စည်သူလွင်ရဲ့ဖုန်းနဲ့ အဆိုတော်များကို ငွေလိုက်လိမ်လည်နေ

0
220

ဧပြီ သုံးရက်နေ့ ညပိုင်းက ကိုစည်သူလွင်ရဲ့ဖခင် ကာတွန်းဆရာကြီး ဦးငွေကြည်ရော ဇနီးသည်ဖြစ်သူ မနွယ်မာကျော်ရောက ကို စည်သူလွင်ရဲ့ ဖုန်းကို လိမ်လည်ခိုးယူခံရကြောင်း လက်ရှိ ကိုစည်သူလွင်ရဲ့ ဖုန်းဟာ ခိုးယူသွားသူလက်ထဲမှာရှိနေပြီး ကိုစည်သူလွင်ရဲ့လူမှုကွန်ယက်ကလည်း ကိုစည်သူလွင်ကိုယ်တိုင်သုံးနေတာမဟုတ်တော့ပါဘူးလို့ အောက်ပါအတိုင်း အသိပေးအကြောင်းကြားစာလေး တင်ထားခဲ့ပါတယ် ။

” (အထူးအသိပေးအပ်ပါသည်)

အဆိုတော်(စည်သူလွင်) ၏ အောက်ဖော်ပြပါ

ဖုန်းများကို လိမ်လည်ခိုးယူခြင်း ခံရပါ၍ ထိုဖုန်း

များကို ယခု စည်သူလွင် အသုံးပြု ခြင်းမရှိကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါသည်။

#ယခု ထိုဖုန်းထဲမှ နံပတ်များကို ဆက်သွယ်ပြီး

ငွေချေးခြင်း- ထပ်ဆင့်လိမ်လည်ခြင်းများပြုလုပ်နေကြောင်း

လည်းသိရပါသဖြင့် သတိထားနိုင်ရန် အသိပေးအပ်ပါသည်။

 

(အခိုးခံရသောဖုန်းနံပတ်များ)

– 09 5021247

-09 26161 8621

(စည်သူလွင်) ၏ အောက်ပါ Fb ကိုလည်း

လောလောဆယ် အသုံးပြု ခြင်းမရှိပါကြောင်း

( ထပ်ဆင့် share ပေးကြပါရန် ) ” လို့ ဆရာဦးငွေကြည်ကရေးထားခဲ့တာပါ ။

ဖုန်းထဲက Viber Facebook တွေကတဆင့် ဖုန်းခိုးယူသွားသူတွေက လွယ်လင့်တကူ ကိုစည်သူလွင်ဟန်ဆောင်ပြီး လိမ်ညာနေတာမို့ ဒီလို အရေးတကြီး Share ပေးဖို့ အကူအညီတောင်းတာဖြစ်ပါတယ် ။ ကိုစည်သူလွင်က ဂီတလောကထဲက ၀ါရင့်တေးသံရှင်တစ်ယောက်ဖြစ်ပြီး သူ့ကိုခင်မင်ရင်းစွဲရှိတဲ့ ဂီတလောကထဲက မိတ်ဆွေ အပေါင်းအသင်းတွေ အများကြီးရှိတာမို့ မသမာသူက ထို မိတ်ဆွေတွေကို ထပ်မံလိမ်လည်ဖို့ကြံစည်တာပါ ။ ကိုယ်ချစ်တဲ့ အဆိုတော်တွေ အလိမ်မခံရအောင် ပရိတ်သတ်တို့လည်း ထပ်ဆင့် Share ပေးလိုက်ကြပါဦးနော် ။