• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, January 28, 2021
No Result
View All Result

ပျောက်ဆုံးနေတဲ့ မင်းသမီးလေး ဖန်ပင်ပင်းရဲ့ နောက်ဆုံးရသတင်းအခြေအနေ

We Love Cele by We Love Cele
September 20, 2018
in ပြည်ပသတင်း
0

အများလည်းသိကြတဲ့အတိုင်း ဖန်ပင်ပင်းဟာ အခွန်ကိစ္စတွေနဲ့ပတ်သတ်လို့ ပျောက်ဆုံးနေခဲ့တာ လအတော်အတန်ကြာနေပါပြီ။ တစ်ချို့ကလည်း သူမ ထွက်ပြေးသွားယောင်ယောင်၊ ဒါမှ မဟုတ်ရင်လည်း အစိုးရဆီမှာ အဖမ်းခံထားရ သယောင်ယောင်ပြောဆိုနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပျောက်ဆုံးနေခဲ့တာ ၁၀၇ရက်ရှိနေပြီဖြစ်တဲ့ သူမဟာ နေအိမ်မှာ တစ်ယောက်တည်းရှိနေတယ်လို့သိရပါတယ်။

အားလုံးပဲသိကြတဲ့ အတိုင်းပဲ ဖန်ပင်ပင်းဟာ အခွန်ငွေတွေတိမ်းရှောင်မှုကြောင့် ဟိုးလေးတကျော်ဖြစ်နေခဲ့တာပါ။ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်ပေါ်က ကော၊ လူအများကြားထဲ က ပါ ပျောက်ကွယ်သွားခဲ့တဲ့ သူမကို တရုတ်ပြည် အစိုးရက ထိမ်းသိမ်းထားသယောင်ယောင် အသံတွေ ထွက်နေခဲ့ပါတယ်။

ကလေး ဆေးရုံမှာ လုပ်အားပေးနေတဲ့သူမကို ဂျူလိုင် ၁ရက်နေ့က သူမရဲ့ weibo စာမျက်နှာပေါ်မှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပြီး သူမကို ဂျူလိုင်လ ၂၃ရက်နေ့ ကတည်း က မမြင်တွေ့ခဲ့ရတော့ပါဘူး။

သူမရဲ့ weibo စာမျက်နှာထက်ပေါ်က ကွယ်ပျောက်နေခဲ့တာလည်း အချိန် ၃လကျော် ခဲ့ပါပြီ။ သူမရဲ့ weibo account ပေါ်မှာ သူမအတွက်ပေးခဲ့တဲ့ မွေးနေ့ဆုတောင်းစာတွေဟာလည်း တင်ပြီး ချက်ချင်းမှာပဲ အဖျက်ခံခဲ့ရပါတယ်။

သူမရဲ့ပျောက်ဆုံးမှုအတွက် လူတော်တော်များများ စိတ်ပူနေကြပေမယ့်လည်း အခွန်ရှောင်တိမ်းနေတဲ့ ကိစ္စနဲ့ပတ်သတ်လို့ စစ်ဆေးခံပြီးနောက် သူမရဲ့အိမ်ကို အန္တာရာယ် ကင်းကင်းနဲ့ပဲ ရောက်ရှိသွားခဲ့ပါတယ် လို့ သတင်းမီဒီယာ ဋ္ဌာနတစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆေးမှုရဲ့ရလဒ်တွေ မထွက်လာသေးတဲ့အချိန်အထိ ဘယ် အကြောင်းအရာကိုမှ ထုတ်လွှင့်ခွင့်မပြုသလို အပြင်က လူတွေနဲ့လည်း တွေ့ဆုံခွင့်မရှိဘူးလို့ သိရပါတယ်။ အကျယ်ချုပ်ကျနေတယ်လို့တော့ မပြောပေမယ့် လည်း ကြည့်ရတာတော့ အဲ့ဒီလိုဖြစ်မယ့်ပုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေအမြန်ဆုံးရှင်းလင်းပြီး ပရိတ်သတ်တွေရဲ့ရှေ့မှောက်ကို အမြန်ဆုံးရောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

သားနှစ်ယောက်နဲ့ တွေ့ဆုံဖို့ ကြိုးစားနေတဲ့ အဆိုတော် မိုးမိုး

Next Post

ညသန်းခေါင်ကြီး မထင်မှတ်ထားဘဲ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ မယ်လိုဒီ

Next Post

ညသန်းခေါင်ကြီး မထင်မှတ်ထားဘဲ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ မယ်လိုဒီ

အဲကွန်းကြိုက်လွန်းလို့ အဲကွန်းနဲ့မှ အိပ်သူတွေအတွက် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ ဖတ်ကြည့်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!