• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

မိခင်နဲ့ပတ်သက်ပြီး ပြောဆိုတာတွေကို ခံပြင်းတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချို

We Love Cele by We Love Cele
September 29, 2018
in အနုပညာ
0

Myanmar Idol Season 3 ရဲ့ Grand Final အထိကို တက်ရောက်နိုင်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် မယှဉ်ပြိုင်နိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုက သူမမိခင်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေအပေါ် ခံပြင်းမိတယ်လို့ ရင်ဖွင့်လာပါတယ်။ Myanmar Idol ရဲ့နောက်ဆုံး ဖိုင်နယ်မှာ ယှဉ်ပြိုင်မှု တွေက ပြင်းထန်ခဲ့သလို အပြင်းအထန်အားပေးကြတဲ့ နှစ်ဖက်ပရိသတ်ကြောင့် သူတို့ တွေရဲ့မိဘတွေအထိပါ ထိခိုက်မှုတွေရှိလာတာဖြစ်ပါတယ်။

“သမီးတစ်ယောက်အနေနဲ့ကတော့ အမေ့ကိုပြောရင်တော့ စိတ်ထိခိုက်တာပေါ့လေ။ သမီးကိုဘယ်လောက် ပြောပြော ဘာမှမဖြစ်ဘူး။ ပြိုင်ပွဲတောက်လျှောက်လုံး သူတို့တွေပြောခဲ့တာ အပြော ခံရတာတွေလည်းများတယ်။ အဲ့ဒီအပေါ်မှာ သမီးဘာမှစိတ်ထဲမထားဘူး။ ဒါပေမယ့် အမေကို ပြောလာတော့လည်း ခံပြင်းတယ်လေ။ ခံပြင်းတာက ကိုယ့်ကိုထိခိုက်မှာစိုးလို့ စောင့်ရှောက်ပေးတဲ့အမေကို ပြောကြတယ်။ ဒါက အမေတစ်ယောက်ရဲ့ အမေ့မေတ္တာပေါ့။ တချို့ကတော့ မကြိုက်ဘူးပေါ့နော်။ သမီးတစ်ယောက်အနေနဲ့ မိဘအနေနဲ့က မှန်တယ်လို့ထင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ အမေက သားသမီးကိုထိရင်ကြိုက်မှာမဟုတ်ဘူး။ သားသမီးကလည်း အမေကိုထိရင် ကြိုက်မှာမဟုတ်ဘူး” လို့ သူမ မိခင်နဲ့ပတ်သက်တဲ့ခံစားချက်ကို ပြောပြသွား ခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုကလက်ရှိသူမတစ်ကိုယ်တော်တေးစီးရီးခွေထွက်ဖို့လည်းပြင်ဆင်နေပြီး တေးစီးရီးခွေမှာဖြိုးမြတ်အောင်ပေးထားတဲ့ winner ရရှိမယ့်သူသာဆိုခွင့်ရမယ့် သင့်အတွက် မနက်ဖြန် သီချင်းကိုလည်း ထည့်သွင်းမယ်လို့ သိရပါတယ်။

မှတ်ချက်-အကုန်သိသတင်းစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ပရိသတ်တွေကို ပါရမီဖြည့်ပေးဖို့ အကူအညီတောင်းလိုက်တဲ့ ဖြိုးမြတ်အောင်

Next Post

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း ယွန်း

Next Post

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း ယွန်း

မယားငယ်မ၊ စနိုက်ကြော်မလို့ ပြောဆိုတိုက်ခိုက်နေသူတွေကို သတိပေးလိုက်တဲ့ စိုးနန္ဒာကျော်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!