ဘဝရဲ့ အလင်းရောင်တွေကိုပြသခဲ့တဲ့ လင်းလင်း

0
50

ပရိသတ်အချစ်တော် အဆိုတော်လင်းလင်းကို အားလုံးသိမယ်ထင်ပါတယ်။ လက်ရှိပရိသတ်များနှင့်အတူ အနုပညာရှင်တွေကလည်း ချစ်နေကြတဲ့ ခေတ်နဲ့သစ်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ လင်းလင်းကတော့ လက်တလော ရိုးပွဲတွေနဲ့ တီဗီအစီအစဉ်အချို့မှာ ပါဝင်နေသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

အဆိုတော်လင်းလင်းကတော့ လက်ရှိ သူ့ရဲ့အနုပညာပွဲတွေကြောင့် ခရီးတွေမကြာခနထွက်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါခရီးတွေ ထွက်ချိန်မှာ လွမ်းရဆုံးနဲ့ သတိအရဆုံးသူတွေကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။ မိသားစုကို အလွန်ချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမိသားစုဘဝလေးကို ခုံမင်နေသူတစ်ယောက်လည်း ဖြစ်သောကြောင့် သမီးလေး နှစ်ယောက်ကို အမြဲလွမ်းဆွတ်နေကြောင်း ပြောပြထားတာပဲဖြစ်ပါတယ်။

ပျော်ရွှင်မှုတွေပေါင်းစုံးနေပြီး ပရိသတ်များတင်မက အနုပညာရှင်တိုင်းကပါ အားကျနေရဲ့တဲ့ လင်းလင်းနှင့်ချစ်သုဝေတဲ့ မိသားစုလေးကတော့ ပျော်ရွှင်စရာတကယ်ကောင်းပါတယ်။ ချစ်ပရိသတ်များ ကို လင်းလင်းရဲ့ချစ်သမီးလေးတွေနဲ့အတူ မိတ်ဆက်ပေးလိုက်တယ်နော်။

Source – Lin Lin

Credit – Myanmarload