တက်တူးတွေ မထိုးကြပါနဲ့လို့ စေတနာနဲ့ တောင်းပန်လိုက်တဲ့ အောင်လအန်ဆန်

0
60

မြန်မာ့ဖိုက်တာ အောင်လအန်ဆန်တစ်ယောက်ကတော့ သူ့ရဲ့ရုပ်ပုံ တက်တူးတွေ မထိုးကြပါနဲ့လို့ ချစ်တဲ့ပရိတ်သတ်ကို တောင်းပန်စကားဆိုလိုက်ပါတယ်။ အောင်လန်ဆန်စပါးအုံးမြွေတစ်ကောင် သိုင်းလျက် တက်တူးထိုးထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွက်ပေါ်ရောက်လာပြီးမှာ အောင်လအန်ဆန်က ခုလိုပဲ တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၁၇ ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီလိုတက်တူးမျိုးတွေ မထိုးကြပါနဲ့ ကျွန်တော့်မျက်နှာက ပရိတ်သတ်တွေရဲ့ ခန္ဓာကိုယ်မှာ အမြဲတမ်းကြီး စွဲထင်နေလိမ့်မယ်လို့ ရိုးရိုးရှင်းရှင်း ပြောလိုက်တာ ဖြစ်ပါတယ်။ အောင်လအန်ဆန်က မြန်မာတစ်နိုင်ငံလုံးက ချစ်ခင်လေးစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်လာပြီး ကြော်ငြာတွေလည်း မကြာခဏ ရိုက်ကူးနေရသူဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက် ဖိုက်တင်ပွဲမှာ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒာ မာချာဒိုကို အလဲထိုးအနိုင်ယူခဲ့ပြီး ဝိတ်တန်းနှစ်ခု ခါးပတ်များ ပိုင်ဆိုင်လာတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲ ဇွန်လခန့်မှာလည်း သူ့ရဲ့ ခါးပတ်လုစိန်ခေါ်ပွဲတစ်ပွဲ ရန်ကုန်မှာ ထိုးသတ်သွားဖို့ရှိတယ်လို့ မကြာသေးခင်က သတင်းတစ်ပုဒ်အရ သိရပါတယ်။