ဆင်းရဲလွန်းတဲ့ မိသားစု ၃ စုအတွက် အရင်းအနှီး ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

0
114

သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ကတော့ ဆင်းရဲလွန်းတဲ့ မိသားစု ၃ စုအတွက် အရင်းအနှီးအချို့ထုတ်ပေးပြီး ကူညီစောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ကျရောက်လာတဲ့ သူမရဲ့ ၃၇ နှစ်ပြည့်မွေးနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မျက်ရည်ကျနေတဲ့ ဓာတ်ပုံအချို့နဲ့အတူ ဒီလိုဆုံးဖြတ်လိုက်ကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားပါတယ်။

ဒီ နေ့ကျမရဲ့ မွေး နေ့မှာ သက် ငယ် မုဒိမ်းများအတွက် ကြီးလး သောပြစ် ဒဏ် ချမှတ် ပေးနိုင် ရန် လွှတ် တော် မှာ တောင်းဆိုဖို့ ရောက် ရှိ နေတဲ့အတွက် မ နေ့က မွေး နေ့အထိမ်းအမှတ် အဖြစ် လုပ် ကိုင် စား သောက် ဖို့အခက် အခဲဖြစ် နေ သော တစ် ရက် ကိုမှ၃ထောင် လောက် ရဖို့ကိုပင် ပန်းဆင်းရဲစွာရှာ ဖွေ နေရတဲ့ အိမ် ထောင် စု ၃စုအတွက် သူတို့လုပ် ချင် တဲ့ စီးပွား ရေး လေး တွေလုပ် နိုင် ဖို့ အစမှအဆုံး အရင်းအနှီး ပြုလုပ် ပေးဖြစ် ခဲ့ပါတယ် . တစ် မိသားစုခြင်းစီရဲ့အ ကြောင်းကိုလဲထပ် ပြီးpostတင် ပေးပါ့မယ် ရှင် ဆိုပြီး ရေးထားတာပဲ ဖြစ်ပါတယ်။

 

ပရဟိတအလုပ်တွေကို နာမည်ကြီးဖို့အတွက်လုပ်နေတာမဟုတ်ပဲ လိုအပ်တဲ့နေရာတွေကို အချိန်မရွေးပဲ အင်အားရှိသလောက် အစွမ်းကုန်လုပ်နေတဲ့အတွက် ခိုင်နှင်းဝေကို အားပေးထောက်ခံသူတွေလည်း များလာပြီဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ဖက်နဲ့ ပရဟိတလုပ်နေတဲ့သူမကို ပရဟိတမင်းသမီးလို့လည်း အသိအမှတ်ပြုလာကြပါတယ်။