံးတို့တွက် ကျပ် (၄) သောင်း ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကုန်ကျစရိတ်အနေနဲ့ အနည်းဆုံး (၁၂)သိန်း (၈)သောင်းခွဲကနေ (၁၆)သိန်း (၅)သောင်း ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတ

Central Hotel Yangon

Central Hotel Yangon မှာ ဧည့်ခံကျွေးမွေးဖို့ အတွက်
Snack, Dim sum, ဒံပေါက်ထမင်းနှင့် ထောပတ်ထမင်းတို့ကို ရွေးချယ်နိုင်ပါတယ်။ Snack (သို့မဟုတ်) Dim sum ဆိုရင် ဧည့်သည်တစ်ဦးစာ အတွက် (၅၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ ဒံပေါက်ထမင်း (သို့မဟုတ်) ထောပတ်ထမင်း ဆိုရင်တော့ (၆၅၀၀) ကျပ်ကနေ (၇၀၀၀) ကျပ်အတွင်း ကျသင့်မှာပါ။ ဧည့်သည် လူဦးရေ (၂၀၀)ကို ဧည့်ခံ ကျွေးမွေးမယ်ဆိုရင်တော့ အစားအသောက် ကုန်ကျစရိတ် အနေနဲ့ အနည်းဆုံး (၁၀)သိန်း ကနေ အများဆုံး (၁၄)သိန်း ကုန်ကျမှာ ဖြစ်ပါတယ်။

Central Hotel Yangon ရဲ့ခန်းမငှားရမ်းခအနေနဲ့
လူဦးရေ (၂၅၀)ထိဆန့်တဲ့ Jade Hall ကို (၁)သိန်းကျသင့်မှာ ဖြစ်ပြီး အခြားသော အထွေထွေ ကုန်ကျစရိတ်တွေ အနေနဲ့ မိမိစိတ်တိုင်းကျ အရေအတွက်ကို မှာယူနိုင်တဲ့ မင်္ဂလာစင်မြင့်ပန်းအိုး တစ်အိုးကို(၂)သောင်းခွဲကျပ် ကျသင့်ပါတယ် (ပျှမ်းမျှ အနေနဲ့ ပန်းအိုး လေးအိုးလောက် သုံးကြတာမို့ (၁)သိန်းကျပ် ကျသင့်မှာပါ။)။ သတို့သား၊ သတို့သမီး နာမည်ရေးထိုးဖို့ အတွက် မြန်မာဘာသာတစ်မျိုးတည်း နာမည်ရေးထိုးရင် (၂)သောင်း (၅)ထောင်ကျပ် ကျသင့်မှာ ဖြစ်ပြီး တရုတ်(သို့) အင်္ဂလိပ် နဲ့ မြန်မာဘာသာ (၂) မျိုးရောပြီး နာမည်ရေးထိုးရင် (၃)သောင်းကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကုန်ကျစရိတ် အနေနဲ့ အနည်းဆုံး (၁၂)သိန်း (၂)သောင်းခန့်လောက်ကနေ အများဆုံး (၁၆)သိန်း (၂)သောင်းခန့် ဝန်းကျင်လောက်အထိ ကုန်ကျမှာ ဖြစ်ပါတ

Panda Hotel

Panda Hotel မှာ ဧည့်ခံကျွေးမွေးဖို့ အတွက်
Snack, Dim sum, ဒံပေါက်ထမင်းနှင့် ထောပတ်ထမင်းတို့ကို ရွေးချယ်နိုင်ပါတယ်။ Snack ဆိုရင် ဧည့်သည် တစ်ဦးစာအတွက် (၄၉၀၀)ကျပ်ကနေ (၅၄၀၀) အတွင်းကျသင့်မှာ ဖြစ်ပါတယ်။ Dim sum ဆိုရင်တော့ ဧည့်သည်တစ်ဦးစာ အတွက် (၅၅၀၀) ကျပ်ကနေ (၅၈၀၀)ကျပ်အတွင်းကျသင့်မှာပါ။ ဒံပေါက်ထမင်း (သို့မဟုတ်) ထောပတ်ထမင်း ဆိုရင်တော့ (၅၉၀၀) ကျပ်ကနေ (၆၃၀၀) ကျပ်အတွင်း ကျသင့်မှာပါ။ ဧည့်သည် လူဦးရေ (၂၀၀)ကို ဧည့်ခံ ကျွေးမွေးမယ်ဆိုရင်တော့ အစားအသောက် ကုန်ကျစရိတ် အနေနဲ့ အနည်းဆုံး (၁၀)သိန်းဝန်းကျင် ကနေ အများဆုံး (၁၂)သိန်းဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

Panda Hotel ရဲ့ ခန်းမကြေးကတော့
ကျပ်(၃) သိန်းကျသင့်မှာ ဖြစ်ပြီး နောက်ခံစာတမ်းရေးထိုးခြင်းအတွက် ကျပ် (၃) သောင်းကျသင့်မှာပါ။ မိမိစိတ်တိုင်းကျ အရေအတွက်ကို မှာယူနိုင်တဲ့ မင်္ဂလာစင်မြင့်ပန်းအိုး တစ်အိုးကို (၃)သောင်းကျပ် ကျသင့်ပါတယ် (ပျှမ်းမျှ အနေနဲ့ ပန်းအိုး လေးအိုးလောက် သုံးကြတာမို့ (၁)သိန်း (၂)သောင်းကျပ် ကျသင့်မှာပါ။) နောက်ခံ တေးဂီတအတွက်ကတော့ (၃) သောင်းကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကုန်ကျစရိတ် အနေနဲ့ အနည်းဆုံး (၁၄)သိန်း (၈)သောင်းခန့်လောက်ကနေ အများဆုံး (၁၈)သိန်း (၈)သောင်းခန့် ဝန်းကျင်လောက်အထိ ကုန်ကျမှာ ဖြစ်ပါတယ်။

သိန်းနှစ်ဆယ်ထက် ပိုမကုန်ဘဲ မင်္ဂလာပွဲ ကျင်းပလို့ရတဲ့ Hotel တွေထဲက Hotel သုံးခုကို ရွေးချယ်ဖော်ပြပေးခဲ့တာပါ။ မင်္ဂလာပွဲအတွက် စီစဉ်နေတဲ့ စုံတွဲလေးတို့အတွက် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Credit-Duwun