• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

မင်းသန့်မောင်မောင်ရဲ့ ဇာတ်ကားကိုကြည့်ပြီး မျက်ရည်ကျခဲ့ရတဲ့ဒါရိုက်တာ စင်ရော်မောင်မောင်

We Love Cele by We Love Cele
September 30, 2018
in အနုပညာ
0

အမေရိကန်နိုင်ငံ New York FilmAcademy ကျောင်းမှာ ဒါရိုက် တာ ပညာသင်ယူနေတဲ့ မင်းသန့် မောင်မောင်က စက်တင်ဘာလ ၂၂ ရက်နေ့မှာ Bachelor of Fine Arts in Film makingါ ဘွဲ့ယူတော့မှာ ဖြစ်တာကြောင့် မိဘနှစ်ပါးဖြစ်တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ မေသန်းနုတို့က အမေရိကန်နိုင်ငံကို လိုက်သွားခဲ့ကြပါတယ်။ ကျောင်း ဆင်းပွဲအတွက် ကျောင်းသားများ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်း တိုပြသပွဲကို စက်တင်ဘာ ၂ဝ ရက် နေ့က Warner Brothers Studios မှာ ပြသခဲ့ပါတယ်။ ဒီပြပွဲ မှာ မင်းသန့်မောင်မောင်က Little Things အမည်ရတဲ့ ရုပ်ရှင်ဇာတ် လမ်းတိုကို ပြသခဲ့ပြီး ချီးကျူးဂုဏ်ပြု စကားသံများလည်း ကြားခဲ့ရပါတယ်။

သားရဲ့ ဇာတ်ကားကို ကြည့်ရှုပြီး မျက်ရည်တောင် ကျခဲ့ရတယ်လို့ဆိုတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်က …

”သူ့ဇာတ်ကားက တအား အောင်မြင်တယ်။ ၆ ကားပြတာ လက်ခုပ်သံအအောင်မြင်ဆုံး။ မီးဖွင့် တော့ သူ့ဆီကို ကျောင်းက လူတွေ၊ ဆရာမတွေ၊ သရုပ်ဆောင်တွေ၊ ပြေး လာကြတယ်။ တော်တော်ပျော်ဖို့ ကောင်းတယ်။ မျက်ရည်တောင် ကျ ပါတယ်” လို့ ပြောပါတယ်။ မိဘတွေ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ကြားကပဲ သားဖြစ်သူ မင်းသန့်မောင် မောင်က သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင် ကို ကြိုးစားပြီး အကောင်အထည် ဖော်ခဲ့သူပါ။ မိဘအပေါ်မှာလည်း သိတတ်လိမ္မာသူဖြစ်တဲ့ သားအတွက် ခံစားချက်နဲ့ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က …

”ကလေးလေးက အဖေနဲ့ အမေနဲ့ အဆင်မပြေတာကို သူ ဖြစ် ချင်တာကို လူကြီးတွေကို မပြောဘဲနဲ့ ကြိုးစားတာပေါ့။ ဒေါ်မေဝင်းမောင် ကတော့ မျက်ရည်ကျသွားတယ်။ တော်တော် Heart ထိသွားတယ်။ သြော်…အပြစ်မဲ့တဲ့ ကလေးလေးရဲ့ ရင်ထဲမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဘယ်လောက်တောင် ခံစားနေရလဲဆို တာ တော်တော်လည်း ယူကျုံးမရ ဖြစ်သွားတယ်”လို့ သူ့ရဲ့ ခံစားချက် ကို ပြောပြခဲ့ပါတယ်။

မင်းသန့်မောင် မောင်ရဲ့ ဘွဲ့ယူအခမ်းအနားကိုတော့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့ လယ် ၁ နာရီခွဲမှာ Harmony Gold Preview House 7655Wç Sunset Boulevardç Los Angeles CA 90016 မှာ ပြုလုပ်ခဲ့ ပါတယ်။ သားဖြစ်သူ ဘွဲ့ရပြီဖြစ်တဲ့ အတွက် မိဘနှစ်ပါးစလုံးကလည်း ဂုဏ်ယူဝမ်းမြောက်လျက် ရှိကြပါ တယ်။

မှတ်ချက်-ပေါ်ပြူလာဂျာနယ်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ဦးမန်းဝင်း သေတယ်လို့ တင်နေတဲ့ ပေ့ခ်ျတွေကို ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်း

Next Post

၂ လအတွင်း တချိန်တုန်းက ခန္ဓာကိုယ်ပုံပြန်ဖြစ်အောင် ဝိတ်ချနိုင်ခဲ့တဲ့ နည်းလမ်းလေးကို မျှဝေလိုက်တဲ့ မေသက်ခိုင်

Next Post

၂ လအတွင်း တချိန်တုန်းက ခန္ဓာကိုယ်ပုံပြန်ဖြစ်အောင် ဝိတ်ချနိုင်ခဲ့တဲ့ နည်းလမ်းလေးကို မျှဝေလိုက်တဲ့ မေသက်ခိုင်

ခင်ပွန်းသည်ရဲ့ စကားကြောင့် ဝမ်းနည်းခဲ့ရတဲ့ စန္ဒီမြင့်လွင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!