စုထားတဲ့ ငွေ (၂၇)သိန်းခန့်ကို ဘိုးဘွားရိပ်သာမှာ အလှူပြုမယ်ဆိုတဲ့ ရွှေထူး

0
81

သီချင်းချိုချိုလေးတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ ရွှေထူးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့ စုထားတဲ့ ငွေစုစုပေါင်း (၂၇)သိန်းခန့်ကို အလှူအတန်းအတွက် အသုံပြုသွားမှာ ဖြစ်တဲ့အကြောင်းကို ဒီကနေ့မှာ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ ပရိသတ်တစ်ဦးလက်ဆောင်ပေးထားတဲ့ ဝက်ရုပ်စုဘူးလေးနဲ့ ပိုက်ဆံစစုဖြစ်ခဲ့တာဖြစ်ပြီး စစုကတည်းကလည်း တစ်ဝက်ကို အမေအတွက် တစ်ဝက်ကို ကိုယ့်အတွက်လို့ စဉ်းစားပြီး ဆုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အချိန်အတော်ကြာစုလာခဲ့တဲ့ ပိုက်ဆံစုစုပေါင်းကတော့ ၂၇သိန်းနဲ့ ၁သောင်းရှိပြီး ရွှေထူးဟာ သူ့ရဲ့ မိခင်ဖြစ်သူအတွက် ဘုရားကျောင်းဆောင်ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်အတွက်ကတော့ ဟိုတစ်ခါကျွန်တော် Share လိုက်တဲ့ဘိုးဘွားရိပ်သာမှာသွားလှူမယ်.”ဆိုပြီးတော့လည်း ကျန်တဲ့ ပိုက်ဆံတွေကို အလှူအတန်းအတွက် အသုံးပြုသွားမှာ ဖြစ်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း  “ပိုက်ဆံစုပြီးကိုယ်ဖြစ်ချင်တာလေးတွေဖြစ်ပါစေ.. ကိုယ်ဖြည့်ဆည်းပေးချင်တဲ့ လူတွေအတွက်လည်းဖြည့်ဆည်းပေးနိုင်ပါစေ”လို့ရေးပြီး ဆုတောင်းပေးထားပါသေးတယ်။

 

Credit – ShweMom