ဖခင်တစ်ယောက်ရဲ့မေတ္တာကို ရင်ထဲ အရောက်ပို့နိုင်ခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ FB POST

0
119

မိခင်မေတ္တာကို ဖော်ကျူးတဲ့ ဇာတ်ကား၊သီချင်းတွေက များပေမယ့် ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူး ထားတဲ့ ဇာတ်ကားနဲ့ သီချင်းတွေကတော့ ရှိတော့ရှိတယ်၊ ဒါပေမယ့် ရှားပါတယ်။သားသမီးတွေအပေါ် ဖခင်တစ်ယောက်က ထားတဲ့ မေတ္တာကို ထိမိပေါ်လွင်စေတဲ့ fb Post တစ်ခုကို ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်က သူ့ရဲ့ fb မှာ တင် ထားပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင် က သူ့ရဲ့သား မင်းသန့်မောင်မောင်အပေါ် မေတ္တာကြီးမားတဲ့ ဖခင်တစ်ယောက် ဆိုတာ ဘေးမှာရှိနေတဲ့ ပရိသတ်တွေအားလုံးက သိကြပါတယ်။ဖခင်မေတ္တာကို ထိထိမိမိပေါ်လွင်စေခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ Fb Post လေးမှာတော့”ဘ ဝ ခံ စား ချက် တူ လွန်း လို့ ” ဆိုတဲ့ စာသားလေးနဲ့ အစ ချီထားပါတယ်။

ဒီနေ့ငွေ၎သိန်းကိုသေချာထည့်ပြီးဆူလေးလမ်းကိုထွက်ခဲ့သည်။ ၃သိန်းတန် SAMSUMG ဝယ်မည်။ ပြီးနယူးဒေလီတွင် ချစ်တီးထမင်းအဝအပြဲစားမည်။ SAMSUMG Showroom ကိုရောက်တော့၊ အရောင်းစာရေးမလေးက ရှင်းပြသည်။ ဈေးကလည်းကိုယ်လိုချင်သောဈေး။ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအချိန်Viber ဖုန်းခေါ်၍
“အဖေ ကျောင်းဆက်တက်မလို့ S$၂၂၀၀သွင်းရမယ်။

လိုလိုမယ်မယ်၂၅၀၀လောက်ပို့ ပေးပါ။”
“သားလိုလိုမယ်မယ်၃၀၀၀ပို့ လိုက်မယ်။ မဖြစ်မနေသွင်းလိုက်ပါ။”
အရောင်းစာရေးမလေးသည် ကျနော်ကိုလေးစားသောမျက်နာဖြင့် ကြည့်နေပါသည်။

ကျနော်ကတောင်းပန်အားနားသောမျက်နာဖြင့်ပြန်ကြည့်ပြီး။ သမီး ဦးနောက်တစ်ခေါက်လာပါမည်ဟု ပြောပြီး အပြင်ထွက်လိုက်သည်။ သားအတွက်S$3000 ပေးဖို့ လက်သွက်ခဲ့သော်လည်း။ မိမိအတွက်S$
၃၀၀တန်ဝယ်ရန်လက်မသွက်။

ပီးသားကျောင်းဆက်တက်မည်ဆို၍ပျော်နေသည်။ လမ်းတောင်လျှောက်မရ။ ပန်းခြံထိပ်ကပြောင်းဖူး
၂ဖူးဝယ်ပြီးပန်းခြံထဲကခုံမှာထိုင်စားပြီးရေအဝသောက်လိုက်သည်။
ပြီးသားဆီMessageရိုက်လိုက်သည်။
“သား ပျက်လို့ မသုံးတဲ့ဖုန်းလေးလူကြုံနဲ့ ထည့်ပေးလိုက်။ဒီမှာပြင်သုံးလို့ ရတယ်’
သားရဲ့ ဖေဖေ

 

အဖေသည်သားအတွက်တခါတရံစစ်သူကြီုးဖြစ်၍
တခါတရံအသေခံတပ်သားဖြစ်သည်။
မည်သို့ ပင်ဖြစ်ပါစေ
အဖေတိုင်းသည်အဖေဖြစ်ပါသည်။
အဖေတိုင်းတာဝန်ကျေပါစေ။

ထာ ဝ ရအ ဖေ

Credit to ko Hla Maung Thein&# ko Hlaing Min Zaw and ko khine htwe…” ဆိုပြီး တင်ထားပါတယ်။

ဒါရိုက်တာ ဇင်ရော်မောင်မောင်ကတော့” ထာဝရအမေ” ဇာတ်ကားနဲ့ ဒီနှစ်အကယ်ဒမီပေးပွဲရဲ့ ဒါရိုက်တာ ဆုအတွက် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

from စင်ရော်မောင်မောင်ရဲ့ fb