• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 13, 2022
No Result
View All Result

ခိုင်သင်းကြည်ကို မပြောသင့်တာတွေ ပြောမိလိုက်တဲ့ သက်မွန်မြင့်ရဲ့ တလွဲတချော်ဖြစ်ရပ်

We Love Cele by We Love Cele
September 28, 2018
in အနုပညာ
0

နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေးတွေဖြစ်ကြတဲ့ သက်မွန်မြင့်နဲ့ ခိုင်သင်းကြည်ဆို ပရိသတ်တွေအားလုံးက အလိုလိုချစ်ခင်နေကြရတဲ့ အနုပညာရှင်လေးတွေပဲ ဖြစ်ပါတယ်နော်။ ယခုဆိုရင် သူတို့နှစ်ယောက်ဟာ ” အလျှံပယ် ” ရုပ်ရှင်ကားကြီးမှာ အတူတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေကြပြီပဲဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ကတော့ ညီအစ်မတွေလို အပြန်အလှန်ချစ်ခင်တတ်ကြတဲ့ အနုပညာရှင် ညီအစ်မတွေလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်ကားထဲမှာ အတူတူ ပါဝင်သရုပ်ဆောင်ရမယ့် သူတို့နှစ်ယောက်ကတော့ တစ်ခန်းထဲမှာ အတူတူနေခဲ့ရတာဖြစ်ပြီး သက်မွန်က ပါးကွဲသွားမယ်ဆိုပြီး မခိုင်လေးကို စကားအမှားပြောမိခဲ့တဲ့ အကြောင်းကို

” ဒေါ်သက်မွန်တို့ အလွဲက စတာပဲ🙈 မခိုင်လေးနဲ့ ရိုက်တော့ နားနေခန်း တခန်းထဲကျတာ.. အိပ်ယာပါတော့ အိပ်ချင်လာအိပ်နော်တဲ့ မခိုင်လေးခေါ်တာကို ပြန်ပြောမိတာ ပါးကွဲသွားမယ် အမရယ်တဲ့🙊🙊🙊 အမှန်က အိပ်ပျော်သွားမှာစိုးလို့ အိပ်ရင် ပါးဖောင်းတဲ့ကိုယ့်ရဲ့ပါး ကွဲသွားမယ် ပြောချင်တာ ဟီးးးးးးး တော်သေးတာပေါ့ အချင်းချင်း နားလည်တဲ့သူမို့လို့🙊 အဲ့လို တလွဲ သက်မွန်ပါဆို🤣🤣🤣” ဆိုတဲ့ စာသားလေးနဲ့ မခိုင်လေးကို စကားမှားပြောမိလိုက်ကြောင်းကို သက်မွန်က ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

နှစ်ယောက်သား မျက်နှာပြောင်နေကြတာလေးကလည်း ချစ်ဖို့ကောင်းလိုက်တာနော်

” အလျှံပယ်” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ပါဝင်တဲ့ သရုပ်ဆောင်များကတော့ ထွန်းထွန်း၊ အလင်းရောင်၊ ခင်လှိုင်၊ ကျော်ထူး၊ ဇင်ဝိုင်း၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေသမီး၊ မေမြင့်မိုရ်၊ ပွင့်နဒီမောင်၊ ကြယ်ဖြူရှင်းသန့်၊ ဧည့်သည်သရုပ်ဆောင်အဖြစ် ထွန်းကိုကို နှင့် အခြားအနုပညာရှင်ပေါင်းများစွာတို့က ရိုက်ကူးဖော်ပေးနေပြီဖြစ်တာကြောင့် ဘယ်လိုသရုပ်ဆောင်မှုမျိုးတွေနဲ့ ဆွဲဆောင်ချပြသွားဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော် ပရိသတ်ကြီးရေ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သက်မွန်ကတော့ အစအနောက်သန်ပြီး ပျော်ပျော်နေတတ်တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာပဲဖြစ်ပါတယ်။ ” အလျှံပယ် ” ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေကြတဲ့ သက်မွန်နဲ့ မခိုင်လေးတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီး သဘောကျ နှစ်သက်မယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

မှတ်ချက်-မိုမိုလေးစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

မနေ့က တရားရုံးရှေ့မှာလုပ်ခဲ့တဲ့လုပ်ရပ်က ပရိသတ်ကို မလေးမစားလုပ်တာမဟုတ်ဘူးဆိုတဲ့ မင်းထက်

Next Post

ကျွန်မအလုပ်မနားရဲဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာစုထားတဲ့ငွေမရှိလို့ပဲ

Next Post

ကျွန်မအလုပ်မနားရဲဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာစုထားတဲ့ငွေမရှိလို့ပဲ

ပရိသတ်တွေကို ပါရမီဖြည့်ပေးဖို့ အကူအညီတောင်းလိုက်တဲ့ ဖြိုးမြတ်အောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!