ပရိသတ်တွေ သဘောကျနေတဲ့ အောင်ရဲလင်းတို့ရဲ့ ဓာတ်ပုံလေးတွေ

0
479

အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ မင်းသား အောင်ရဲလင်း ရဲ့အချစ်ရေးဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာပါ။ အောင်ရဲလင်းဟာ နာမည်ကြီး ထိပ်တန်း Beauty Blogger တစ်ဦးနဲ့ နှစ်နှစ်ကြာတွဲခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် relationship ကို ရပ်ဆဲခဲ့ကြပါတယ်။ လက်ရှိမှာတော့ အောင်ရဲလင်းတစ်ယောက် ချစ်သူရနေပြီ ဆိုပြီးကောလဟာလတွေလည်း ထွက်ပေါ်လို့နေပါတယ်။

တလောက အမျိုးသမီးတစ်ဦးနဲ့ ဓာတ်ပုံတွေဟာ လူမှုစာမျက်နှာထက်ကို ထွက်ပေါ်လာခဲ့ပြီး အောင်ရဲလင်းရဲ့ ချစ်သူအသစ်ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကြား နာမည်ကြီးခဲ့ပါတယ်။ သက်ဆိုင်သူတွေဖက်က ပြန်လည်ဖြေရှင်းတာမျိုး မရှိခဲ့ပေမယ့် ချစ်သူများနေ့မှာတော့ ကောင်မလေးက အတူညနေစာစားနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ instagram မှာ တင်ထားတာ ခဲ့တာတွေ့ရပါတယ်။

 

 

ထိုကောင်မလေးရဲ့ instagram မှာ ချစ်သူနဲ့အတူ ဓာတ်ပုံလေးတွေမကြာခဏတင်ထားတာ တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ချစ်သူနဲ့အတူ ခရီးသွားနေတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ Instagram မှာ အသစ်ထပ်မံ update ထားတာတွေ့ရပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို စိတ်ဝင်စားနေကြပြီး အခုချိန်ထိတော့ အောင်ရဲလင်းဘက်က တုန့်ပြန်မှုမရှိသေးတာ တွေ့ရပါတယ်။

Photo: Chu Myat Cha

Credit – MyanmarLoad