“အောက်ခြေတရားရုံးတွေမှာ စုတ်ပြတ်သတ်နေတာပဲ” လို့ ပြောလိုက်တဲ့ အဆိုတော် တသသ

နာမည်ကျော် မြန်မာသံအဆိုတော်တစ်ယောက်ဖြစ်တဲ့ တသသရဲ့ မြန်မာ့တရားစီရင်ရေးအပေါ် တရားရုံးများအပေါ် ဝေဖန်ထားတဲ့ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ ပြန်နှံ့ လူသိများခဲ့ပါတယ်။ မနေ့ မတ်လ ၁၆ ရက်နေ့က စဥ့်ကူးမြို့နယ် တရားရုံးရှေ့မှာ တရားစီရင်ရေး မမျှတကြောင်း တသသက ဖေ့စ်ဘွက်တိုက်ရိုက် ဗွီဒီယိုဖိုင်တစ်ခု လွှင့်ခဲ့ပါတယ်။

သူမကိုယ်တိုင်ရဲ့ အကောင့်က ဗွီဒီယိုဖိုင်ကို ကြည့်ရှုသူ ၃သိန်းခန့်ရှိခဲ့ပြီး ပြန်လည်မျှဝေသူ ၁သောင်း ၆ ထောင်ကျော်ရှိပါတယ်။ ယင်းဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွက်မှာ ပြန့်နှံ့ခဲ့ပြီး ပြန်လည်တင်ကြသူတွေကြောင့် ကြည့်သူ သန်းနဲ့ချြီ့ပီး ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုတော်တသသဟာ သူမရဲ့ ရိုးသားစွာရှိဖွေထားသော ပစ္စည်းဥစ္စာများကို ရဲတပ်ဖွဲ့ဝင်အချို့က မတရားသိမ်းဆည်းရယူထားကြောင်း တသသက မျက်ရည်ကျသည်အထိ ရင်ဖွင့်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တရားစီရင်ရေးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ကြွေးကျော်ထားသည့် တရားဥပဒေစိုးမိုးရေး ဆိုတဲ့ ဦးတည်ချက် ရည်မှန်းချက်ကို စိန်ခေါ်နေတာ ဖြစ်ပါတယ်။ တရားရုံးများရှေ့တွင် ဖေ့စ်ဘွက်တိုက်ရိုက်လွှင့်ပြီး တရားရုံးများက မျှတမှုမရှိကြောင့် ပြောဆိုဝေဖန်သည့် ဗွီဒီယိုဖိုင်များ လူမှုကွန်ယက်မှာ များစွာ ပြန့်လာနေကြပါတယ်။


အဆိုတော်တသသက အောင်မြင်တဲ့ ကိုယ်ပိုင်သံစဉ်အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိတ်သတ်အားပေးမှုလည်း အခိုင်အမာရရှိထားပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ဘဝက ယခင်ကလည်း ကြမ်းတမ်းခဲ့ပြီး ယခုလည်း ဒုက္ခများစွာနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

%d bloggers like this: