ချစ်စရာဟန်ပန်အပြည့်နဲ့ ရိုက်ကွင်းပေါ်က နန်းစု

0
90

နန်းစုတစ်ယောက်ကိုတော့ ဒီရက်ပိုင်းအတွင်းမှာ ကြော်ငြာရိုက်ကွင်းတွေနဲ့ အဆက် မပြတ်မြင်တွေ့နေရပါတယ်နော် ပရိသတ်ကြီး ။

ဒီနေ့လည်း သူမက Shangpree UV sunscreen lotion commercial လို့ရေးထားပြီး ဘဲလေးကချေသည်ကောင်မလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတဲ့ ပုံကလေးတွေ ပရိသတ်အတွက် မျှဝေထားပါတယ် ။

အမြဲတမ်းနုပျိုသွက်လက်ကာ ချစ်စရာဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို လှသွေးကြွယ်နေတယ်ဆိုတာ ပရိသတ်အတွက် ဒီပုံကလေးတွေ သက်သေဖြစ်မှာပါ ။

၂၀၁၈ မှာပိုမိုအောင်မြင်ကာ နာမည်ကြီးလာတဲ့သူမက မရိုးနိုင်တဲ့အလှတွေနဲ့လည်း ချစ်သူသဝန်တိုလောက်အောင်ကို အလှကြီးလှကာ အောင်မြင်သထက် အောင်မြင်လာတဲ့ မင်းသမီးချောလေးအဖြစ် ရပ်တည်လို့နေပါတယ် ။

မကြာသေးမီရက်ပိုင်းကတော့ ဖျော်ဖြေရေးတစ်ခုအတွက် မြစ်ကြီးနားကို သွားရောက်ခဲ့ပါ သေးတယ် ။

မြစ်ဆုံကလှပလွန်းတဲ့နေဝင်ချိန်လေးကိုတော့ သူမကချစ်သူနဲ့အတူ ကုန်ဆုံးခဲ့ပြီး ကဗျာဆန် ဆန်ပုံရိပ်ကလေးတွေ ကို ရိုက်ကူးခဲ့ပါသေးတယ် ။

လူသိများကာ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ် ယောက် မို့ သူမရဲ့ လှုပ်ရှားမှုတိုင်းကတော့ ပရိသတ်အတွက် အမြဲတမ်း စိတ်ဝင်စား စရာတစ်ခုပါပဲ ။

Credit  – MyanmarLoad