• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 5, 2022
No Result
View All Result

မနေ့က တရားရုံးရှေ့မှာလုပ်ခဲ့တဲ့လုပ်ရပ်က ပရိသတ်ကို မလေးမစားလုပ်တာမဟုတ်ဘူးဆိုတဲ့ မင်းထက်

We Love Cele by We Love Cele
September 28, 2018
in အနုပညာ
0

သရုပ်ဆောင် မင်းထက်ကတော့ ယခုလက်ရှိမှာ နှင်းအိရွှေရည်ရဲ့ ကာမလိမ်လည်မှုပုဒ်မနဲ့တရားစွဲဆိုထားတာကို ရင်ဆိုင်နေရပါတယ်။ ပထမရုံးချိန်းနေ့မှာတော့ သရုပ်ဆောင်မင်းထက်ဟာ အာမခံလာရောက်လျှောက်ထားခဲ့ပြီးတော့ ဇနီးဖြစ်သူ စိုးနန္ဒာကျော်နဲ့အတူ လာရောက်ခဲ့ပါတယ်။ လာရောက်စဉ်ချိန်မှာတော့ သရုပ်ဆောင်မင်းထက်ရဲ့ တံတွေးထွေးလိုက်တဲ့လုပ်ရပ်အတွက် ပရိသတ်တွေက ဝေဖန်မှုတွေအရမ်းပြင်းထန်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မင်းထက်ဟာ ယခုလိုပဲဖြေရှင်းလာပါတယ်။

“အဓိကကတော့ အဲဒီအမှုကို ကျတော့်ရဲ့ မွေးနေ့ ဒီလ ၂၀ ရက်နေ့အမှီ ကျတော့်ကိုအဓိက တိုက်ခိုက်ချင်တဲ့ရည်ရွယ်ချက်နဲ့ အဲ့နေ့အတိမှာ တရားရုံးစာထွက်အောင်ကြိုးစားခဲ့တာ။ အဲဒီရက်ပိုင်းမှာ ကျတော့်ဆီကို တရားရုံးကနေ ဆင့်ခေါ်စာရောက်လာတယ်။ ဖတ်ကြည့်တဲ့အချိန် ပုဒ်မ ၄၁၇ ကာမလိမ်လည်မှုနဲ့ တရားစွဲထားတယ်ဆိုတဲ့ သတင်းကျတော်ကြားတယ်။ ကြားတဲ့အတွက် တရားရုံးကိုသွားပြီး တရားရုံးကလိုအပ်တဲ့အချက်အလက်တွေနဲ့ ကျတော်ရောက်လာပါတယ်ဆိုတာကို တရားသူကြီးရှေ့မှာ ကျတော်လက်မှတ်သွားထိုးတယ်။ ဥပဒေနဲ့အညီဖြေရှင်းဖို့အတွက် သွားပါတယ်။ အဲဒီအကြောင်းတရားကို လည်း ဖေ့ဘုတ်မှာ သူက ဂုဏ်ယူဝမ်းမြောက်စွာနဲ့တင်ထားခဲ့ပါတယ်။ ဟန်နီကျမပို့လိုက်တဲ့မွေးနေ့လက်ဆောင်ရရဲ့လားဆိုပြီး ကျတော့်ကိုတိုက်ခိုက်ချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။”

“အဲဒီကိစ္စနဲ့ပတ်သက်လို့တော့ ကျတော့်ဘက်က တုံ့ပြန်ချက်ပေးမှာမဟုတ်ပါဘူး။ ပေးချင်စိတ်မရှိလို့ပါ ကျတော်တခုပြောချင်တာကတော့ ကျတော်ဖြတ်သန်းလာခဲ့တဲ့အနုပညာသက်တမ်း ၁၀ နှစ်မှာ ပရိသတ်တွေကို ဘယ်တော့မှ မထီမဲ့မြင် မလေးမစားမလုပ်ခဲ့တာ ကျတော်နဲ့ပတ်သက်တဲ့ပရိသတ်တွေ ဆက်ဆံဖူးတဲ့ပရိသတ်တွေသိပြီးသားပါ။အဲတော့ ကျတော်မနေ့က လုပ်ခဲ့မိတဲ့လုပ်ရပ်က ပရိသတ်တွေကိုလုံးဝမလေးမစားလုပ်တာမဟုတ်ပါဘူး ကျတော်တခုလေးပဲပြောချင်ပါတယ် လူတစ်ယောက်အရမ်းနာကြည်းတယ်ဆိုတာ နောက်ကွယ်မှာအကြောင်းရင်းတခုတော့ရှိရမယ်လို့ ပရိသတ်တွေထည့်သွင်းစဉ်းစားစေချင်ပါတယ်။ လူတစ်ယောက်ဘာကြောင့်ဒီလောက်နာကြည်းရလဲ နောက်ကွယ်မှာဘာအကြောင်းတွေရှိလဲ ဒါပဲ ပရိသတ်တွေထည့်သွင်းစဉ်းစားစေချင်တယ်။”

“ကျတော်ဖြစ်ရပ်မှန်တွေအားလုံးကိုရိုးရိုးသားသားနဲ့ ဝန်ခံပြောဆို ခဲ့တာကိုလည်းအားလုံးသိမှာပါ။ အခုလည်းမှန်တဲ့စကားကိုသစ္စာတရားနဲ့ထပ်ပြောပါမယ် ကျတော်သူ့ကိုယူပါမယ်ဆိုတဲ့စကားကို ဘယ်သောအခါမှပြောခဲ့ခြင်းမရှိပါဘူး။ သူစွဲခဲ့တဲ့ ပုဒ်မ ၄၁၇ ကာမလိမ်လည်ရယူမှု ကျတော်သည်သူ့ကာမကိုဘယ်တော့မှ လိမ်လည်ရယူခြင်းမရှိခဲ့ပါဘူး အဲအတွက် သူဖြေခဲ့တဲ့ အင်တာဗျူးအဖြေတွေအားလုံးမှားယွင်းနေတယ်လို့ပြောပါရစေ။”

“နောက်ပြီး သူအင်တာဗျူးမှာဖြေဆိုခဲ့တဲ့ ကလေးအဖေအမည်ခံစေချင်ရုံသက်သက်ပါလို့ ကလေးကိုကျတော်က ငြင်းဆိုနေတာပါ အဲဒါတွေကြောင့်သူလုပ်ရတာပါတို့ အဲလိုမျိုးကလေးကိုဗန်းပြပြီးတော့ ပရိသတ်ကိုသနားအောင်လုပ်တာကျတော်တွေ့ရတယ် အဲကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်တာ ကလေးနဲ့ပတ်သက်ပြီး ကျတော်ဘယ်တုန်းကမှလူယုတ်မာမဟုတ်ခဲ့ဘူး ခုချိန်ထိလည်း လူယုတ်မာမဟုတ်ပါဘူး။ ကျတော့်ကိုအကွက်ဆင်ခဲ့တယ်လို့ ယူဆထားတယ် ဘယ်တုန်းကမှလည်း ယူမယ်လို့မပြောခဲ့တဲ့ အဲမိန်းမကို မယူနိုင်တာ လက်မတွဲနိုင်တာကလွဲလို့ အဲ့ကလေးက ကျတော့်ကလေးစစ်မှန်တယ်ဆိုရင် ဥပဒေနဲ့အညီကလေးစရိတ်ပေးပါမယ်လို့ အကြိမ်ကြိမ်ပြောပြီးသားပါ။ တရားဥပဒေအတိုင်း DNA စစ်ပါ ကျတော့်ကိုတွေ့ရာနေရာကနေခေါ်ပြီးတော့ ဘယ်နေရာဘယ်လိုလာပါ သူနဲ့သူ့သက်သေရှိတဲ့နေရာလောက်တော့ ကျတော်မလုပ်နိုင်ဘူး မှန်ကန်တယ်ဆိုရင် ဒီကလေးကို ထောက်ပံ့ပေးမယ်လို့ ကျတော်ပြောပြီးသားပါ။”

သရုပ်ဆောင်မင်းထက်ကတော့ ကလေးကိုဗန်းပြပြီး ပရိသတ်သနားအောင်လုပ်နေတဲ့လုပ်ရပ်တွေအပေါ် လွန်လာပြီလို့ထင်မြင်မိတယ်လို့ ဆိုပါတယ်။ ဒီကလေးဟာ သူ့ကလေးမှန်ရင် စိုးနန္ဒာကျော်အနေနဲ့ မွေးစားမှာဖြစ်ပြီးတော့ မင်းထက်ဘက်ကတော့ ဒီကလေးဟာ သူ့ကလေး မှန်လားမမှန်လားဆိုတာကို မသေချာတဲ့အတွက်ကြောင့် DNA စစ်ခိုင်းနေရခြင်းဖြစ်တယ်လို့ ဆိုပါသေးတယ်။ သရုပ်ဆောင်မင်းထက်နဲ့ နှင်းအိရွှေရည်တို့ဟာ တစ်အိမ်တည်းမှာအတူနေထိုင်ခဲ့ခြင်းမဟုတ်တဲ့အတွက် ဒီကလေးဟာ သူနဲ့ရလာတဲ့ကလေးဟုတ် မဟုတ်ကိုတော့ အတိအကျ သိပြီးမှ ထောက်ပံ့မှုကို ပြုလုပ်ချင်တာလည်းဖြစ်ပါတယ်။We Love Cele

မှတ်ချက်-ပေါ်ပြူလာဂျာနယ်အင်တာဗျူးမှဖြေကြားချက်များကို ဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ရှရွတ်ခန်းတောင် ဆွံ့အသွားလောက်မယ့် ကျော်ကျော်ဗိုလ်သီဆိုထားတဲ့ အလန်းစား အိန္ဒိယသီချင်း

Next Post

ခိုင်သင်းကြည်ကို မပြောသင့်တာတွေ ပြောမိလိုက်တဲ့ သက်မွန်မြင့်ရဲ့ တလွဲတချော်ဖြစ်ရပ်

Next Post

ခိုင်သင်းကြည်ကို မပြောသင့်တာတွေ ပြောမိလိုက်တဲ့ သက်မွန်မြင့်ရဲ့ တလွဲတချော်ဖြစ်ရပ်

ကျွန်မအလုပ်မနားရဲဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာစုထားတဲ့ငွေမရှိလို့ပဲ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!