ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင်ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး

ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ။ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။ ၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ သူမဟာ ဘယ်လောက်ပဲ … Continue reading "ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင်ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး"

Read More

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့် အဖူးအမြော်မခံတော့တာလဲ ? ယခု ဘယ်မှာသီတင်းသုံးနေတာလဲ သိချင်သူများအတွက်

အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ကသာခရိုင်​၊ဗန်း​မောက်​မြို့နယ်​ ရွှေနှစ်တောရ၊ရွှေရတနာကျောင်းတွင် အဓိဌာန်လမ်း ပါရမီအကျင့်စခမ်းဖြင့် ဗောဓိအောင်နန်း မြန်းရာလမ်းသို့ ဖြောင့်တန်းစွာ ကျင့်သုံးနေထိုင်တော်မူပါသည်။ ဆရာတော်ဘုရားကြီး၏ ……….. သာဝက အသစ်/အဟောင်း ဝေနေယျအပေါင်းတို့မှ သူတော်ကောင်းများပီပီ မိမိတို့အကျင့်ဖြင့် ပါရမီဖြည့် ကုသိုလ်ယူနိုင်ကြပါစေ….. ဆရာတော်ဘုရားကြီး …… အဖူးတွေ့မခံပါ။ အဓိဌာန်(၃)နှစ် စတင် ဝင်ပါပြီ။ ဆွမ်းခံခြင်း မပြုတော့ပါ။ လူရှုပ် လာဘ်ပေါ ကျော်ဇော ခြွေရံ ဤလေးတန် အမှန်မနေသင့်။ သာသနာမှီ၍ စီးပွါးရှာပါက ဤနေရာ ငါမနေ။ ဌာနေသံဃာ ငြို ငြင်ပါက ဤနေရာ ငါမနေ။ ငါမနေ သုံးချက် တစ်ချက် ချက်ငြိပါက ဤနေရာမှ ဖယ်ခွာကြွချိတော်မူပါမည်။ သက်တော်ကြီးရင့်တော် မူသော ဆရာတော်ဘုရားကြီးအား ပါရမီ အကျင့်စခမ်းသို့သွားလမ်းသာစေရန် ပါရမီဖြည့်ဝိုင်းဝန်း စောင့်ရှောက်ကြပါရန် … Continue reading "မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့် အဖူးအမြော်မခံတော့တာလဲ ? ယခု ဘယ်မှာသီတင်းသုံးနေတာလဲ သိချင်သူများအတွက်"

Read More

တစ်စုံတည်းသာရှိတဲ့ကျောင်းဝတ်စုံကိုဝတ်ပြီး ရေစိုရင်အကြော်ဖိုမှာသွားကင်ခဲ့ရတဲ့ဘဝကနေ ခေတ်သစ်ဝေဿန္တရာ သူဋ္ဌေးကြီးဖြစ်လာသူ

ခေတ်သစ်ဝေဿသ၁န္တရာသူဋ္ဌေး ဦးစိုးတင့်(စိုးလျှပ်စစ်)အ​ကြောင်း တစ်စုံတည်းသာရှိတဲ့ကျောင်းဝတ်စုံကိုဝတ်ပြီး ရေစိုရင်အကြော်ဖိုမှာသွားကင်ရသူ သူများအိမ်မှာကပ်နေပြီး အိမ်ရှင်ကျေနပ်အောင်ရေစည်လှည်းတွန်းခဲ့ရသူ (18. 5 .2016)နေ့က ဆိုက်ကားဆရာ ၅၀အတွက်သိန်း၅၀လှူ ဒါန်းပြီးနောက်ညနေပိုင်းမှာ မိုးပြေးလေးများဖြင့် အလှူဒါနကိုရေစက်ချလိုက်၏။ (19.5.2016) နေ့မှာ ထပ်မံပြီး ဆိုက်ကားဆရာ ၆၃၀ ကျော်အတွက် တစ်ယောက်တစ်သိန်း.ကိုယ်ထိလက်ရောက်လှူဒါန်းပြီးသည်နှင့်ပျဉ်းမနားတမြို့လုံး ငရဲပြည်မှဆွဲထုတ်သွားသလို ချက်ချင်းအေးစိမ့်သွားတဲ့အရသာအောက်မှာ ကျွန်တော်အပါအဝင် ဆိုက်ကားဆရာများလဲညစာဟင်းကောင်းတစ်ခွက်နဲ့အတူ သူ့အကြောင်းတွေးနေကြမှာ မလွဲပါ ။ ပျဉ်းမနားမြီု့ရှောင်လမ်းမကြီးဘေး အောင်းကုန်း ရွာကလေးမှာ ဦးဘိုးကြွယ်&ဒေါ်အမာ မိဘနှစ်ပါးမှမွေးခဲ့ပြီး မွေးချင်း၃ယောက်အနက် အငယ်ဆုံးသား ။ အမေကလဲဆုံး ..အဖေကလည်းကျန်းမာရေးမကောင်း ,အစ်မကြီးကလဲ အိမ်ထောင်ပြု အစ်ကိုကလဲအဝေးရောက် ။ စာသင်ချင်လွန်းလှတဲ့ဦးစိုးတင့် အ.ထ.က (၂)သို့ကျောင်းတက်ဖို့ ရောက်လာတော့ ဝတ်စုံတစုံသာပါလာသည်။ သူများအိမ်ကနေ ကျောင်းတက်ရသည်မို့ အိမ်ရှင်ကျေနပ်ဖို့ရေခပ်ရသည်။ ရေစည်လှည်းသမားနဲ့အတူနောက်ကနေ ကူတွန်းရသည်။ မိုးရွာလျှင်တစုံတည်းရှိကျောင်းဝတ်စုံကို အကြော်ဖိုသို့သွားပြီး မီးကင်ရသည်။ စာကျက်ရင်လမ်း … Continue reading "တစ်စုံတည်းသာရှိတဲ့ကျောင်းဝတ်စုံကိုဝတ်ပြီး ရေစိုရင်အကြော်ဖိုမှာသွားကင်ခဲ့ရတဲ့ဘဝကနေ ခေတ်သစ်ဝေဿန္တရာ သူဋ္ဌေးကြီးဖြစ်လာသူ"

Read More

သင့်ကို ဆင်းရဲစေမယ့် အချက် (၇) ချက် ဒီအချက်တွေကိုပြင်နိုင်ရင် သင် ဘယ်တော့မှ မဆင်းရဲတော့ဘူး

ဆင်းရဲမယ့်အချက် (၇) ချက် (၁) မစဉ်းစားပဲသုံးတယ် ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ် “လိုအပ်တာ” နဲ့ “လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ် ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ် (၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ / credit အကြွေး / ကဒ်တစ်ခုခုအကြွေး / အပြင်က အကြွေး / အရစ်ကျပေးချေခြင်းအကြွေး / စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ /ဒီတော့ ဒီအချက်တွေ က … Continue reading "သင့်ကို ဆင်းရဲစေမယ့် အချက် (၇) ချက် ဒီအချက်တွေကိုပြင်နိုင်ရင် သင် ဘယ်တော့မှ မဆင်းရဲတော့ဘူး"

Read More

ဥာဏ်လည်းကောင်း၊ ပညာလည်းတတ်၊ မောက်မာပြီး အိမ်ထောင် ၂ ဆက်ရှိခဲ့တဲ့ မိန်းမ ၁ ယောက်ရဲ့ကျေနပ်သွားတဲ့ သေနည်း

ဥာဏ်လည်းကောင်း၊ ပညာလည်းတတ်၊ မောက်မာပြီး အိမ်ထောင် ၂ ဆက်ရှိခဲ့တဲ့ မိန်းမ ၁ ယောက်ရဲ့ ကျေနပ်သွားတဲ့ သေနည်း တစ်ခါက..အမျိုးသမီးတစ်ယောက်ဟာဥာဏ်လည်း ကောင်းတယ်ပညာလည်း တော်တော်တတ်တယ်အကျဉ်းပြောရရင်သူ့မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့တယ် အိမ်ထောင်ကို ပိုက်ဆံကြည့်ပြီး ပြုခဲ့တော့ အဲဒီအိမ်ထောင် နှစ်ဆက်လုံးဟာ ကွဲသွားခဲ့တယ်..သားသမီးတွေလည်း ရှိခဲ့ပေမယ့်တစ်ယောက်နဲ့မှ မတည့်ဘူးမောင်နှမတွေ ရှိတာလည်း ဘယ်သူနဲ့မှအဆင်မပြေခဲ့ဘူး..သူ့လောက် မလည်တဲ့မောင်တွေ ညီမတွေ အကုန်လုံးကိုလိမ်ညာ လှည့်ဖျားပြီး မိဘအမွေတွေကိုသူ့လက်ထဲ အကုန်နီးပါးရအောင် လုပ်ခဲ့တယ် သူဟာ ကုမ္ပဏီလုပ်ငန်းတွေ လုပ်တယ် ပြီးတော့…ချမ်းသာတယ် နောက်တော့…သူ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံတက်ရတဲ့အခါ အစာအိမ်ကင်ဆာတဲ့..ခွဲလိုက်တယ်.. မပျောက်ဘူးအသည်းရောဂါပါ ထပ်ဖြစ်တယ် ဘာမှလည်း လုပ်လို့မရတော့ဘူး ရောဂါရှိနေတဲ့ကြားက မြင်သမျှကိုအော်တယ် ငေါက်တယ် ငွေနဲ့ ဖြေရှင်းစေခိုင်းနေတုန်း..အဲဒီမှာ…ဆွေမျိုးမကင်းတဲ့ ဆရာဝန်မလေးရယ် သူ့အတွက် ငှားပေးတဲ့ စပါယ်ရှယ်နပ်စ်မလေးရယ် ပြုစုကြတယ်..တစ်ခုရှိတာက … Continue reading "ဥာဏ်လည်းကောင်း၊ ပညာလည်းတတ်၊ မောက်မာပြီး အိမ်ထောင် ၂ ဆက်ရှိခဲ့တဲ့ မိန်းမ ၁ ယောက်ရဲ့ကျေနပ်သွားတဲ့ သေနည်း"

Read More

အိမ်တွေ ကားတွေ အသုံးအဆောင်ပစ္စည်းတွေ အရစ်ကျဝယ်ချင်သူများအတွက် သတိထားစရာလေး

အရကျစ်တဲ့အရစ်ကျ ပြောချင်လွန်းလို့ပြောရဦးမယ်။ အကြွေးရရင် ဆင်တောင်သက်စေ့ယူမတဲ့။ မြန်မာတွေပြောနေကြစကား။ အခုခေတ် ဆင်တွေကလူတိုင်းအသုံးမပြုတော့ပေမယ့် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေကတော့ ရှိနေသေးတယ်။ အဲ့ဒါတွေကတော့ နေစရာအိမ်နဲ့ စီးစရာကားပေါ့။ ခုခေတ်က တိုးတက်လာပြီ။ ပိုက်ဆံစုပြီး အိမ်ဝယ်မယ်။ ကားဝယ်မယ်ဆိုတာတွေနားထားတော့။ ဒါတွေကို အကြွေးစနစ်နဲ့ဝယ်နိုင်နေပြီ။ အိမ်တွေ၊ ကားတွေ ဝယ်ပြီးမှပဲ ပိုက်ဆံစုပြီးအရစ်ကျပြန်ပေးရုံခေတ်ဖြစ်နေပြီ။အရစ်ကျတဲ့။ ခေါ်လို့လည်းကောင်းသလို စနစ်ကလေးကလည်း သဘောကျစရာ။ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ လစဉ် ဖြည်းဖြည်းချင်းပေးသွားရုံနဲ့ အိမ်ပိုင် ကားပိုင်ဖြစ်နိုင်ပြီတဲ့။ ဒေါ်သီရိတို့စိတ်ဝင်စားပြီလေ။ အဲ့ဒါနဲ့ မနေ့ကဘဏ်သွားပြီး ဆွေးနွေးဖြစ်တယ်။ ဒေါ်သီရိလိုချင်နေတဲ့ အဆောက်အဦးက သိန်း ၄၅၀၀ တန် အဆောက်အဦး။ အဲ့အတွက် ကနဦးသွင်းငွေ ၂၀ ရာခိုင်နှုန်း သွင်းရမယ်ဆိုတော့ သိန်း ၉၀၀။ ok ရတယ်ပေါ့။ ဒါနဲ့ပဲဆက်တွက်ကြတယ်။ ၄၅၀၀ မှာ ၉၀၀ … Continue reading "အိမ်တွေ ကားတွေ အသုံးအဆောင်ပစ္စည်းတွေ အရစ်ကျဝယ်ချင်သူများအတွက် သတိထားစရာလေး"

Read More

သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအားနှင့် စီးပွားရေးလာဘ်လာဘပွင့်လာအောင် ရွတ်ဖတ်ပူဇော်နည်း

သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအား နှင့် စီးပွားရေး လာဘ် လာဘ ပွင့် လာ အောင်ရွတ် ဖတ် ပူ ဇော် နည်း 🙏🙏🙏🙏🙏🙏🙏 နံနက် အရုဏ်တက်ချိန် ၅ နာရီ မှ နံနက် (၉)တွင် သမ္ဗုဒ္ဓေ ဂါထာတော်ကြီး အား ရွတ်ဖတ်ရပါမည် ။ ရွတ်ဖတ်မည့် ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက်သန့်ရှင်းခြင်း ခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသောအဝတ်စားကိုဝတ်ဆင်ခြင်း ရဟန်းမှန်သမျှ ဒေသနာကြားခြင်း ကိစ္စ ကိုဆောင်ရွက်ရပါမည် ။ ၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့အားရည်စူး၍ ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင် ၉တိုင်ထွန်း အမွှေးတိုင် ၉ … Continue reading "သမ္ဗုဒ္ဓေ ဂါထာတော်ကြီးအား ဂါထာစွမ်းအားနှင့် စီးပွားရေးလာဘ်လာဘပွင့်လာအောင် ရွတ်ဖတ်ပူဇော်နည်း"

Read More

အမြန်လမ်း အဝေးပြေးလမ်းမတွေပေါ်မှာ ရုတ်တရက် တာယာပွင့်ခဲ့လျှင် ဦးစွာ ဆောင်ရွက်ရန် (၆) ချက်

အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။ ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။ ၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။ တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ … Continue reading "အမြန်လမ်း အဝေးပြေးလမ်းမတွေပေါ်မှာ ရုတ်တရက် တာယာပွင့်ခဲ့လျှင် ဦးစွာ ဆောင်ရွက်ရန် (၆) ချက်"

Read More

တောင်ဥက္ကလာက ခိုးခြင်းမျိုးစုံကို ကျူးလွန်ခဲ့တဲ့ လူချမ်းသာ မိသားစုရဲ့ အကုသိုလ် အကျိုးပေးပုံ

လွန်ခဲ့သောအနှစ် ၂၀ ခန့်က တောင်ဥက္ကလာပ တွင်လင်မယား နှစ်ယောက်နှင့်သမီး အပျိုကြီး တစ်ယောက် မိသားစု ရှိ၏။ ပစ္စည်းဥစ္စာချမ်းသာ သော်လည်း မလှူရက်မတန်းရက်ပေ။တရားအသိမရှိသလို ကိုယကျင့်တရား လည်းဆင်းရဲ ၏။ မိဘ နှစ်ပါးသည် ဆန် အရောင်းအဝယ်လုပ်ပြီး သမီးက ရွှေဆိုင်တည်ထား၏။ ဆန် ဝယ်သည့်အခါ တစ်ပြည်ပိုဝင်သည့်တင်းတောင်းနှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ တစ်ပြည်လျော့ တင်းတောင်းနှင့်ရောင်း၏။ သမီးဖြစ်သူ ကလည်း ရွှေဝယ်သည့်အခါ ဆီစိမ် ထားသည့် ရွေးစေ့နှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ ဆီမစိမ်သည့်ရွေးစေ့ ဖြင့်ပြန်ရောင်း၏။ သူတို့ မိသားစု သည် အသေးလေးခိုးရာမှစကာလက်ရဲလာပြီး ခြံချင်း ကပ်က သူတစ်ပါးမြေကိုပါခိုးလာ၏။ မိဘခြင်းရင်းနှီး၍ ခြံစည်းရိုး ကာမထားချေ။နောက်တွင်တစ်ဖက်ခြံမှ မိဘ များဆုံး၍ ရိုးသားသည့် မောင်နှမ များသာကျန်၏။ပြောရဲဆိုရဲ လူကြီး မရှိမှန်းသိ၍ သူခိုး … Continue reading "တောင်ဥက္ကလာက ခိုးခြင်းမျိုးစုံကို ကျူးလွန်ခဲ့တဲ့ လူချမ်းသာ မိသားစုရဲ့ အကုသိုလ် အကျိုးပေးပုံ"

Read More

“လက်မှတ်ပေးတာ ဘယ်သူလဲ”

လက်ထပ်ပြီး နောက်နေ့မနက်မှာ အသစ်စက်စက်လင်မယားနှစ်ယောက်ဟာ မိဘတွေ လက်ဖွဲ့တဲ့ တစ်ထပ်တိုက်လေးထဲမှာ လက်ဖွဲ့တွေကို စစ်ဆေးကြည့်နေကြတယ်။ နှစ်ဖက်မိဘတွေဟာ အရမ်းချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့ လက်ဖွဲ့တွေကလည်း အဖိုးတန်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ်။ နောက်ဆုံးလက်ဖွဲ့အထုတ်ကို ဖေါက်လိုက်တယ်။ အထုတ်ထဲမှာ စာအိတ်ဖြူတစ်ခုကို တွေ့ရတယ်။ စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ Live Show ပွဲတစ်ခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ်နှစ်စောင် ဖြစ်နေတယ်။ အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်းဈေးကြီးသလို လက်မှတ်ဝယ်လို့လည်း မရတော့ဘူး။ ဖျော်ဖြေမယ့် အဆိုတော်ဟာ သူတို့နှစ်ယောက်စလုံး အင်မတန်ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ။ သူတို့ နှစ်ယောက်ဟာ လက်မှတ်တွေကို ကြည့်ပြီး အရမ်းဝမ်းသာသွားကြတယ်။ လက်မှတ်တွေနဲ့အတူ ပန်းရောင်စာရွက်ခေါက်လေး တစ်ခုကို တွေ့လို့ ဖြန့်ပြီး ဖတ်ကြည့်လိုက်ကြတယ်။ … Continue reading "“လက်မှတ်ပေးတာ ဘယ်သူလဲ”"

Read More