• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ရှရွတ်ခန်းတောင် ဆွံ့အသွားလောက်မယ့် ကျော်ကျော်ဗိုလ်သီဆိုထားတဲ့ အလန်းစား အိန္ဒိယသီချင်း

We Love Cele by We Love Cele
September 28, 2018
in အနုပညာ
0

အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာ မျိုးရိုးကနေ ဆင်းသက်လာတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ ယခုနောက်ပိုင်း အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတော့ပါဘူး။ ကားရိုက်တွေကျဲလာပြီးတော့ အနုပညာလောကနဲ့ အနည်းငယ်ဝေးကွာလာတဲ့ ကျော်ကျော်ဗိုလ်တစ်ယောက်ကတော့ မကြာသေးခင်ကမှ Short Film တစ်ခုကို လူမှုကွန်ယက်အကောင့်ကနေ တင်လိုက်ပါတယ်။

သူ့ရဲ့ Short Film ဟာတခဏတွင်းမှာပဲ လူမှုကွန်ယက်အသုံးပြုနေသူများအကြားပျံ့နှံ့သွားပြီး အားပေးထောက်ခံမှုတွေ တခဲနက်ရရှိသွားတာလည်းဖြစ်ပါတယ်။ ဒီ Short Film ဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ ချို့ယွင်းချက်တွေ၊ ဟာကွက်ပေါင်းများစွာကို မီးမှောင်းထိုးပြသွားတာလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ အမှန်တော့ ဒီ Short Film လေးထဲက အချက်တွေကြောင့် အနုပညာအလုပ်တွေကို ရပ်တန့်နားနေခဲ့တာလည်းဖြစ်ပါတယ်။

သို့သော်လည်း ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားအချို့မှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့လည်း သိရပါသေးတယ်။ ကျော်ကျော်ဗိုလ်ဟာ ယနေ့ လူမှုကွန်ယက်ပေါ်မှာတော့ အိန္ဒိယ ဘောလိဝုဒ်ဇာတ်ကားကြည့်ရင်းနဲ့ သီချင်းတစ်ပုဒ်သီဆိုခဲ့ပါသေးတယ်။ Smule App ကိုအသုံးပြုပြီးတော့ ရှရွတ်ခမ်း ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်းကို အိန္ဒိယသူလေးတစ်ယောက်နဲ့ တွဲပြီးသီဆိုခဲ့တာဖြစ်ပါတယ်။ အိန္ဒိယသီချင်းကို အိန္ဒိယလိုသီဆိုခဲ့တဲ့ ကျော်ကျော်ဗိုလ်ကို ပရိသတ်တွေကချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ရဲ့ စကေးကို ကြည့်ချင်ရင်တော့ ပရိသတ်ကြီးအတွက် အောက်မှာ သူ့ရဲ့ ဗီဒီယိုလေးကိုဖော်ပြပေးထားပါတယ်နော်။We Love Cele

Previous Post

Single Mom အဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်နေကြတဲ့ လေးစားဖွယ် အနုပညာရှင် (၈) ဦး

Next Post

မနေ့က တရားရုံးရှေ့မှာလုပ်ခဲ့တဲ့လုပ်ရပ်က ပရိသတ်ကို မလေးမစားလုပ်တာမဟုတ်ဘူးဆိုတဲ့ မင်းထက်

Next Post

မနေ့က တရားရုံးရှေ့မှာလုပ်ခဲ့တဲ့လုပ်ရပ်က ပရိသတ်ကို မလေးမစားလုပ်တာမဟုတ်ဘူးဆိုတဲ့ မင်းထက်

ခိုင်သင်းကြည်ကို မပြောသင့်တာတွေ ပြောမိလိုက်တဲ့ သက်မွန်မြင့်ရဲ့ တလွဲတချော်ဖြစ်ရပ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!