ချစ်သူနဲ့တူတဲ့အနုပညာတစ်ခုကို ထုတ်ပြခဲ့တဲ့ဧငြိမ်းဖြူ

0
264

ဧငြိမ်းဖြူဆိုတဲ့ ချောမောလှပတဲ့ အနုပညာရှင်မလေးကတော့ ပရိတ်သတ်တွေရဲ့ နှလုံးအိမ်ကို ဖမ်းစားသွားနိုင်တဲ့ အရာလေးတစ်ခုကို လူမှုကွန်ယက်ပေါ်မှာ ချပြခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ cover dance လေးတွေ ၊ကက်ဆက်ဇတ်လမ်လေးတွေသာမက အလှဓာတ်ပုံလေးတွေလည်းရိုက်ကူးရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ မိန်းမလှလေးတစ်ဦးဆိုလဲမမှားပါဘူး။

မကြာသေးမီအချိန်လေးတစ်ခုတုန်းကလဲ အကဗီဒီယိုလေးတစ်ခုပရိတ်သတ်ကိုချပြခဲ့တဲ့ ဧငြမ်းဖြူကတော့ အခုအခါမှာဆိုရင်လည်း သူမရဲ့အသံချိုချိုအေးအေးလေးနဲ့ နောက်ဆုံးအနမ်းဆိုတဲ့ သီချင်းလေးကို ပရိတ်သတ်ကိုသီဆိုပြခဲ့တာပဲဖြစ်ပါတယ်။အသံလေးကချိုသာလှတဲ့အတွက် နားထောင်ပြီးတဲ့ပရိတ်သတ်တွေဟာဆိုရင်လည်း ဧငြိမ်ဖြူကို သီချင်းလေးတွေထပ်ဆိုဖို့တောင်းဆိုနေကြတဲ့ post လေးတွေဟာ လူမှုကွန်ယက်ပေါ်မှာများစွာပျံ့နှံ့နေတာပဲဖြစ်ပါတယ်။

 

ရဲရင့်အောင်ဆိုတဲ့ တေးသံရှင်ချစ်သူလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ ဧငြိမ်းဖြူသာ ကိုယ်ပိုင်သီချင်းလေးတွေသီဆိုလာရင် ပရိတ်သတ်တွေအားပေးကြမှာလား။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ တွဲဖက်သီဆိုမယ့် သီချင်းလေးတွေကိုရော ပရိတ်သတ်တွေနားမထောင်ချင်ကြဘူးလား။ ပရိတ်သတ်တွေခံစားနားဆင်နိုင်စေဖို့ ဧငြိမ်းဖြူသီဆိုပြတဲ့ သီချင်း ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။


Credit – MyanmarLoad