ဒီလိုဆိုရင်တော့ သင်က အချစ်ရေးမှာ ကံဆိုးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပါပြီ

0
176

အချစ်ဆိုတာ တကယ်ကိုကြည်နူးစရာခံစားချက်လေးပါ။ သင်ဟာစစ်မှန်တဲ့ Relationship တစ်ခုကိုပိုင်ဆိုင်ထားသူဆိုရင် ဒီလိုခံစားချက်လေးရဖို့ မျှော်လင့်နေစရာမလိုပါဘူး။

အကယ်လို့ တစ်စုံတစ်ယောက်နဲ့တွဲနေပြီး ပျော်ရွှင်မှုမရှိဘူးဆိုရင် သူကသင့်အပေါ်မှာ အချစ်စစ်နဲ့ချစ်တာ ဟုတ်ပါ့မလားဆိုတာ သိနိုင်ဖို့ ခုပြောပြမယ့်အချက်လေးတွေကိုဖတ်ကြည့်ပါဦး။…..

၁။ ဦးစားပေးမှု။

သင်က သူ့ရဲ့ ပထမဦးစားပေးမှုမှာမရှိတာမျိုးပါ။ သူကအလုပ်များတတ်တဲ့သူမျိုးဆို သူသာသင့်ကို တကယ်အလေးထားရင် သင့်အတွက် သီးသန့်အချိန်ဖယ်ထားပါလိမ့်မယ်၊ ဘယ်လောက်အလုပ်ရှုပ်ရှုပ် သင့်အတွက် မက်ဆေ့လေးတစ်ကြောင်းလောက်တောင်မပို့နိုင်တဲ့ သူ၊ အလုပ်ကိုအမြဲအကြောင်းပြတတ်တဲ့သူဆိုရင်တော့ သင့်အပေါ်အလေးထားမှုမရှိလို့ပါ။

၂။ သင့်ကို Silent တွဲဖို့ပြောမယ်။

တကယ်စစ်မှန်တဲ့ချစ်သူကောင်းက သင့်လက်ကိုဆွဲပြီး လူတွေကိုဂုဏ်ယူစွာနဲ့ သူမက ကျွန်တော့ချစ်သူပါလို့မိတ်ဆက်ပေးမှာပါ။ အပြင်သွားပြီဆို လူကြားထဲ သူက သင့်ကိုရှောင်ဖယ်နေတာမျိုး၊ ခပ်ခွာခွာနေတာမျိုးတွေ ပြီးတော့ မိသားစုဝင်တွေနဲ့လည်း မိတ်ဆက်မပေးပဲ တွေဝေနေတာမျိုးပါ။

၃။ ရှေ့ရေးအနာဂတ်ကို မပူပင်ဘူး။

ချစ်သူကောင်လေးက အနာဂတ်အတွက် စိတ်ကူးအိပ်မက်တွေမရှိတာမျိုး သင့်ဘက်က စပြောရင်တောင် သူက မသိချင်ယောင်ဆောင်နေတာမျိုးဆို သင့်အပေါ် တစ်သက်စာ အတွက် လက်တွဲတာမျိုးဟုတ်ပါ့မလားလို့ စဉ်းစားရပါတော့မယ်။

၎။ ရည်စာဟောင်းတွေနဲ့ ပတ်သက်နေတုန်း။

ကိုယ့်ချစ်သူကောင်လေးမှာ အရင်ကချစ်သူရှိခဲ့ဖူးတယ်ဆိုတဲ့အချက်နဲ့တင် စိတ်မကောင်း ဖြစ်တတ်တာ အရမ်းချစ်တတ်တဲ့ကောင်မလေးတွေရဲ့ စိတ်ပါ။ သင့်အပေါ်အလေးအနက်ထားတတ်တဲ့သူဆို သင်စိတ်မကောင်းဖြစ်အောင်လုပ်မှာမဟုတ်ပါ ဘူး၊ သူကရည်းစားဟောင်းတွေနဲ့ပတ်သက်နေတုန်းဆိုရင်တော့ သင့်ကိုတကယ်ချစ်တာ မဟုတ်ပါဘူး။

၅။ သင်ကပဲစိတ်အားထက်သန်နေမယ်။

သူ့ဘက်က သင်နဲ့ပတ်သက်ရင် စိတ်အားထက်သန်မှုမရှိတာမျိုးပါ။ သင်တို့ နှစ်ယောက်တွေ့ဆုံ ဖို့ကို သင်ကပဲဦးဆောင်ပြီးစပြောရတယ်၊ နှစ်ဦးသားပတ်သက်တဲ့အရာမှန်သမျှ သင်ကပဲစီစဉ်ရတယ်ဆို ဒီအချက်ကလည်း စဉ်းစားစရာပါပဲ။

၆။ သင်နဲ့ပတ်သက်ရင် အရာရာမေ့နေတတ်တယ်။

Anniversary လို မွေးနေ့လို အထိမ်းအမှတ်နေ့မျိုးတွေဆိုမေ့နေတတ်တာမျိုးပါ။ သူတကယ်ပဲအလုပ်များလို့မေ့နေတာလား သူ့ဘက်ကအလေးမထားလို့မေ့နေတာလား ဆိုတာကတော့ သင့်ဘက်က ဆန်းစစ်ကြည့်သင့်ပါတယ်။

၇။ သူ့အကြောင်းတွေ လျို့ဝှက်ထားမယ်။

အတိတ်ကဖြစ်ရပ်အကြောင်းတွေမေးတဲ့အခါ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်းဖွင့်ဟလေ့မရှိတာ မျိုး၊ ထိန်ချန်ထားတာမျိုးကလည်း သတိထားသင့်တဲ့အချက်ပါပဲ။

Credit: lovingnews