သမီးလေးနှစ်ယောက်အပေါ် ခံစားချက်ကို ပြောပြလာတဲ့ ချစ်သုဝေ

0
98

အဆိုတော်နဲ့ သရုပ်ဆောင် ချစ်သုဝေတစ်ယောက်ကတော့ သူမရဲ့သမီးလေးတွေအပေါ် ခံစားချက်ကို ပြောပြလာပါတယ်။ အလုပ်တွေ ရှုပ်နေပေမယ့်လည်း သမီးလေးတွေနဲ့ မိနစ်ပိုင်းတောင် မခွဲနိုင်တဲ့အတွက် သူမရဲ့ ခံစားချက်လေးတွေကို ပြောပြလာတာပါ။ အရင်က ပုံတွေတင်ဖြစ်ပေမယ့် ခုတော့ တစ်နှစ်ခွဲနီးပါရှိလာတဲ့ သမီးလေးတွေရဲ့ပုံကို သိပ်မတင်ဖြစ်တော့ပါဘူး။

အရာရာ ဟန်ချက်ညီဖို့ကြိုးစားရတာမောတယ် မေ့ကလေးတွေ….ေ မ ဖမ်းဆုပ်ထားတဲ့အရာတွေရော,,စွန့်လွှတ်ခဲ့ရတဲ့အရာတွေရော အတွက် ခုလိုသမီးလေးတွေ ကျန်းမာပျော်ရွှင်ပြီးစိတ်ချမ်းမြေ့လုံခြုံနေကြတာ မြင်တာနဲ့တင် မေ က ကျေနပ်တယ်….
သမီးလေးတွေ ကြီးပြင်းတဲ့နေ့ရက်အမှတ်တရတိုင်းမှာ မေ အတူရှိနေဖို့ စောက်ရှောက်ခွင့်ရဖို့က မေ့ တွက် အရေးကြီးဆုံး…(ခုတလော အလုပ်တွေက တောင်လိုပုံ ..ကိုယ်တိုင်ချက်တာပဲကျွေးချင်တော့ ပြေးလွှားစီမံ…အမေရောအမရော ယောကျာ်းရော ကိုယ်မရှိတဲ့အချိန် အငြိမ်မနေရ…ဆရာမလေးကလည်းစိတ်ချရလို့ ကျေးဇူးတင်ရပါတယ်..ဒီလိုနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းရမှာပဲ..)…”ဒီအပြုံးလေးတွေနဲ့ရှေ့ဆက်ရတာပ ဆိုပြီး ချစ်သုဝေက ရေးသားထားပါတယ်။

အဆိုတော်နှစ်ယောက်ဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမွှာသမီးလေးတွေဟာ ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ လူအချစ်ခံရဆုံး အနုပညာရှင်သမီးလေးတွေဖြစ်ပြီး ပရိတ်သတ်တွေကလည်း သူတို့ရဲ့ပုံလေတွေကို စောင့်မျှော်ပြီး ကြည့်နေကြရတာဖြစ်ပါတယ်။

Credit – PannPwint