အကယ်ဒမီဆုရတဲ့ ရွှေကြယ်ကို ကြက်သီးထဖွယ်ရာ အလှူအဖြစ် လှူဒါန်းသွားမယ့် မြင့်မြတ်

0
532

အခုနှစ်မှာ မမျှော်လင့်ဘဲနဲ့ အမျိုးသားဇာတ်ပို့ဆု ရရှိသွားတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်နေသူက တော့မြင့်မြတ်ပါ။ ပြီးခဲ့တဲ့နှစ်ကနာမည်ထွက်ခဲ့ပေမယ့် ဆုမရခဲ့တဲ့အတွက် ဆိုက်ကိုတစ်ခုလိုဖြစ်နေခဲ့လို့ ဒီနှစ်မှာတော့ အကယ်ဒမီဆုမရနိုင်ဘူးလို့ပဲ တစ်ထစ်ချ ယုံကြည်ထားပြီး လက်ခုပ်တီးဖို့အတွက်ပဲလာခဲ့တာပါလို့ ဆိုပါတယ်။ အကယ် ဒမီဆုရတဲ့အတွက် ဝမ်းသာသလို တစ်ဖက်မှာလည်း တခြားသူတွေမရရှိတဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်းကို မြင့်မြတ်က ….

”ဇာတ်ပို့ဆုနဲ့ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒီနှစ်ကျွန်တော်ဇာတ်ပို့ဆုယူလိုက် တဲ့ အတွက် တခြားဇာတ်ပို့နဲ့ တင်ထားတဲ့သူတွေအတွက် နစ်နာသွားသလိုဖြစ်သွားရင်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံးကတော့ တစ် သွေးတည်း တစ်သားတည်းပါပဲ။ ဘယ်သူရရ အားလုံး ပျော်နေတာပါ ပဲ” လို့ ပြောပါတယ်။ မြင့်မြတ်က ‘အမှောင်မှာ ရွာချတဲ့မိုးတိမ် (ကျွန်)’ ရုပ်ရှင် ဇာတ်ကားမှာတော့ ဝတ်မှုံရွှေရည်ကို တစ်ဖက်သတ်ချစ်ရတဲ့ စာရေးဆရာ ကာရိုက်တာကို သရုပ် ဆောင်ခဲ့တာဖြစ်ပြီး ဇာတ်ပို့ကာရိုက်တာကို အကောင်းဆုံး ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အကယ်ဒမီ ရွှေစင် ရုပ်တုကို ပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အကယ် ဒမီမြင့်မြတ်ဖြစ်သွားတဲ့အတွက် တာဝန်ပိုကြီး သွားတယ်လို့ဆိုတဲ့ မြင့်မြတ်က … ”အကောင်းဆုံးဖြစ်အောင် ကြိုးစားရ တော့မှာ ပေါ့။ အရင် ကလည်း ကြိုးစားပါ တယ်။ အခုတော့ ပိုပြီးတာဝန်ကြီး တယ်လို့သုံးသပ် တာပေါ့။ ဒီနှစ်ကတော့ လိုချင် တာတွေ တန်းစီရတယ်လို့ ပြောရမှာ ပေါ့။ နည်းနည်းလေး ကံကောင်း တယ်ပေါ့။ အကယ်ဒမီ မြင့်မြတ် လည်းဖြစ်ပြီဆိုတော့ထပ်ပြီးကြိုး စားပါဦးမယ်။ အလုပ်ကိုအာရုံ စိုက် ပြီးတော့ပေါ့။ ဇာတ်ဆောင်ဆုလည်း ရအောင် ကြိုးစားပါဦးမယ်”လို့ပြော ပါတယ်။ အကယ်ဒမီရွှေစင်ကြယ် ကိုတော့ မိဘမဲ့ကလေးကျောင်းတွေနဲ့ လမ်းဘေးခွေးတွေစုပြီး မွေးထားတဲ့နေရာတွေကို လှူဒါန်းဖို့အတွက် ဇနီးဖြစ် သူနဲ့တိုင်ပင်နေတယ်လို့ မြင့်မြတ်ကပြောပါတယ်။

ခိုင်ဝေလွင်

Credit-Popular Journal