မော်ဒယ်စူးရှထက်တစ်ယောက်ကတော့ ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်လိုက်ပြန်ပါပြီ။ မကြာသေးခင်ကမှ အဆိုတော် အစ္စဏီကို တရားစွဲဆိုထားပြီးတော့ အမှုရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။ ဝေဖန်မှုတွေနဲ့ အတူ ရှင်သန်နေရတဲ့ စူးရှထက်တစ်ယောက်ကတော့ ဘာကိုမှ သိပ်ပြီးခေါင်းထဲ ထည့်ထားတတ်တာမတွေ့ရပါဘူး။
အွန်လိုင်းပေါ်မှာလည်း မကြာခဏ စွပ်စွဲချက်တွေနဲ့အတူ ရင်ဆိုင်နေရတာကလည်း စူးရှထက်ပါပဲ။ အဆိုတော် အစ္စဏီကိုအမှုဖွင့်ခဲ့တာနဲ့ပတ်သက်ပြီး ပ၇ိသတ်အချို့ရဲ့ မကျေနပ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတဲ့အပြင် အဆိုပါအမှုဟာလည်း စူးရှထက်အနေနဲ့ လုပ်ကြံဖန်တီးပြီးစွဲဆိုထားတယ်ဆိုတဲ့ ဝေဖန်မှတ်ချက်တွေကိုလည်း ခံရပြန်ပါသေးတယ်။
အွန်လိုင်းပေါ်မှာ Tik Tok Video လေးတွေကစားတတ်တဲ့ စူးရှထက်ကတော့ ဒီရက်ပိုင်း ရေပန်းစားနေတဲ့ သီချင်းလေးနဲ့ Tik Tok လေးဆော့ထားတာဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးဟာ မိန်းကလေးတွေကြား အထူးရေပန်းစားပြီးတော့ မိန်းကလေးတော်တော်များများဆော့နေကြတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။ စူးရှထက်ဆော့ထားတဲ့ ဒီဗီဒီယိုလေးကို ပရိသတ်တွေကြည့်လို့ရအောင် တခါတည်းဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele