အန်တီဆွေဇင်ထိုက်ရဲ့ စကားကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်

0
84

ယခုရက်ပိုင်းမှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာခရစ္စတီးနားရဲ့ မုဒြာခေါ်သံ ဇာတ်ကားဟာ ပရိသတ်တွေကြားထဲမှာ ပွဲမဝင်ခင်တည်းက ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ ပထမဖန်တီးမှုတစ်ခုကိုချပြထားခဲ့တဲ့ Deception ရုပ်ရှင်ကားဟာလည်း ပရိသတ်အားပေးမှု အတိုင်းအတာကိုလွန်ပြီးရရှိခဲ့တာကြောင့် မုဒြာခေါ်သံမှာလည်း အောင်မြင်မှုတွေရရှိလာဦးမလားဆိုတာကတော့ ရုံတင်ပြီးရင် ပရိသတ်တွေသိရတော့မှာပါ။

မုဒြာခေါ်သံကားနဲ့ပတ်သက်ပြီးတော့လည်း အွန်လိုင်းပေါ်မှာ ဝေဖန်မှုအမျိုးမျိုးရှိနေခဲ့ကြရာမှ မုဒြာခေါ်သံ ရုပ်ရှင်ကားကို Press Show ပြသချိန်တွင် အန်တီဆွေဇင်ထိုက်ကို 5 Plus ရုပ်သံလိုင်းမှ အင်တာဗျူးထားခဲ့တာလည်းဖြစ်ပါတယ်။ ထိုအင်တာဗျူးမှ အန်တီဆွေဇင်ထိုက်ပြောဆိုခဲ့သော စကားအချို့ကိုလည်း ယနေ့ လူမှုကွန်ယက်ဖေ့ဘုတ်ပေါ်မှာ အမျိုးမျိုးဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူသျှင်ကတော့ သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ ယခုလို ရေးသားလိုက်ပါတယ်။

သို့/
အန်တီဆွေဇင်ထိုက်

အမျိုးသမီးဒါရိုက်တာတစ်ယောက်အနေနဲ့
ဒါရိုက်တာ – ခရစ္စတီးနားခီ ရဲ့အနုပညာကိုချီးကျူး
သလို၊ရုပ်ရှင်လောကအတွက် ထူးချွန်တဲ့အမျိုးသမီး
ဒါရိုက်တာတစ်ယောက်ပေါ်ထွက်လာတာကိုလည်း
ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

ဒါပေမယ့် အန်တီ့အနေ နဲ့ လူတစ်ယောက်ရဲ့
အရည်အချင်းကိုချီးကျူးတဲ့အခါ ကိုယ့်ကိုအနုပညာ
သမားတစ်ယောက်အဖြစ်မွေးဖွားပေးလိုက်တဲ့
ကိုယ့်ရဲ့ကျေးဇူးရှင်ဆရာသမားတွေ အဆက်ဆက်
ရပ်တည်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကကိုတော့
ခုလိုနှိမ့်ချပြီး မပြောသင့်ပါဘူး။

မြန်မာ့ရုပ်ရှင်ဟာ တချိန်က ဘောလီးဝုဒ် ရဲ့
အထက်မှာရှိပြီး ဟောလီးဝုဒ် နဲ့ချိတ်ဆက်ခဲ့တဲ့
အထိ ကြီးကျယ်ခဲ့ပါတယ်။ ဆိုရှယ်လစ်စနစ်
အောက်မှာ ပြည်သူပိုင်အသိမ်းခံလိုက်ရလို့
ရုပ်ရှင်လောကကမ္ဘာအဆင့်ကနေနိမ့်ကျလာ
တာအန်တီလဲ သိမှာပါ။

ကျွန်မတို့ကိုယ်တိုင် လဲသင်ဆရာ၊မြင်ဆရာ
ကြားဆရာ(အန်တီပြောတဲ့ရွာဆရာ) အဆင့်တွေ
နဲ့ မြန်မာ့ရုပ်ရှင်လောကမှာရပ်တည်လာတာပါ။
အန်တီ လည်း မြန်မာပြည်ကဒါရိုက်တွေရိုက်ပေး
ခဲ့လို့ မင်းသမီးအနေနဲ့ အကယ်ဒမီရခဲ့တာပါ။
အန်တီ . . .
အန်တီခုပြောတဲ့စကားတွေကို . . .
“ဘဘဘိုကလေးတင့်အောင်” မကြားပါစေ
နဲ့လို့ဆုတောင်းရင်း. . . .

ဒါရိုက်တာ – ကြည်ဖြူသျှင်
၁၄-၃-၂၀၁၈

ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဖြစ်နေချိန်မှာ ဒါရိုက်တာကြည်ဖြူသျှင်ရဲ့ ဖေ့ဘုတ်အကောင့်ကိုလည်း သုံးစွဲသူများက Report လုပ်ခြင်းတွေရှိခဲ့ကြပါတယ်။

Source-Lay Kyi Phyu Facebook