အညာကိုရောက်နေတဲ့ ပုံလေးတွေတင်လိုက်တဲ့ အကယ်ဒမီ သက်မွန်မြင့်

0
87

သရုပ်ဆောင် သက်မွန်မြင့်တစ်ယောက်ကတော့ ပုပ္ပါး အညာဒေသကိုရောက်နေတဲ့ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။ ဒီပုံလေးတွေကို သူမရဲ့ ဖေ့စ်ဘွက်မှာ ဒီနေ့မှာပဲ တင်လိုက်တာဖြစ်ပြီး ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ပုံတွေးကို ပရိတ်သတ်တွေက နာရီဝက်မပြည့်ခင်မှာပဲ လိုက် ၁သောင်းလောက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပုပ္ပါးရှုခင်းအလှ လို့ရေးပြီး ရွာတစ်ရွာထဲမှာ ရိုက်ထားတဲ့ပုံလေးတွေ တင်လိုက်တာပဲဖြစ်ပါတယ်။ ခရမ်းရောင် မြန်မာတောဖက်ရှင်ဝမ်းဆက်လေးနဲ့ သနပ်ခါးပါးကွက်ကြားလေးလိမ်းထားတာဖြစ်ပါတယ်။ ရွာထဲက ကလေးလူကြီးပရိတ်သတ်တွေနဲ့လည်း ပြုံးပြုံးရွှင်ရွှင် တွေ့ဆုံခဲ့တဲ့ သက်မွန်မြင့်တစ်ယောက် ဇာတ်ကားရိုက်ရင်းနဲ့ ပုပ္ပါးကိုရောက်နေတာဖြစ်ပါတယ်။

ပရိတ်သတ် ဝေဖန်ခံရမှုနည်းပြီး အိမ်ထောင်ကျသည်အထိ အားပေးချစ်ခင်မှုတွေ ခံနေရဆဲဖြစ်တဲ့ သက်မွန်မြင့်က ခုဆိုရင် သားသမီး နှစ်ယောက်ရှိနေပေမယ့်လည်း အနုပညာအလုပ်တွေတော့ အားထုတ်ကြိုးစားနေဆဲဖြစ်ပါတယ်။ သက်မွန်မြင့်က ၂၀၁၂ ခုနှစ်က “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ဇာတ်ကားဖြင့် ဇာတ်ဆောင်ဆု နှင့် ၂၀၁၆ ခုနှစ်က “ချစ်လှစွာသောအမုန်း” ဇာတ်ကားဖြင့် ဇာတ်ဆောင်ဆုတို့ကို ရရှိထားသူ ထပ်ဆင့်အကယ်ဒမီ မင်းသမီးတစ်ဦးဖြစ်သည်။ နောင်ကိုလည်း အကယ်ဒမီဆုတွေ ရရှိသွားဖို့ အလားအလာများစွာ ရှိသူ ဖြစ်သည်။