ကိုယ့်ကိုတကယ် ချစ်မချစ်သိနိုင်မယ့်အချက်(၄)ချက်

0
377

ကိုယ့်ချစ်သူကကိုယ့်ကိုအရမ်းချစ်နေပြီဆိုတာကိုသိနိုင်မယ့် အချက်များ

ချစ်သူစုံတွဲတွေတိုင်းက ကိုယ့်ကို အရမ်းချစ်ကြတာကိုလိုချင်ကြတယ်မဟုတ်လား။ အောက်ကဖော်ပြထားတဲ့ အချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ချစ်သူက ကိုယ့်ကိုတကယ် ချစ်နေတာသေချာနေပြီနော်။

(၁) နှစ်ဦးအတူရှိနေခြင်း

သင့်ချစ်သူက အလုပ်များတတ်တဲ့လူ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် သင့်ချစ်သူက သင်နဲ့အတူရှိခွင့်ရဖို့က သူ့အတွက် အရေးကြီးတယ်လို့ ခံယူထားတဲ့အတွက်ကြောင့် သူဘက်ကနေပြီး အချိန်ရအောင်လည်း ကြိုးစားပါလိမ့်မယ်။

(၂) နှစ်ဦးနားလည်မှုပေးခြင်း

တစ်ခါတလေမှာ ချစ်သူရဲ့ ဖုန်းကို မကိုင်မိခြင်း၊ စာမပြန်မိ တာတွေကို သူဘက်က သံသယမဝင်ပဲ အလိုက်သိတတ်မယ် ဆိုရင်တော့ သူက သင့်အတွက် အကောင်းဆုံး ချစ်သူပါ။

(၃) ယုံကြည်မှုရှိခြင်း

သူ့ဘက်က ကိုယ့်ကို အရမ်းချစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အမြဲအားပေးပါလိမ့်မယ်။ အချစ်စစ်ဟာ ဘယ်တော့မှ သင့်ကို လဲကျအောင် ထိုးနှက်မှာ မဟုတ်ဘူးလေ။

(၄) ဂရုစိုက်ခြင်း

သင်နေမကောင်းတဲ့အခါ ချစ်နေတဲ့သူတစ်ယောက်က သင့်အနားမှာ တစ်နေ့လုံး ရှိနေပေးမယ်၊ ဆေးသောက်ဖို့ သတိပေးမယ်၊ စွပ်ပြုတ်ပူပူလေးတစ်ခွက် လုပ်ပေးမယ်ဆိုရင်တော့ သင်ပျော်နေမိမှာအမှန်ပဲမဟုတ်လား?

ကဲသင့်ချစ်သူက ဒီအချက်လေးတွေနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ သင့်ကိုတကယ့်အချစ်စစ်နဲ့ချစ်နေတာ သေချာနေပါပြီ။

Tag: love

Credit – Marrymyanmar