ရင်ခုန်ရမယ့်ဇာတ်ကား မရှိသေးဘူးဆိုတဲ့ မင်းမော်ကွန်း

0
68

၂၀၁၇ခုနှစ်အကယ်ဒမီရုပ်ရှင်ဇာတ်ကားစာရင်းဝင်တဲ့ ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းမော်ကွန်းကတော့ ဒီဇာတ်ကားထဲက ကာရိုက်တာအတွက် မျှော်လင့်ချက်မရှိဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

”ခေါက်ထီးလေး မလုံ့တလုံမှာ ကျွန်တော်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကိုက အရမ်းကိုထိန်းချုပ်ပြီးတော့ လုပ်ရတဲ့နေရာပေါ့နော်၊ အများကြီး လည်းမလုပ်မိအောင် သတိထားပြီးတော့ လုပ်ရတဲ့နေရာဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဘာမှ မျှော်လင့်ထားတာမျိုး မရှိပါဘူး” လို့ ဆိုပါ တယ်။

 

အနုပညာအပေါင်းအသင်းတွေထဲက ရသင့်ရထိုက်သူတွေအားလုံးကိုရစေချင်တယ်လို့ သူ့ရဲ့ဆန္ဒကိုပြောပြခဲ့ပါတယ်။

” ရသင့်ရထိုက်တဲ့ သူတွေ အားလုံးကို ရစေချင်ပါတယ်။ ကျွန်တော်ကတော့ အားပေးဖို့ အဆင်သင့်ပါပဲ။ ရင်ခုန်ရမယ့် ဇာတ်ကားလည်း မရှိပါဘူး” လို့ သူကဆိုပါတယ်။

 

 

မင်းမော်ကွန်းကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ဒဏ္ဍာရီရဲ့ ရုပ်ရှင် ဇာတ်ဝင်တေးများ ၁ သီချင်းအခွေထဲမှာ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။

Photo: မင်းမော်ကွန်းဖေ့စ်ဘုတ်