အွန်လိုင်းပေါ်က ကိစ္စ ယွန်းယွန်း ဘက်မှရှင်းပါပြီ

0
1022

မတ်လ ၁၁ရက်နေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်း နဲ့ တက်သစ်စအဆိုတော် အုပ်စိုးခန့် တို့ရဲ့ messenger က စကားပြောဆိုထားတဲ့ Screenshots တွေဟာ ယွန်းယွန်းရဲ့ ပရိသတ်တွေကို ထိပ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ တကယ်တော့ ဒီလိုပျံ့နှံ့ခဲ့တာဟာ အုပ်စိုးခန့်ရဲ့ ဖေ့စ်ဘုတ် ပေ့ခ်ျကို ဟက်ကာတစ်ဖွဲ့က ထိန်းသိမ်းထားပြီး သူ့ရဲ့ messenger ထဲကို မွှေနှောက် နေတာဖြစ်နိုင်တယ်လို့လဲ ခန့်မှန်းလို့ရပါတယ်။

လက်ရှိအချိန်ထိ အဆိုပါအကောင့်ဟာ အုပ်ဆိုးခန့်လက်ထဲကို ပြန်လည်မရောက်ရှိသေးဘူးလို့လဲ သိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ယွန်းယွန်းက သူမရဲ့ ဖေ့စ်ဘုတ်မှာ ဖြေ၇ှင်းချက်လေးတစ်ခုကိုလဲ ရေးသားဖော်ပြထားခဲ့ပါတယ်။

သူမ ရေးသားထားပုံလေးက ” သူတို့အချင်းချင်း မကျေနပ်တဲ့ဟာကို ဘာလို့မဆိုင်တဲ့လူကိုခုတုံးလုပ်ချင်လဲမသိဘူး.. သူတို့ထိခိုက်နစ်နာအောင် ကိုယ့်ဘက်ကတစ်ခုခုလုပ်ထားတာမျိုးလဲမရှိဘဲနဲ့ ” ဆိုပြီးရေးသားထားပါတယ်။ သူမက စာမေးပွဲနီးနေပြီဖြစ်တာကြောင့် စိတ်ပင်ပန်းတွေခံနေပြီး သူမရဲ့ ပရိသတ်တွေကလဲ သူမအတွက်စိုးရိမ်နေကြပါတယ်။ သူမကလဲ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်တဲ့ ၊ စာမေးပွဲနီးလာရင် နာမည်ဖျက်ခံရဖို့ ကံပါလာတယ်ပဲတွေးပါတယ်၊ ယွန်းနဲ့ မဆိုင်တဲ့ကိစ္စမို့လို့ ဒီ့ထက်ရှင်းစရာလဲမရှိတော့ပါဘူး၊ ချစ်ပေးနေကြတဲ့သူတွေ စိတ်မပူပါနဲ့နော်၊ သူနဲ့ ဘယ်လိုမှ ဘာမှမဖြစ်ဘူး တကယ်ပါ၊ အဲ့ဒီ mtv ရိုက်တဲ့တစ်ရက်လေးပဲတွေ့ဖူးတာပါ ဆိုပြီးတော့လဲ သူမရဲ့ ပို့စ်အောက်မှာ ပရိသတ်တွေနဲ့ အပြန်အလှန်လေးတွေ ပြောဆိုထားပါတယ်။

 

ယွန်းယွန်းလေးကိုချစ်ကြတဲ့ ပရိသတ်ကြီးကလဲ သူမဘက်ကနေ အမြဲရပ်တည်ပေးလိုက်ကြပါနော်။ သူမစာမေးပွဲဖြေတော့မယ့် အချိန်ဖြစ်တာကြောင့် သူမကိုလဲ အားပေးလိုက်ကြပါဦး။ ချစ်ရပါသော မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်နော်။

KKK(momolay)
Source – osk,yy fb