ပရိသတ်တွေအတွက် တန်ဖိုးရှိတဲ့ စကားလေးတစ်ခွန်းလက်ဆောင်ပေးလိုက်တဲ အေးသောင်း

0
152

ပရိသတ်တွေကြားမှာ အေးသောင်းဆိုတဲ့ နာမည်နဲ့ တဖန်ပြန်လည်နာမည်ကြီးလာတဲ့ အမျိုးသမီးအနုပညာရှင်တစ်ဦးဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာအလုပ်တွေကို မနားတမ်းဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ ပရိသတ်တွေနဲ့လည်း ဖေ့စ်ဘုတ်ကနေတစ်ဆင့် ချိတ်ဆတ်ပြီး အဆက်အသွယ်မပြတ်အောင် နေတတ်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ယောက်ျားလေးပရိသတ်တွေရဲ့ မမတစ်ယောက်အဖြစ် ရေပန်းစားတဲ့ အေးသောင်းကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာဘဝအတွက် တန်ဖိုးရှိတဲ့ စာသားတွေ၊အချစ်နဲ့ ပတ်သတ်တဲ့ စာတွေကိုလည်း မကြာခဏတင်လေ့ရှိတဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။သူမကတော့ ဒီကနေ့မှာလည်း “အမှတ်တမဲ့ဆိုပေမဲ့ အမှတ်တရဖြစ်တတ်တာပဲလေ
ခဏတွေ့တဲ့အချိန်လေးမှာပျော်အောင်နေကြရအောင်။ အဲ့ဒီ့ခဏတာတွေကပဲ ဘဝကိုအမောပြေစေခဲ့တာပဲ မဟုတ်လား။”လို့ရေးသားပြီး ပရိသတ်တွေအတွက် တန်ဖိုးရှိတဲ့ စကားလေးကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။

အေးသောင်းကတော့ သူမရဲ့ ဓါတ်ပုံလှလှလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးထားပါသေးတယ်။ အေးသောင်းရဲ့ ပရိသတ်တွေအတွက် အေးသောင်းရဲ့ ဓါတ်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Aye Thaung

photo- wai yan