Bangkok ကို ၃သိန်းနဲ့ သွားလည်ရအောင် 

0
186

ဘန်ကောက်ကို သွားမယ်ဆို ပထမဆုံး လေယာဉ်လတ်မှတ်ဝယ်ရပါမယ်
ထိုင်းလေကြောင်းလမ်းထဲမှာ ဈေးလည်းသင့်ပြီး ဝန်ဆောင်မှုအဆင်ပြေဆုံးက Nok Air ပါ
Promotion တွေသာ စောင့်ဝယ်ပါ အရမ်းဈေးချိုပါတယ်
အသွားအပြန် $ 78,80,90 လောက်ပဲ ရှိပါတယ်
30kgလည်းပါတော့ ok ပါတယ်
Nok Air Official Page ရှိပါတယ် အဲ့မှာ စုံစမ်းပါ
Promotion date တွေလည်း သူတို့ တင်ပေးပါတယ်
ကိုယ်ကိုတိုင် online ကဝယ်ချင်ရင်
https://www.facebook.com/bangkoksighseeing/
အဲ့ page လေးဖတ်ပါ

နောက်တစ်ချက်က Hotel ပါ ပတူနန် နားက hotel တွေ ဈေးသင့်တာ အများကြီးပါ
baht -1000,1300 အဲ့ဝန်းကျင်ထဲက အဆင်ပြေတာ တည်းပါ
ဒီက booking လှမ်းချိတ်ရင် အဆင်ပြေပါတယ်
https://www.facebook.com/bangkoksighseeing/
https://www.facebook.com/Nilar09402511113BangkokTour/
ဟိုရောက်မှ တည်းတာနဲ့ဈေးအတူတူပါပဲ
date ကို ပြောပြီး booking ချိတ်ပါ

ကိုယ့်ဘာသာသွားမယ်ဆို အဓိက အချက်က ကြောက်စိတ်ပါ
ကိုယ်က eng လိုလည်း မကျွမ်း ,ထိုင်း လို မတတ်တော့ အခက်အခဲ ကြုံပါတယ်
အဲ့နေရာမှာ ဝေနှင်းက ညဏ်ကို အသုံးချပါတယ်
travel blogger တွေ ရေးတာတွေ Note နဲ့ မှတ်ပါတယ်
ကိုယ်တိုင်လည်း အသုံးချခဲ့တယ်
စနစ်တကျ လုပ်ခဲ့တယ်
အရေးကြီးဆုံးက ရန်ကုန်လေဆိပ်မှာ show money ဆိုတာ လူတိုင်းပြရပါတယ်
ကဲ ကိုယ် လူလည်စကျပြီ ပြောပြမယ်
show money တစ်ယောက်ကို US -500 ပြခိုင်းပါတယ်
မြန်မာငွေ -၈သိန်း ဝန်းကျင်
shopping ပတ်ရုံဆို ဘယ်ပါမလဲနော်
dollor တစ်ခါလဲ ထိုင်း baht တစ်ခါလဲ နစ်နာပါတယ်
နီးစပ်ရာမှာ Visa Card သွားလုပ်ပါ
မြန်မာငွေ ၁သောင်းပဲ ပေးရပါတယ်
CB bank မှာလုပ်ပါ ချက်ချင်းရပါတယ်
ရန်ကုန်လေဆိပ်မှာ show money ပြခိုင်းတဲ့အခါ ခပ်တည်တည်ပြောပါ ငါ့မှာ Visa Card ပဲ ပါတယ် ပိုက်ဆံ လက်ထဲ မပါဘူးဆိုပြီးပြောပါ
သူငှေး စတိုင် ဖမ်းသွားပါ ရုပ်ကို ခပ်ချေချေ ထားပါ
သူတို့ visa card ထဲက amount ကို စစ်လို့မရပါဘူး
အသာတတည်ပဲ ok ဆိုပြီး အပေါ်ထပ်ရောက်ပါလိမ့်မယ်

လေယာဉ်ပေါ် စတတ်တာနဲ့ ထိုင်း အငွေ့အသက် ခံစားရပြီး
ထိုင်းမတွေပဲ ကိုး ကိုယ့်နိုင်ငံဆိုရင် အေးဆေးပဲလေ
မြန်မာလို မေးလို့ရတယ်လေ
အဲ့မှာလည်း တိတိကျကျ လုပ်ရင် အေးအေးပါ
စကားကို မပြောရပါဘူး
လေယာဉ်မယ်လေးတွေ စာရွက်လာပေးပါမယ်
အဲ့စာရွက်မှာ မှန်မှန်ကန်ကန်ဖြည့်ရင် စကားတစ်လုံးမှ ပြောစရာမလိုပါ
အဲ့စာရွက်လေးက သူတို့ကို ပြန်မပေးရပါဘူး
ထိုင်းလေဆိပ် immigration မှာ passport နဲ့ အဲ့စာရွက်လေး ပြရမှာပါ
စာရွက်ထဲ ဖြည့်တာ မှန်နေရင် camera အပေါက်ကိုကြည့် photoရိုက် သူတို့က passport စာအုပ်ပြန်ပေး
ဒါလေးပါပဲround trip ဝယ်ရင် ကိစ္စမရှိပါ
တစ်ကြောင်းပဲ ဝယ်ရင် နည်းနည်းမေးပါတယ်
(တစ်ခါတစ်လေလည်း မမေးပါ)

ကဲ ထိုင်းနိုင်ငံထဲ ခပ်တည်တည်ပဲ ကိုယ်ရောက်သွားပြီ
ကိုယ်တည်းမယ့် hotel သို့ သွားဖို့ taxi ငှားပါမယ်
လေဆိပ်ထဲက taxi လုံးဝမငှားပါနဲ့
ဝန်ထမ်းတွေ ခေါ်လိမ့်မယ် ကျော်သာကျော်သွားပါ
exit ပေါက်ကိုရှာ ဟိုကြည့် ဒီကြည့် တွေ့ပါပြီ
အပြင်ကိုထွက်တာနဲ့ taxi တွေမြင်ပါလိမ့်မယ်
အဓိက က ကိုယ်ငှားမယ့် taxi ကို meter ပါလား မေးပါ
Use Meter ? လို့သာ ပြော သူတို့ပေါက်တယ်
ကိုယ်တည်းမယ့် hotel ကို booking တင်ရင်
ပန်းဖလပ်တောင်းခဲ့ပါ ဒါမှမဟုတ် google ကဝင်ပြီး screen shoot ရိုက်လိုက်ပါ
taxi သမားကိုပြပါ ထိုင်းလိုရေးထားရင် ပိုကောင်းပါတယ်
သူတို့ eng လို တော်တော်များများမသိကြပါ
hotel ရောက်ပြီ ဆိုတာနဲ့ meter box ကိုကြည့်ပါ
ကျသင့်ငွေ ပေးရုံပါပဲ လုံးဝပိုတောင်းလို့မရပါ

 

ကဲ shopping ပတ်ကြမယ်
Platinum Mall သာ သွားပါ ဝယ်စရာတွေ မကုန်နိုင်အောင် တွေ့ပါလိမ့်မယ်
9693 သာ သုံးပါ shopping centre တွေက မျက်နှာချင်းဆိုင် ရှေ့နောက် ပါပဲ
Platimum Mall 5လွှာလား 6 လွှာလား မသိတော့
စားသောက်တန်းကြီး တန်မှတန်ပဲ ကြိုက်တာ စားပါလိမ့်
လမ်းလျှောက်ရင်လည်း တွေ့ရာသာ ဝယ်စားပါ အရမ်းတန်ပါတယ်

နောက်တစ်ခုက ဟိုသွားဒီသွားလုပ်ဖို့ google map လေးနဲ့သွားပါ
နေရာရှာရပိုလွယ်တာပေါ့
အချိန်ကုန်လည်း သက်သာတယ်
map.me app ကပို အဆင်ပြေပါတယ်
ခုရောက်နေတဲ့နေရာက အခြားနေရာသွားမယ်ဆို လမ်းလျှောက်ရင် အချိန်ဘယ်လောက်ကြာမလဲဆိုတာပါ ပြပေးပါမယ်

အပြန်ဆို လေယာဉ်ချိန်ထက် ၃နာရီလောက် ကြိုထွက်ပါ
ထိုင်းမှာ ယာဉ်ကြောအရမ်းပိတ်ပါတယ်

လေယာဉ်လတ်မှတ် -၁သိန်း၂သောင်းဝန်းကျင်
hotel 1ရက် -၄၀၀၀၀/၅၀၀၀၀ ဝန်းကျင် (အနည်းဆုံး၂ရက်)
shopping + taxi + Food – ……….

ခရီးသွားဝါသနာပါရင် blogger တွေ ရေးတာ လေ့လာပါ
အသုံးလိုရင် post လေးတွေ save ထားပါ
တစ်ကယ်ကိုအသုံးဝင်ပါတယ် ဝေနှင်း အဲ့လိုတွေ အသုံးချပါတယ်
ဝေနင်းသွားချင်လွန်းလို့ အချိန်တွေကုန်ခံပြီး လေ့လာထားတာကို ဝေမျှပေးတာ
professional မဟုတ်ပါ ပြောတာလိုအပ်တာတွေလည်း ရှိအုံးမှာပါ
ပြည်တွင်း သွားသလောက်သာ ကုန်ပါတယ်
သွားရင် ဦးဆောင်ပြီးလည်း ခေါ်သွားပါမယ် မုန့်တော့ဝယ်ကျွေးပါ

Credit – Waihnin Aung