ခဏခဏ ရန်ဖြစ်တတ်တဲ့ ချစ်သူစုံတွဲတိုင်းအတွက် အကောင်းဆုံး အကြံပြုချက် (၅) ခု

အရမ်းကောင်းတဲ့ အကြံပြုချက်လေးတွေမို့ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် သင်တို့ ချစ်သူနှစ်ဦးအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်ပါတယ်။ ၁။ တစ်ချိန်တည်းမှာ နှစ်ယောက်လုံး ပြိုင်တူ ဒေါသမထွက်ပါနဲ့။ ဒါအရေးကြီးတယ်နော် ။ ဒေါသဆိုတာ ထိန်းရခက်ပါတယ်။ တစ်ယောက် ဒေါသ ထွက်နေရင် ကျန်တစ်ယောက်က ပြန်ထိန်းပေးရပါမယ်။ သူဒေါသထွက်နေလို့ ကိုယ်လဲ သူ့ပုံစံအတိုင်း ပြန်လည်တုံ့ပြန်လိုက်မယ် ဆိုရင်တော့ဖြင့် အခြေအနေတွေ ပိုဆိုးရုံပဲ ရှိမှာပါ။ သူဒေါသထွက်နေချိန်မှာ သေချာနားလည်အောင် ရှင်းပြပေးလိုက်ပါ။ ၂။ မအော်ငေါက်မိပါစေနဲ့။ အရေးပေါ် အကြောင်းအရာ တစ်ခုခု မရှိဘဲ ကိုယ့်ချစ်သူကို လုံးဝ မအော်သင့်ပါဘူး။ တချို့က အော်ငေါက်တတ်တဲ့ အကျင့်ရှိပါတယ်။ တဖြည်းဖြည်းနဲ့ ဒီအကျင့်ဆိုးကြီးကို ပြင်ဆင်သွားသင့်ပါတယ်။ ကိုယ့်ချစ်သူမှာ အော်ငေါက်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင်လည်း နောက်တစ်ခါ မအော်ဖို့ … Continue reading "ခဏခဏ ရန်ဖြစ်တတ်တဲ့ ချစ်သူစုံတွဲတိုင်းအတွက် အကောင်းဆုံး အကြံပြုချက် (၅) ခု"

Read More

မိန်းခလေးတစ်ယောက်ရဲ့ အချစ်ကို နားမလည်တဲ့ ယောက်ျားလေးတွေ ဖတ်ဖို့

မိန်းမ တစ်ယောက်က ယောကျာ်း တစ်ယောက်ကို အမှန်တကယ် ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့ တစ်ဘ၀သာ ဖြတ်သန်းဖို့အတွက် လက်ထပ် လိုက်ကြတာပါ။လက်ထပ် လိုက်တဲ့အခါ သူမ အပျိုဘ၀က ၀တ်ခဲ့တဲ့ ဒေါက်မြင့် ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီး ဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။ မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်း မရှိပဲ အဆီ တ၀င်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ် အလုပ်ရှုပ်ရင်းသူမရဲ့ ယောကျာ်း အိမ်ပြန်လာချိန်ကို ထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေ မိပါလိမ့်မယ်။လက်မထပ်ခင်က အိမ်က မင်းသမီးတစ်ပါးလို ဖူးဖူး မှုတ်ခံခဲ့ရပြီး ဘာမှ မလုပ်တတ်ခဲ့ရင်တောင်သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ် တစ်ယောက်လို ကျိုးနွံစွာ ပြုစုကြပါလိမ့်မယ်။ သူမဟာ ခ၀ါသည် တစ်ယောက် မဟုတ်ပေမဲ့ သူမချစ်တဲ့ ယောကျာ်းရဲ့ အ၀တ်စားကို … Continue reading "မိန်းခလေးတစ်ယောက်ရဲ့ အချစ်ကို နားမလည်တဲ့ ယောက်ျားလေးတွေ ဖတ်ဖို့"

Read More

နောက်တစ်ယောက်နဲ့ ခြေရှုပ်ချင်နေရင် မိမိကိုယ်ကို ပြန်မေးရမည့် မေးခွန်း(၄)ခု

ချစ်သူရှိနေလျက်နဲ့ နောက်တစ်ယောက်ကို ရင်ခုန်မိတာ၊ နှစ်ယောက်ပြိုင်တွဲတာမျိုးက စိတ်လှုပ်ရှားစရာကောင်းပြီး ညို့ငင်ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ခိုးစားရတဲ့ အသီးက ပိုချိုတယ်ဆိုသလိုပဲ မှားမှန်းသိရက်နဲ့ ရှေ့ဆက်တိုးမိနေတတ်တာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုခြေရှုပ်ဖောက်ပြန်တာက ဒုက္ခဖြစ်နိုင်စရာတွေ အများကြီးရှိတယ်ဆိုတာတော့ သေချာပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း ချစ်သူရည်းစား ဒါမှမဟုတ် အိမ်ထောင်ရှိလျက်နဲ့ နောက်တစ်ယောက်နဲ့ ခြေရှုပ်ဖို့ အလားအလာရှိနေမယ်ဆိုရင် ဒီမေးခွန်း(၄)ခုကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့ လိုပါတယ်။ ၁။ ဘာတွေ ပေးဆပ်ရဖို့ ရှိလဲ နောက်တစ်ယောက်နဲ့ဖောက်ပြန်တာကို မိသွားမယ်ဆိုရင် ဘာတွေဆုံးရှုံးရမလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ ဆိုတာကို အရင်ဆုံးစဉ်းစားကြည့်ဖို့ လိုပါတယ်။ လက်ရှိ Relationship ကို ပျက်စီးသွားလည်း ကိစ္စမရှိဘူးဆိုရင်တောင် လက်ရှိ ချစ်သူ ဒါမှမဟုတ် ဇနီးမယားကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်အတွက်ရော၊ လက်ရှိပါတနာအတွက်ပါ ပေးဆပ်ရမယ့် တန်ဖိုးတွေကို … Continue reading "နောက်တစ်ယောက်နဲ့ ခြေရှုပ်ချင်နေရင် မိမိကိုယ်ကို ပြန်မေးရမည့် မေးခွန်း(၄)ခု"

Read More

ကိုယ့်ကိုထားခဲ့တဲ့ရည်းစားဟောင်းကို အကောင်းဆုံးလက်စားချေနည်း (၆)နည်း

နှစ်ဦးသဘောတူလမ်းခွဲတာ၊ စိတ်အကြောင်းမတိုက်ဆိုင်လို့ဝေးသွားကြတာကတော့ ချစ်သူတွေတိုင်း နားလည်သဘောပေါက်ပြီး ကြုံလေ့ကြုံထရှိတတ်တဲ့အခြေအနေပါ။ ဒါပေမဲ့ ကိုယ့်အပြစ်၊ ကိုယ့်အလွန်ကြီးကြီးမားမား ဘာမှမရှိဘဲ သူစိတ်ချမ်းသာဖို့ သူ့သဘောနဲ့သူ ကိုယ့်ကို ပစ်စလက်ခတ်ထားခဲ့တဲ့သူကိုဆိုရင် နာကြည်းမုန်းတီးမိမှာတော့ အမှန်ပါပဲ။ ဒါဆိုရင် အဲ့လိုလူမျိုးကိုဘယ်လိုပညာပြန်ပေးမလဲ။ သူ့ကိုပညာပေးမယ်ဆို ဒီနည်းလမ်းတွေကို အသုံးချကြည့်ပါ။ ၁။ ပိုလန်းပြ ဒါကတော့ အားလုံးအကြမ်းဖျဉ်းသဘောပေါက်ထားပြီးသားနေမှာပါ။ သူထားခဲ့ပြီး အလဲအကွဲခံစားနေရတာမျိုး မဖြစ်စေနဲ့ပေါ့။ အရင်ကထက် ၂ဆ၊ ၃ဆ ပိုလန်းအောင် ပိုမိုက်အောင် နေပြလိုက်ပါ။ သူထားခဲ့ပြီးမှ ကိုယ်ကပိုအဆင်ပြေသာယာသွားတဲ့ဘ၀ကို ပိုင်ဆိုင်လိုက်ရတဲ့သဘောမျိုးပေါက်အောင် နေနိုင်ဖို့က အဓိကကျပါတယ်။ ၂။ သူ့အသစ်တစ်ယောက်ထက် ပိုသာဖို့ သူကိုယ့်ကိုထားပြီး အသစ်တစ်ယောက်ကောက်တွဲလို့ ကိုယ်လည်းချက်ချင်းတစ်ယောက်ထပ်ရှာစရာ မလိုပါဘူး။ ကိုယ်က အခုသူရနေတဲ့ရည်းစားအသစ်ထက် သာနေတယ်ဆိုတာ သိသာမြင်သာစေဖို့ကြိုးစားရမှာပါ။ ပုံမှန်နေနေကျ၊ စားနေကျအတိုင်းနေပြီးမှ ကြိုးစားသင့်တဲ့အပိုင်းတွေကို ပိုကြိုးစားရုံပါပဲ။ ၃။ ပုံများများတင် … Continue reading "ကိုယ့်ကိုထားခဲ့တဲ့ရည်းစားဟောင်းကို အကောင်းဆုံးလက်စားချေနည်း (၆)နည်း"

Read More

လက်မထပ်ခင်မှာ သူ့ကိုရော ကိုယ့်ကိုကိုယ်ရော ဒီမေးခွန်းလေးတွေမေးပါ

လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်ပြီး ဘ၀တစ်ခုထူထောင်ကြတယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်လက်ထပ်မယ့်သူကို သေချာရွေးချယ်သင့်ပါတယ်။ ကျွန်မတို့ ဖိနပ်တစ်ရံ အကျီ င်္ တစ်စုံဝယ်ဖို့တောင် ဒါကိုတော့ ဘယ်နေရာမှာ စီးလိုက်မယ်။ ဒီအိကျီ င်္ကိုတော့ ဘာလေးနဲ့ တွဲဝတ်မယ်ဆိုပြီး တွေးပြီး ကိုယ်နဲ့လိုက်မလိုက် စဉ်းစား ၀တ်ကြည့်ပြီးမှ ရွေးချယ်ဝယ်ယူကြတယ်မလား။ လက်ထပ်ပြီး ကိုယ့်ရဲ့ ခင်ပွန်းလောင်းဖြစ်လာမယ့်သူ (သို့) ကိုယ့်ဇနီးလောင်းဖြစ်လာမယ့်သူကို ဒီထက်မက သေချာပိုရွေးသင့်ပါတယ်။ ဒါ့ကြောင့်လက်မထပ်ခင် ကိုယ့်ကိုကိုယ်ရော ကိုယ့်ချစ်သူကိုပါ မေးသင့်တဲ့မေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ၁။ ငါသူ့ကိုဘာလို့ချစ်တာလဲ။ ဒါက မေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုဖြစ်သလို ချစ်သူကိုယ်ရော ကိုယ့်ကိုကိုယ်ပါမေးသင့်ပါတယ်။ ဘာလို့သူ့ကိုချစ်တာလဲ။ စာဖတ်သူတို့မှာ အဖြေရှိလား။ ၂။ ငါ့လက်ကျန်ဘ၀တစ်လျှောက်လုံး သူနဲ့ဘာလို့အတူနေချင်တာလဲ။ ချစ်လို့ပေါ့လို့ ဖြေလာကြမယ်လို့ထင်ပါတယ်။ ချစ်လို့ဆိုတာ ကောင်းတဲ့အဖြေတစ်ခုတော့မဟုတ်ပါဘူး။ ဘ၀ဆိုတာ ခရီးရှည်ကြီးတစ်ခုလိုပါပဲ။ တစ်ယောက်တည်းမလျှောက်တာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ။ … Continue reading "လက်မထပ်ခင်မှာ သူ့ကိုရော ကိုယ့်ကိုကိုယ်ရော ဒီမေးခွန်းလေးတွေမေးပါ"

Read More

မိန်းကလေး တစ်ယောက် တကယ်စိတ်နာသွားရင် ဒီလိုဖြစ်သွားမယ်….

မိန်းကလေးတွေဟာ သည်းခံနိုင်စွမ်းမြင့်မားလွန်းတဲ့အပြင် ချစ်သူကို အမြဲတမ်းခွင့်လွှတ်တတ်ကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က စိတ်နာတယ်လို့ဘယ်လောက်ပြောပြော ချစ်သူကို လက်မလွှတ်သေးဘူးဆိုရင် တကယ်စိတ်မကုန်သေးလို့ပါ။ ခုဖော်ပြပေးမှာကတော့ မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် သူ့ကိုစိတ်နာစေတဲ့သူနဲ့ ပတ်သက်ပြီးဒီလိုဖြစ်သွားမှာပါ။ (၁) ချဉ်သွားတယ်မိန်းကလေးတွေဟာ ချစ်သူကို စိတ်နာသွားပြီဆိုရင် လုံးဝချဉ်သွားပါတော့တယ်။ ဘယ်လိုလုပ်လုပ်၊ ဘယ်လောက်ပြန်တောင်းပန်နေပါစေ၊ လုံးဝကို ဂရုမစိုက်တော့သလို၊ လုံးဝကို အကောင်းမမြင်ပေးနိုင်တော့တာပါ။ အရင်က သူတို့ကိုချစ်လို့ လုပ်သမျှအကောင်းမြင်သလောက် ခုချိန်မှာတော့ ဘာလုပ်လုပ်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ပဲ မြင်ကြတော့တာဖြစ်ပါတယ်။ (၂) နာမည်တောင်မကြားချင်တော့ဘူး မိန်းကလေးတွေ တကယ်စိတ်နာသွားပြီဆိုရင် အဲဒီ့လူရဲ့နာမည်တောင် မကြားချင်တော့ပါဘူး။ တစ်ဖက်ကတော့ ငါ့ကိုသူအရမ်းချစ်ခဲ့တာပဲ သူငါကို လွမ်းနေမှာပဲလို့ ထင်မိရင်တော့ အမှားကြီးမှားသွားပါပြီ။ သင့်ကိုလွမ်းဖို့ နေနေသာသာ သင့်နာမည်ကိုတောင် လုံးဝမကြားချင်တော့တာမျိုးပါ။ (၃) ရွံသွားတယ် မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် အဲ့ဒီ့လူကို ရွံသွားကြပါတယ်။ … Continue reading "မိန်းကလေး တစ်ယောက် တကယ်စိတ်နာသွားရင် ဒီလိုဖြစ်သွားမယ်…."

Read More

မိန်းကလေး တစ်ယောက် တကယ်စိတ်နာသွားရင် ဒီလိုဖြစ်သွားမယ်….

မိန်းကလေးတွေဟာ သည်းခံနိုင်စွမ်းမြင့်မားလွန်းတဲ့အပြင် ချစ်သူကို အမြဲတမ်းခွင့်လွှတ်တတ်ကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က စိတ်နာတယ်လို့ဘယ်လောက်ပြောပြော ချစ်သူကို လက်မလွှတ်သေးဘူးဆိုရင် တကယ်စိတ်မကုန်သေးလို့ပါ။ ခုဖော်ပြပေးမှာကတော့ မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် သူ့ကိုစိတ်နာစေတဲ့သူနဲ့ ပတ်သက်ပြီးဒီလိုဖြစ်သွားမှာပါ။ (၁) ချဉ်သွားတယ်မိန်းကလေးတွေဟာ ချစ်သူကို စိတ်နာသွားပြီဆိုရင် လုံးဝချဉ်သွားပါတော့တယ်။ ဘယ်လိုလုပ်လုပ်၊ ဘယ်လောက်ပြန်တောင်းပန်နေပါစေ၊ လုံးဝကို ဂရုမစိုက်တော့သလို၊ လုံးဝကို အကောင်းမမြင်ပေးနိုင်တော့တာပါ။ အရင်က သူတို့ကိုချစ်လို့ လုပ်သမျှအကောင်းမြင်သလောက် ခုချိန်မှာတော့ ဘာလုပ်လုပ်ကို စိတ်ပျက်ဖို့ ကောင်းတယ်လို့ပဲ မြင်ကြတော့တာဖြစ်ပါတယ်။ (၂) နာမည်တောင်မကြားချင်တော့ဘူး မိန်းကလေးတွေ တကယ်စိတ်နာသွားပြီဆိုရင် အဲဒီ့လူရဲ့နာမည်တောင် မကြားချင်တော့ပါဘူး။ တစ်ဖက်ကတော့ ငါ့ကိုသူအရမ်းချစ်ခဲ့တာပဲ သူငါကို လွမ်းနေမှာပဲလို့ ထင်မိရင်တော့ အမှားကြီးမှားသွားပါပြီ။ သင့်ကိုလွမ်းဖို့ နေနေသာသာ သင့်နာမည်ကိုတောင် လုံးဝမကြားချင်တော့တာမျိုးပါ။ (၃) ရွံသွားတယ် မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် အဲ့ဒီ့လူကို ရွံသွားကြပါတယ်။ … Continue reading "မိန်းကလေး တစ်ယောက် တကယ်စိတ်နာသွားရင် ဒီလိုဖြစ်သွားမယ်…."

Read More

မိန်းကလေးတွေ ရည်းစားနဲ့ ဘယ်အချိန်မှာ လမ်းခွဲတတ်သလဲ ?

ချစ်တော့ ချစ်ပေမယ့် တချို့ အခြေအနေ တွေမှာ သင် လက်လွှတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။ အထီးကျန် လာတဲ့အခါ ချစ်ရတဲ့ ချစ်သူ ရှိနေပါလျက်နဲ့ အထီးကျန် နေတယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး။ တစ်ယောက်တည်း နေရတာ များလာတဲ့အခါ နေသားကျ သွားတတ်ပြီး ရှိနေတဲ့ ချစ်သူကိုလည်း မလိုအပ်တော့ဘူး လို့ ထင်လာပါတယ်။ အချိန် မပေးနိုင်တဲ့အခါ ဟိုသွားမယ် ဆိုလည်း မအားဘူး။ ဒီသွားမယ် ဆိုလည်း မလိုက်ဘူး ဆိုတာမျိုး တွေပါ။ ဂိမ်းဆော့စရာ ရှိလို့ ဘယ်သူနဲ့ ချိန်းထားသေးတယ်။ ဒီည ဘယ်ဘောလုံးပွဲ လာမှာ ဆိုတာတွေပေါ့။ ဘောလုံးပွဲက ကိုယ့်ချစ်သူထက် အရေးကြီးရင် ဘောလုံးသာ ဖက်အိပ်လိုက်ပါ။ ပိုက်ဆံ မပေးနိုင်ရင် မုန့်ဟင်းခါး မစားပါနဲ့။ … Continue reading "မိန်းကလေးတွေ ရည်းစားနဲ့ ဘယ်အချိန်မှာ လမ်းခွဲတတ်သလဲ ?"

Read More

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက်

( ၁ ) မဝေးသွားစေပါနှင့် အရပ်ဒေသဝေးခြင်းကို မဆိုလိုပါ သူ့အသိထဲမှာ ကိုယ်အမြဲရှိနေအောင် ကြိုးစားရမှာပါ message တစ်စောင်ပို့ချိန်က 2 မိနစ်မပေးရပါဘူး အချစ်မှာ သွေးနွေးနေဖို့လိုပါတယ် ဓားကောင်းတစ်ချောင်းကို ပစ်ထားလိုက်ရင် သံချေးကိုက်ပြီး တုံးသွားတတ်သလိုပေါ့ ( ၂ ) မာနမထားပါနှင့် ( ယုံကြည်မူ့လွန်ကဲခြင်း ) ကိုယ့်ကို သူမချစ်ပဲမနေနိုင်ပါဘူးဆိုပြီး ပစ်မထားပါနဲ့ လူဆိုတာ မြင့်မိုရ်လောက် ပေးဆပ်တယ်ဆိုပေမယ့် သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြပါတယ် နောက်ဆုံး ဘယ်လောက်ချစ်ချစ် ချစ်သူကို ကိုယ်ကဒုက္ခပေးသလို ဖြစ်တယ်အထင်နဲ့ လက်လျော့သွားတတ်ကြပါတယ် ကျောက်ဆောင်တွေတောင် တိုက်စားပါများရင် ပြိုလဲသွားတတ်ပါတယ် ( ၃ )မကြာခဏ ချစ်တယ်ပြောပေးပါ ချစ်တယ် ” ချစ်သူတွေ ဖြစ်သွားပြီးပဲ ရှက်စရာစကားစုမဟုတ်တော့ပါဘူး ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ အဓိကအချက်ကလေပေါ့ … Continue reading "ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ ( ၁၁ ) ချက်"

Read More

စုံတွဲတစ်တွဲမှာ ယောက်ျားလေးဖက် က တစ်ကယ်ချစ်လာပြီဆိုရင်

အတွဲတစ်တွဲမှာ ယောက်ျားလေးဖက် က တစ်ကယ်ချစ်လာပြီဆိုရင်အချစ်ခံရတဲ့ မိန်းကလေးဖက်က အဲဒီဒဏ်ကို မခံစားနိုင်ကြဘူးဘာလို့လဲဆိုတော့ ယောက်ျားလေးအားလုံး မှာ တူညီတဲ့အချက်တစ်ခုရှိတယ် အဲ့တာကကျွန်တော်တို့ ယောက်ျားလေးတွေ တစ်ကယ်နှစ်နှစ်ကာကာချစ်လာတဲ့အချိန်ရောက်ရင် ကိုယ့်ချစ်သူအပေါ် သံသယစိတ်တွေ စွပ်စွဲချက်တွေအပြစ်မြင်တာတွေက ပိုများလာပါတယ် အရမ်းအချစ် အတ္တကြီးတဲ့ ယောက်ျားလေးတွေဆိုအဲ့အချိန်ကျရင်ယောက်ျားလေး သူငယ်ချင်းတောင် ပေးမထားကြပါဘူးကောင်မလေးရဲ့ fb_passward သိတဲ့သူဆိုသူနဲ့ပတ်သတ်တဲ့ နေ့ နောက်ပိုင်း ဘယ်သူတွေနဲ့ ပြောထားလဲဆိုတာ သေချာကြည့်တတ်ပါတယ် အဲ့မှာ သူငယ်ချင်းထက် ပိုတဲ့ အရေးအသားတွေ ပြောထားတာတွေ့ရင် အဲ့နေ့တော့ တကယ့်ရန်ဖြစ်တဲ့နေ့ပါပဲလက်ခံနိုင်တဲ့ ဖြေရှင်းချက်မရှိရင်တော့ အဲ့ပြဿနာကမပီးတော့ပါဘူးကံအရမ်းဆိုးရင် လမ်းခွဲဖို့အထိဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က မိန်းကလေးတွေစိတ်ထဲ ကြောက်စိတ်ဝင်သွားတာပါအဲ့လိုဖြစ်တာကတော့ ကျွန်တော်တို့ ယောက်ျားလေးတွေရဲ့ အမှားပါတစ်နေ့တစ်နေ့ ပြဿနာ အရှာခံရလွန်းလို့အဲ့လိုဖြစ်တယ် လို့ ထင်ပါတယ် ဒါပေမဲ့ မိန်းကလေးဘက်က အကောင်းမြင်စိတ်နဲ့တွေးရင်တော့ အဲ့လိုဖြစ်မယ်မထင်မိပါဘူး နောက်ဆုံးပြောချင်တာကလမ်းခွဲမယ်ဆိုတဲ့ … Continue reading "စုံတွဲတစ်တွဲမှာ ယောက်ျားလေးဖက် က တစ်ကယ်ချစ်လာပြီဆိုရင်"

Read More