မိခင်ဖြစ်သူက အမှိုက်ကောက်ခြင်းအလုပ်နဲ့ရှာကျွေးခဲ့ကြောင်း ထုတ်ပြောခဲ့တဲ့ SEO IN GUK

0
106

အရမ်းကိုဆင်းရဲတဲ့မိသားစုကနေ ကြိုးစားရုန်းကန်ခဲ့ပြီးမှ K-Pop Idol ဖြစ်လာခဲ့သူတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ မိခင်ဟာဆိုရင် အမှိုက်ပုံတွေထဲကနေ ကတ်ထူပြားတွေကိုလိုက်ကောက်ပြီး မိသားစုအတွက် ၀င်ငွေရှာကာ သားဖြစ်သူကို K-Pop Idol ဆုရရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တာပါ။ သူ့ရဲ့ နာမည်ကတော့ Seo In Guk ပါ။

Seo In Guk ဟာ အရမ်းကို ဆင်းရဲတဲ့မိသားစုဘ၀ကနေ ရုန်းကန်ခဲ့သူပါ။ ဒါပေမယ့် မိဘတွေက သူ့အတွက် အကောင်းဆုံးပံ့ပိုးပေးခြင်းကို ခံခဲ့ရသူပါ။ အင်တာဗျူးတစ်ခုမှာတော့ Seo In Guk ရဲ့ မိသားစုအကြောင်းကို မေးမြန်းခဲ့ပါတယ်။ အရမ်းကို ချစ်ပေး၊ ဂရုစိုက်ပေးတဲ့ မိသားစုကနေ ကြီးပြင်းလာခဲ့ရကြောင်း၊ မိခင်ဖြစ်သူက လမ်းတွေ၊ အမှိုက်ပုံတွေမှာရှိတဲ့ ကတ်ထူပြားတွေကောက်တဲ့ အလုပ်ကို လုပ်ခဲ့တာပါလို့ ရဲရဲဝံ့ဝံ့ပြောပြခဲ့ပါတယ်။ “ကျွန်တော့်အမေဟာ ကျွန်တော် ဒီလောကထဲကို စ၀င်တဲ့ အချိန်မှာတောင်မှ သူ့ရဲ့ အလုပ်ကို ဆက်ပြီးလုပ်နေခဲ့သေးတယ်။ ဒါပေမယ့် အမေရော ကျွန်တော်ရော ဒီကိစ္စအတွက် မရှက်ပါဘူး။ အခုတော့ အမေက မလုပ်တော့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်အထိ လုပ်နေခဲ့သေးတယ်။ အခုတော့ အမေက အလုပ်ဆက်မလုပ်တော့ဘဲ ကျွန်တော့်ရဲ့ တူလေးတွေကို စောင့်ရှောက်ပေးနေပါတယ်” လို့ ပွင့်ပွင့်လင်းလင်းဖြေခဲ့ပါတယ်။

 

Seo In Guk အနုပညာလောကထဲ ၀င်ပြီးတဲ့အချိန်မှာတောင်မှ ဘာကြောင့် ဒီအလုပ်ကို ဆက်လုပ်ဖြစ်ခဲ့သလဲလို့ သူရဲ့အမေကိုမေးတဲ့ အခါမှာတော့” အနားယူစရာ အကြောင်းမှ မရှိတာ၊ ကျွန်မအနေနဲ့ ကိုယ့်ဘ၀အတွက် အလုပ်ကတော့ ဆက်လုပ်နေသင့်တယ်လေ..” လို့ ပြန်ဖြေခဲ့ပါတယ်။ တစ်ချို့လူတွေမြင်သလို အမှိုက်ပုံတွေ၊ လမ်းတွေထဲမှာ ကတ်ထူပြားတွေရှာတာကို ရှက်စရာလို့မထင်ဘဲ သူမအတွက်ကတော့ ဒါကို အလုပ်လို့ပဲမြင်သူပါ။ Seo In Guk က ဖခင်ဖြစ်သူနဲ့အတူ ငယ်ငယ်က ပင်လယ်မှာ ငါးဖမ်းထွက်ခဲ့တဲ့ အကြောင်းကို မှတ်မိနေသေးကြောင်း ပြန်ပြောပြခဲ့ပါတယ်။ အသက်ကြီးနေတဲ့ ဖခင်ဖြစ်သူကို အချိန်ပိုပေးနိုင်ဖို့ ကြိုးစားနေပြီး ရံဖန်ရံခါကျရင် အတူဈေးဝယ်ထွက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ref;koreaboo