ခေတ်လေးနဲ့ သစ်လေးတို့ဆီကို အလည်သွားခဲ့ အောန်ဆိုင်း

0
103

သူများနဲ့ မတူတဲ့ ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်စတိုင်နဲ့ မော်ဒယ်လောကမှာအောင်မြင်နေတဲ့ သူတစ်ဦးဖြစ်တဲ့ အောန်ဆိုင်းကတော့ ပရိသတ်တွေတိုင်း သဘောကျကြတဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူမကတော့ ဧပြီလ(၄)ရက်နေ့က ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်တဲ့ ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက် ခေတ်နဲ့ သစ်တို့ဆီကို အလည်သွားခဲ့ပါတယ်။

ခေတ်နဲ့ သစ်တို့ကတော့ အောန်ဆိုင်းနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဓါတ်ပုံတွေတောင်ရိုက်ထားကြပါသေးတယ်။ အောန်ဆိုင်းကတော့ ဓါတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “ချစ်တုံးလေး ခတ်နဲ့ သစ်ဆီ လည်လည်သွား..ချစ်လိုက်တာ သူတို့လေးတွေကို” လို့ရေးသားပြီး ဓါတ်ပုံတွေတင်ထားတာဖြစ်ပါတယ်။

ချစ်သုဝေကလည်း အောန်ဆိုင်းရဲ့ ပိုစ့်အောက်မှာ အခုလိုပဲလာရောက်ပြီး ကွန်းမန့်ရေးသားထားပါသေးတယ်။

 

ပရိသတ်တွေအတွက် အောန်ဆိုင်းနဲ့အတူ ပျော်နေတဲ့ ခေတ်နဲ့ သစ်ရဲ့ ဓာတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

source: Awn Seng