သရုပ်ဆောင် အလုပ်မလုပ်ရရင် ဘာနဲ့စားရမှာလဲ လို့ မေးလိုက်တဲ့ ဇေရဲထက်

0
116

ပရိတ်သတ်အားပေးမှု နေရာတစ်ခုရရှိထားသူ သရုပ်ဆောင် ဇေရဲထက်ကတော့ သရုပ်ဆောင်အလုပ် မလုပ်ရလို့ရှိရင် ဘာနဲ့စားရမှာလဲ လို့ မေးခွန်းထုတ်လိုက်ပါတယ်။ မြန်မာရုပ်ရှင်လောကမှာ လူများသလောက် ပွဲမစည်ဖြစ်နေပြီး ပရိတ်သတ်အများရဲ့ ဝေဖန်ရှုတ်ချမှုတွေ အများအပြားခံလာနေရတာဖြစ်ပြီး ဇေရဲထက်တစ်ယောက်လည်း စိတ်ဓာတ်ကျသလို ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီနေ့တော့ ဇေရဲထက်က သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ သရုပ်ဆောင်အလုပ်ပဲ လုပ်တတ်တာကြောင့် ဒါပဲ လုပ်နေရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ရေးသားလိုက်ပါတယ်။ မုန်းလည်းမုန်းပါစေတော့ သရုပ်ဆောင်သူတွေ သရုပ်ဆောင်အလုပ်ပဲလုပ်တတ်ကြတယ်လေးး သရုပ်ဆောင်အလုပ်မလုပ်ရရင်ဘာနဲါစားရမှာလည်းဗျား လို့ ရေးလိုက်တာပဲ ဖြစ်ပါတယ်။

 

မင်းသားချောတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်မှာ အားပေးတဲ့ ပရိတ်သတ်များလည်းရှိသလို မကြိုက်မနှစ်သက်တဲ့ ပရိတ်သတ်တွေလည်း အပြားအပြားရှိနေတာ ဖြစ်ပါတယ်။ ပိုဆိုးတာက ခုနောက်ပိုင်း ပေါကားတွေလို့ ဝေဖန်ခံနေရတဲ့အထဲ ဇေရဲထက်ရိုက်တဲ့ဇာတ်ကားအများစုလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဇေရဲထက်တစ်ယောက် သရုပ်ဆောင်အလုပ်ကို ဝါသနာပါပေမယ့် နောက်ပိုင်းတော့ အထီးကျန်မွမ်းကျပ်လှတဲ့ပုံစံမျိုး ဖေ့စ်ဘွက်မှာ ရေးလာနေတာကို တွေ့ရပါတယ်။