ထောင် ၅ နှစ် ကျသွားတဲ့ ဘောလိဝုဒ်မင်းသား ဆယ်လ်မန်ခန်း

0
527

နာမည်ကြီး ဘောလိဝုဒ်မင်းသားဖြစ်တဲ့ ဆယ်လ်မန်ခန်း (Salman Khan) ဟာ ၁၉၉၈ ခုနှစ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုအတွက် ဒဏ်ငွေ ရူပီး ၁၀,၀၀၀ နဲ့ ထောင် ၅ နှစ် ကျခံဖို့ ဒီနေ့ (ဧပြီလ ၅ ရက်) မှာ တရားရုံးက အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူနဲ့အတူ Hum Saath Saath Hain ရုပ်ရှင်ကားမှာ အတူတူ သရုပ်ဆောင်တဲ့ Saif Ali Khan, Tabu, Sonali Bendre နဲ့ Neelam တို့လည်း အတူတူ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပေမဲ့ သူတို့ကိုတော့ ဒီစီရင်ချက်မတိုင်မီကတည်းက သံသယအကျိုးခံစားခွင့်နဲ့ တရားသေလွှတ်ပေးခဲ့ပါတယ်။ သူတို့နဲ့အတူ စွဲချက်တင်ခံရတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ Dushyant Singh ကိုလည်း တရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။

ဆယ်လ်မန်ခန်းဟာ ရှားပါးတောဆိတ်တစ်ကောင်ကို သတ်ဖြတ်မှုကြောင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၅၁ နဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် မင်းသားကြီးဟာ တိရစ္ဆာန်များကို တရားမဝင်သတ်ဖြတ်မှုနဲ့ ဆက်စပ်တဲ့ အမှုပေါင်း ၄ မှုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ဒီနေ့အမှုကတော့ ယင်းအမှုတွဲထဲက နောက်ဆုံးအမှု ဖြစ်ပါတယ်။

မင်းသမီး Neelam ရဲ့ခင်ပွန်း Samir Soni က စီရင်ချက်အပေါ် အံ့သြနေပါတယ်။

“Neelam နဲ့ ကျန်တဲ့သူတွေအတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ ဆယ်လ်မန်အတွက်တော့ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်” လို့ သူက ပြောခဲ့ပါတယ်။

 

ဒီဖြစ်ရပ်ဟာHum Saath Saath Hain ရုပ်ရှင် ရိုက်ကူးစဉ်က ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အမှုကို နောက်ဆုံးကြားနာစစ်ဆေးမှုက မတ်လ ၂၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

Source : Economic Time