မုဒြာခေါ်သံတွင် မိမိဇာတ်ဝင်ခန်းဖြတ်ချခံရခြင်းအပေါ်များစွာစိတ်မကောင်းဖြစ်မိကြောင်း ‌သရုပ်‌‌ဆောင်‌ မာရီကိုးလ်‌ ဆို

0
400

နာဂတိုင်းရင်းသူ တစ်‌ဦးဖြစ်‌သူ ‌မော်‌ဒယ်‌ သရုပ်‌‌ဆောင်‌ မာရီကိုးလ်‌သည်‌ “မုဒြာရဲ့ ‌ခေါ်သံ” ရုပ်‌ရှင်‌ဇာတ်‌ကားထဲတွင်‌ ‌မူး‌မေ့သွားသည်‌အထိ သရုပ်‌‌ဆောင်‌ခဲ့ရ‌‌သော်‌လည်း ထိုဇာတ်‌ဝင်‌ခန်းကို အသုံးမပြုဘဲ ဖြတ်‌ပစ်‌လိုက်‌၍ များစွာ စိတ်‌မ‌ကောင်း ဖြစ်‌ရ‌ကြောင်း ‌ပြောကြားသည်‌။

‌မော်‌ဒယ်‌ သရုပ်‌‌ဆောင်‌ မာရီကိုးလ်‌သည်‌ အဆိုပါ ဇာတ်‌ကားတွင် မင်းသား၏ ငယ်‌ဘဝအ‌မေအဖြစ်‌ သရုပ်‌‌ဆောင်‌ထားပြီး တစ်‌ရွာလုံး ပုလိပ်‌‌ရောဂါ ခံစား‌နေနချိန်‌တွင်‌ ဆရာဝန်‌ဆီ ‌ပြေးလာပြီး သရုပ်‌‌ဆောင်‌ထား‌‌သော ဇာတ်‌ဝင်‌ခန်းသည်‌ လူကို ‌မူး‌မေ့ပစ်‌လဲကျသွားရသည်‌အထိ စိတ်‌နစ်‌၍ သရုပ်‌‌ဆောင်‌ခဲ့ရ‌ကြောင်း ‌ပြောကြားသည်‌။

သို့‌သော်‌ တကယ်‌တမ်း တည်းဖြတ်‌ရာတွင်‌‌တော့ ထိုဇာတ်‌ဝင်‌ခန်းကို မထည့်‌ထားခြင်းအတွက်‌ များစွာ စိတ်‌မ‌ကောင်း ဖြစ်‌‌ရ‌ကြောင်း၊ ‌ပျော်‌လည်း မ‌ပျော်‌ရွှင်‌‌ကြောင်း ‌ပြော‌‌ကြားသည်‌။

သို့‌သော်‌လည်း ဒါရိုက်‌တာ ခရစ်‌(စ်‌)ခီ၏ ဒါရိုက်‌တာပညာနှင့်‌ ပတ်‌သက်‌၍ အရမ်း‌တော်‌‌သော ဒါရိုက်‌တာ တစ်‌ဦးဖြစ်‌‌ကြောင်း၊ မိမိနှင့်‌ ကိုနိုင်‌နိုင်းတို့ တွဲဖက်‌ရိုက်‌ကူးထာ‌သော ထုတ်‌‌ဝေဖြန့်‌ချိခြင်း မရှိ‌သေးသည့်‌ “The Chat Room ” ဗီဒီယို ဇာတ်‌ကားတွင်‌လည်း ဒါရိုက်‌တာ ခရစစ်‌(စ)တီးခီနှင့်‌ တွဲဖက်‌ရိုက်‌ကူးဖြစ်‌‌ကြောင်း၊ ဆံပင်‌၊ မိတ်‌ကပ်‌၊ အဝတ်‌အစား ကြိုတင်‌ပြင်‌ဆင်‌စရာမလိုဘဲ သရုပ်‌‌ဆောင်‌ပိုင်းကိုသာ ပြင်‌ဆင်‌ရသည်‌ ဖြစ်‌၍ သ‌ဘောကျမိ‌ကြောင်း ‌မော်‌ဒယ်‌ သရုပ်‌‌ဆောင်‌ မာရီကိုးလ်‌မှ ‌ပြောကြားသည်‌။

နာဂတိုင်းရင်းသူ ‌မော်‌ဒယ်‌သရုပ်‌‌ဆောင်‌ မာရီကိုးလ်‌သည်‌ နာဂ‌ဒေသ ကျန်းမာ‌ရေသံတမန်‌ တစ်‌ဦးအဖြစ်‌ နာဂ‌ဒေသများသို့ သွား‌ရောက်‌ကာ နာဂ‌ဒေသ ဖွံ့ဖြိုးတိုးတက်‌‌ရေးအတွက်‌ စွမ်းစွမ်းတမံ ပါဝင်‌ကူညီခဲ့‌ခြင်း‌ကြောင့်‌ စစ်‌ကိုင်းတိုင်း ‌ဒေသကြီး လွှတ်‌‌တော်‌နှင့်‌ Women Can Do It (WCDI) အဖွဲ့တို့ အပြည်‌ပြည်‌ဆိုင်‌ရာ အမျိုးသမီးများ‌နေ့အတွက်‌ ပူး‌ပေါင်းချီးမြှင့်‌‌သည့်‌ အမျိုးသမီး စွမ်း‌ဆောင်‌ရည်‌ဆုကို ယခုနှစ်‌အတွင်း ဆုရရှိသွားခဲ့ခြင်း ဖြစ်‌သည်‌။ ‌

မော်‌ဒယ်‌ သရုပ်‌‌ဆောင်‌ မာရီကိုးလ်‌သည်‌ “‌အေဒင်‌ရဲ့ နတ်‌သမီး” ရုပ်‌ရှင်‌ဇာတ်‌ကားထဲတွင်‌ စိုင်းစိုင်းခမ်းလှိုင်‌၊ ပိုင်‌ဖြိုးသုနှင့်‌အတူ တွဲဖက်‌သရုပ်‌‌ဆောင်‌ခဲ့ဖူးပြီး အဆို‌တော်‌တစ်‌ဦးအဖြစ်‌ ‌တေးအယ်‌လ်‌ဘမ်‌သစ်‌ ထွက်‌ရှိနိုင်‌ရန်‌ ကြိုးစားပြင်‌ဆင်‌လျက်‌ရှိ‌ကြောင်းလည်း သိရှိရသည်‌။