တစ်ကိုယ်တော်အခွေသစ်က ထူးခြားမယ်ဆိုတဲ့ ရဲလေး

0
41

ရဲလေးတစ်ယောက် ၂၀၁၈ ထဲမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရော၊ သီချင်းအသစ်တွေရော ဖန်တီးနေပြီလို့သိရပါတယ်။ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရှိသလို တစ်ကိုယ်တော်အခွေသစ်လေးကို ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်အောင် ဖန်တီး နေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

” ၂၀၁၈ ခုနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေရုံတင်ဖို့ရှိတယ်၊ ဇာတ်ကားတွေရိုက်တယ်၊ သီချင်းအသစ်တွေအတွက် အသံသွင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲမှာ သီချင်းအခွေအသစ်ထွက်မယ်လေ မထွက်ခင်ကာလမှာလည်း ကျွန်တော်တို့ Page ကနေပြီးတော့ အခွေထဲမှာပါမယ့် သီချင်းလေးတွေကို တစ်ပုဒ်ချင်းစီ တင်ဆက်သွားပါမယ်၊ MTV အသစ်လေးတွေရောပေါ့” လို့ဆိုပါတယ်။

X-Box နဲ့ရဲလေး တွဲဆိုထားတဲ့ သူ့အနား သီချင်းလေးရဲ့ အောင်မြင်မှုကိုလည်း ဝမ်းသာတယ်လို့ဆိုပါတယ်။

” X-Box နဲ့ ကျွန်တော်နဲ့ အတွဲဆိုထားတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေက ကြိုက်ကြတယ်။ FM တွေကလည်း လွှင့်တယ်၊ ကြည့်ရှုသူ ၁၀ သိန်းကျော်သွားတဲ့အထိကြည့်ကြတဲ့အတွက် ဝမ်းသာပါတယ်။ ဒီသီချင်းလေးကို စင်မြှင့်ဖျော်ဖြေပွဲတွေမှာလည်း သီဆိုဖို့အစီအစဉ်ရှိပါတယ်။ နောက်ထပ်သီချင်းအသစ်တွေလည်း ထပ်လာဦးမယ် ပရိသတ်တွေမျှော်လင့်မထားတဲ့ Featuring အသစ်တွေလည်းပါမယ်။ ကျွန်တော့်ရဲ့ အခွေအသစ်ကတော့ ထူးခြားတယ်” လို့ သူကဆိုပါတယ်။

ရဲလေးကတော့ အခုလက်ရှိမှာ YLJK Entertainment ကို ညီဖြစ်သူ ဂျိုကာနဲ့ အတူတွဲပြီး ဦးစီးဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးဖြစ်သလို သီချင်းတွေလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုဖြစ်နေပါတယ်။

Credit – Duwun