ဟာသဗီဒီယိုတွေနဲ့ နာမည်ကြီးလာတဲ့ အောင်သူလွင်(ခ) Kelvin Kate တစ်ယောက်ဟာ မကြာသေးခင်ကမှ ဇနီးဖြစ်သူ ပိုးအိရဲ့ ဖွင့်ဟဝန်ခံမှုတွေကြောင့် ဝေဖန်ဂယက်ရိုက်ခဲ့ရပါတယ်။ လူပျိုတစ်ယောက်အဖြစ် ပရိသတ်တွေက သိမှတ်ထားကြတဲ့ အောင်သူလွင်နဲ့ပတ်သက်ပြီး ဇနီးဖြစ်သူရဲ့ ဖွင့်ချမှုတွေဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာလည်းအမှန်ပါပဲ။
ဒီလိုဖွင့်ချပြီးတဲ့နောက်မှာတော့ အောင်သူလွင်တစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ စာချုပ်ချုပ်ဆိုထားမှုမှာ ကတိကဝတ်ပျက်ကွက်မှုနဲ့ ငွေကြေးပြန်လည်ရယူလိုတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာပါတယ်။ ဒါတွေဟာ အောင်သူလွင်အတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေလည်းဖြစ်ပါတယ်။ အောင်သူလွင်အနေနဲ့ ဒီလိုသတင်းတွေပျံ့နှံ့လာတဲ့နောက်မှာတော့ အကောင့်ကို ခဏတာပိတ်ထားခဲ့ခြင်းကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ပိုမိုခံခဲ့ရတာဖြစ်ပါတယ်။
သို့ပေမယ့်လည်း ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ အောင်သူလွင်တစ်ယောက် စပြီးဖြေရှင်းလာခဲ့ပါတယ်။ ဇနီးသည်ပိုးအိနဲ့လက်ထပ်ထားခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်းဝန်ခံခဲ့ပြီး မိခင်နဲ့ပြသနာဖြစ်ခဲ့တာတွေကတော့ ဇနီးသည်ပြောသလို မိခင်က နှိပ်စက်မှုပြုတယ်ဆိုတာတွေဟာ အမှန်တကယ် တော့ မဟုတ်ကြောင်း အောင်သူလွင်တစ်ယောက် ဖြေရှင်းခဲ့ပါတယ်။ အောင်သူလွင်ဖြေရှင်းခဲ့တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုနိုင်အောင် အောက်မှာဖော်ပြလိုက်ပါတယ်။We Love Cele
အောင်သူလွင်ဖြေရှင်းထားတဲ့ အကြောင်းတရား
Video Source-Kelvin Kate