ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

0
200

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို မတ်လ ၅ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်မွေးဖွားသူများ

ပျိုရွယ်သူများ ချစ်သူမရှိသေးပါက ချစ်သူရတတ်ပြီး အိမ်ထောင်သည်တွေလည်း အိမ်ထောင်ရေး သာယနေမယ့် နေ့ရက်ပါပဲ။ မသွားချင်တဲ့ ခရီးသွားရကိန်းရှိပြီး ပညာရေးကံကောင်းနေတာကြောင့် ဒီအချိန်မှာ မိမိတက်လိုတဲ့ သင်တန်းကို ရွေးချယ်တက်လိုက်ရုံပါပဲ။ ကျန်းမာရေးအနေနဲ့ ခေါင်းကိုက်၊ ဇက်ကြောတက်ရောဂါများဖြစ်တတ်ပါတယ်။

ကံကောင်းသောအရောင် – အဖြူရောင်

ကံကောင်းသောနံပါတ် – ( ၃၊ ၅ ၊ ၇ )

ယတြာ – မိမိနေအိမ်ဘုရားတွင် နာနတ်သီး ကပ်လှူပေးပါ။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉) ရက်မွေးဖွားသူများ

ပျိုရွယ်သူတွေရဲ့ အချစ်ရေးမှာ နှောက်ယှက်မယ့်သူပေါ်ပေါက်လာတတ်ပြီး အိမ်ထောင်သည်များအနေနဲ့ကတော့ အိမ်ထောင်ဖက် ခရီးဝေးသွားရတတ်ပါတယ်။ ဒီရက်ပိုင်း အနီးအနားမှာ ကလေးတစ်ယောက်မွေးဖွားတဲ့နိမိတ်တွေ့ပါက ထီထိုးပေးပါ။ ရာထူးတိုးဖြေရတတ်ပြီး တောင်ပေါ်ဒေသကို ခရီးထွက်ရတတ်ပါတယ်။

ကံကောင်းသောအရောင်- ယောဂီရောင်

ကံကောင်းသောနံပါတ် – ( ၄၊ ၃၊ ၂ )

ယတြာ – မိမိနေအိမ်ဘုရားတွင် ထိုးမုန့် ကပ်လှူပေးပါ။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့မွေးဖွားသူများ

ပျိုရွယ်သူတွေချစ်သူနဲ့ ဝေးနေရတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးကို သတိပြုရမှာဖြစ်ပါတယ်။ အောင်မြင်တိုးတက်မှုအတွက် အဆက်သွယ်ကောင်းတွေ ရရှိတတ်ပြီး အိုးသစ်အိမ်သစ်ဝင်ကိန်းရှိပါတယ်။

ကံကောင်းသောအရောင်- အနီရောင်

ကံကောင်းသောနံပါတ် – ( ၆၊ ၈၊ ၄ )

ယတြာ – နေအိမ်ဘုရားတွင် ရှောက်သီးသုပ် ကပ်လှူပေးပါ။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မွေးဖွားသူများ

ပျိုရွယ်သူတွေ စန်းပွင့်နေပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ ကာလပါပဲ။ ဒီနေ့မှာ အဖြူရောင် အ၀တ်အထည်ဝင်ရင်ကောင်းပြီိး ပြည်ပခရီးသွားရန် ကြံရွယ်သူများ အထစ်အငေါ့ဖြစ်တတ်ပါတယ်။

ကံကောင်းသောအရောင် – မိုးပြာရောင်

ကံကောင်းသောနံပါတ် – ( ၅၊ ၆၊ ၇ )

ယတြာ – သက်ကြီးရွယ်အိုများကို ဆေးဝါးဒါနပြုပါ။

(၅ ၊ ၁၄ ၊ ၂၃ ) ရက်မွေးဖွားသူများ

ပျိုရွယ်သူများ အပျော်အပါးမလွန်စေရန် သတိပြုရပါမယ်။ အိမ်ထောင်သည်တွေအနေနဲ့ အလုပ်ကိစ္စပိုင်းမှာ စိတ်သဘောထားကွဲလွဲပြီး ရန်ဖြစ်တတ်ပါတယ်။ ဒီရက်ပိုင်းမှာ ခရီးထွက်စရာရှိတယ်ဆိုရင် ပျော်ပျော်ပဲသွားလိုက်ပါ။ ကောင်းသောခရီးဖြစ်ပါလိမ့်မယ်။

ကံကောင်းသောအရောင်- အပြာနုရောင်

ကံကောင်းသောနံပါတ် – (၅ ၊ ၈ ၊ ၇ )

ယတြာ – နေအိမ်ရှိဘုရားတွင် သစ္စာပန်းကပ်လှူပေးပါ။

(၆ ၊ ၁၅ ၊ ၂၄ ) ရက်မွေးဖွားသူများ

ပျိုရွယ်သူတွေ အချစ်ကံခေနေတဲ့ နေ့ရက်ဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ရေး သာယာနေပါတယ်။ လက်လွန်ထားတဲ့ ငွေကြေးတွေပြန်တောင်းရခက်နေပြီး အနီရောင်အ၀တ်အထည် ၀င်လာရင် အမှုအခင်းဖြစ်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ရုတ်တရက်လေအောင့်တတ်ပါတယ်။

ကံကောင်းသောအရောင် – အ၀ါရောင်

ကံကောင်းသောနံပါတ် – ( ၅၊ ၃ ၊ ၇ )

ယတြာ – ဘုရားတွင် အုန်းသီးမုန့်ကပ်လှူပေးပါ။

(၇ ၊ ၁၆ ၊ ၂၅ ) ရက်မွေးဖွားသူများ

ပျိုရွယ်သူတွေအချစ်ရေး ကံကောင်းနေသလို အိမ်ထောင်သည်တွေလည်း အိမ်ထောင်ရေး သာယာမယ့် နေ့ရက်ပါပဲ။ ဒီနေ့ရက်မှာ အိမ်ထောင်ပရိဘောဂသစ်တွေ ၀င်လာတတ်ပါသေးတယ်။

ကံကောင်းသောအရောင် – အဖြူရောင်

ကံကောင်းသောနံပါတ် – ( ၇၊ ၂ ၊ ၆ )

ယတြာ – အိမ်ရှိဘုရားတွင် နွားနို့ ကပ်လှူပေးပါ။

(၈ ၊ ၁၇ ၊ ၂၆) ရက်မွေးဖွားသူများ

ပျိုရွယ်သူများ အချစ်ရေးမှာ စိတ်ညစ်စရာတွေတွေ့ကြုံနေရတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ သားသမီးထံကနေ သတင်းကောင်း ကြားသိရတတ်ပါတယ်။ ရတနာပစ္စည်းနဲ့ အ၀တ်အထည်အရောင်းအ၀ယ်လုပ်ငန်းများ တိုးတက်မယ့် နေ့၇က်ဖြစ်ပြီး ကြွေးဟောင်းတွေလည်း ပြန်ရကိန်းရှိပါတယ်။ အိမ်ကိုဧည့်သည်ရောက်လာရင် ထီထိုးပေးပါ။

ကံကောင်းသောအရောင် – အညိုရောင်

ကံကောင်းသောနံပါတ် – ( ၅၊ ၇ ၊ ၈ )

ယတြာ – အိမ်ရှိဘုရားတွင် ငွေရောင်အလင်းတိုင် ၅တိုင် ထွန်းညှိပူဇော်ပါ။

( ၉ ၊ ၁၈ ၊ ၂၇ ) ရက်မွေးဖွားသူများ

ပျိုရွယ်သူတွေအနေနဲ့ သူများတွေရဲ့ အချစ်ရေး ကိစ္စတွေမှာ ၀င်ရောက်ကူညီရကိန်းရှိပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ မိသားစုနဲ့ ဘုရားဖူးခရီးသွား၇တတ်ပါတယ်။ မိမိပိုင်ပစ္စည်းကို သူတပါးထံငှားရမ်းခြင်းမျိုး ရှောင်ကြဉ်သင့်ပြီး ဘယ်လိုအပြောင်းအလဲကိုမှ လုပ်ဆောင်ဖို့ မသင့်ပါဘူး။ ခွေးကိုက်ခံရတတ်လို့ သတိပြုသင့်ပါတယ်။

ကံကောင်းသောအရောင် – ရောင်စုံအကွက်

ကံကောင်းသောနံပါတ် – ( ၅၊ ၃၊ ၂ )

ယတြာ – အိမ်ရှိဘုရားတွင် ရွှေရောင်အလင်းတိုင် ပူဇော်ပေးပါ။