အချက်အပြုတ်တွေ လုပ်တက်တယ်ဆိုတဲ့ ၀င်းခန့်မိုး

0
222

ကောင်မလေးတွေကြားမှာ ရေပန်းစားပြီး နာမည်ကြီးနေတဲ့ ချိုပြုံးရဲ့ မြေးလေး ၀င်းခန့်မိုးဟာ ရွှေကြိုစာရင်းမှာပါဝင် ခဲ့တဲ့ နောက်မှာတော့ လူသိပိုများလာခဲ့ပါတယ်။ သူဟာ ၁၀တန်းအောင်ထားတဲ့ ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ဂိမ်းဆော့တာကို အရမ်းနှစ်သက်သူပါတဲ့။ သူဟာ မိသားစုထဲမှာဆိုရင် အငယ်ဆုံးလိုဖြစ်နေပြီး သူ့ထက်ငယ်တာ ၂ယောက်ဘဲ၇ှိပါတယ်။ ဒါကြောင့် သူက မနက်တိုင်း မနက်စာကို ချက်ပြုတ်ကြော်လှော်ပြီး အကိုအမတွေအတွက် ပြင်ဆင်ပေးရတယ်လို့ ဆိုပါတယ်။ ဒါဆို သူလေးက အချက်အပြုတ် လဲကျွမ်းကျင်ပုံရပါတယ်။

ဝင်းခန့်မိုးဆိုတာက ကျောင်းနာမည်ဖြစ်ပြီး အိမ်ခေါ်နာမည်လေးကတော့ Billion ပါ။သူဟာ ၀ါရင့်သရုပ်ဆောင် အန်တီချိုပြုံးရဲ့ ဆဋ္ဌမမြောက် မြေးလေးဖြစ်ပြီး အန်တီချိုရဲ့ အနုပညာအမွေကို ဆက်ခံဖို့ လက်ဆင့်ကမ်းခြင်းခံရတဲ့ မြေးလေးလဲဖြစ်ပါတယ်။ သူဟာ ဂီတနဲ့ ပတ်သတ်ပြီး အတီးပိုင်းမှာ ကျွမ်းကျင်ပေမယ့် အဆိုပိုင်းမှာတော့ အသံကို ပရိသတ်တွေလက်ခံဖို့ ကြိုးစားရဦးမယ် လို့သိရပါတယ်။ အန်တီချို ပြုံးကတော့ သူ့မြေလေးကို သူ့လိုဘဲ အဆိုတော်ပိုင်းကနေမှ သရုပ်ဆောင်ပိုင်းကို သွားချင်ပါတယ်တဲ့၊ လက်ရှိမှာ သူ့ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားသူတွေလဲရှိနေပြီး သရုပ်မဆောင်တက်သေးတာကြောင့် သေချာသင်ကြားပေးနေပါတယ်။


ဝင်းခန့်မိုးကလဲ သူ့ကို ” ကျွန်တော့်ကို ချိုပြုံးရဲ့ ပြေးဆိုပြီး အရမ်းကြီးကောင်းမှာဘဲလို့ မထင်ထားပါနဲ့တဲ့၊ ကျွန်တော် ဘာမှမတက်သေးပါဘူး၊ သရုပ်လဲမဆောင်တက်သေးပါဘူး၊ အစမ်းသက်သက်ကြီး ၀င်လာခဲ့တာပါ ၊ကျွန်တော့ကိုဝေဖန်ပါ၊ သင်ပေးပါ၊ အားပေးကြပါဦး ” ဆိုပြီးလဲ ပြောပြခဲ့ပါသေးတယ်။

ဝင်းခန့်မိုးကို ချစ်တဲ့ ပရိသတ်ကြီးအရေ သူလေးဘာတွေကျွမ်းကျင်တယ်ဆိုတာကို ပရိသတ်တွေသိအောင် မျှဝေပေးလိုက်ကြပါဦးနော်။ ချစ်ရပါသော မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်။

KKK(momolay)