• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, August 11, 2022
No Result
View All Result

၂ လအတွင်း တချိန်တုန်းက ခန္ဓာကိုယ်ပုံပြန်ဖြစ်အောင် ဝိတ်ချနိုင်ခဲ့တဲ့ နည်းလမ်းလေးကို မျှဝေလိုက်တဲ့ မေသက်ခိုင်

We Love Cele by We Love Cele
September 30, 2018
in အနုပညာ
0

အဆိုတော် ရဲလေးရဲ့ မိုး သီချင်း MTV နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူကတော့ မေသက်ခိုင်ပဲဖြစ်ပါတယ်။ ချစ်စရာမျက်နှာလေးနဲ့ ဖြူစင်အေးချမ်းတဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရထားသူလေးပါ။ ခုနောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ အသည်းလေး မေသက်ခိုင်ကတော့ အနုပညာလောကကနေ အနားယူသွားခဲ့ပါတယ်။

အနုပညာအလုပ်တွေကို ရပ်လိုက်တဲ့နောက်မှာတော့ မေသက်ခိုင်တစ်ယောက် ဘန်ကောက်မှာကျောင်းသွားတက်ခဲ့ပါတယ်။ ရုပ်ရှင်ကားတွေမရိုက်တော့ပေမယ့် မေသက်ခိုင်က သူမရဲ့ လှုပ်ရှားမှုလေးတွေ အားလုံးကို လူမှုကွန်ယက်အကောင့်ပေါ်မှာ အမြဲတင်လေ့ရှိသူလည်းဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ ခန္ဓာကိုယ်သိသိသာသာလေး ပြည့်ဖြိုးလာတဲ့ မေသက်ခိုင်တစ်ယောက်ကတော့ အရင်တုန်းက ပိန်စဉ်က ဘော်ဒီလေးကို ပြန်လည်ရရှိလာအောင် ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။ ၂ လအတွင်းမှာ သူမဟာ အရင်တုန်းက ခန္ဓာကိုယ်ပုံစံလေးဖြစ်အောင် ပေါင် 140 ကျော်ကနေ 110 ကျော်ဖြစ်အောင် ချနိုင်ခဲ့တာပါ။ သူမရဲ့ ဝိတ်ချတဲ့နည်းလမ်းလေးကိုလည်း ပရိသတ်ကြီးသိရအောင်မျှဝေပေးထားပါသေးတယ်။

142 lb ➡️ 119 lb
ပထမဆုံးပြောချင်တာက ဆရာဝင်းဦး ကို ကျေးဇူးအထူးတင်ပါတယ် ကိုယ်ဟာ ဆရာတော်တော်ကိုတည့်မတ်ပေးရတဲ့သူပါ
-အစားအသောက်က မကြိုက်တာတွေကများနေတော့ အမြဲတမ်းဆရာ့ကို menu အသစ်တွေပါထွင်ခိုင်းရမလိုပါပဲ

-အိပ်ချိန်ဆိုတာလည်းလုံးဝကိုမမှန်တာပါ

-stress လည်းအလွန့်အလွန်များပါတယ်

-လေ့ကျင့်ခန်းလည်း နည်းနည်းလမ်းလျှောက်တာကလွဲပြီးဘာမှမလုပ်ဖြစ်ပါဘူး (ဒါတောင်တခါတလေမှပါ)

-မုန့်တွေလည်းအစားများပါတယ် ပြစ်ချက်ပေါင်းစုံ ဝစေတဲ့အကြောင်းအရာပေါင်းစုံပြည့်နေတဲ့သူပါ စိတ်လေ့ကျင့်ခန်းတော့နေ့တိုင်းနားထောင်ပြီး လိုက်နာပါတယ် ထမင်းအရမ်းကြိုက်တဲ့လူမို့ စစချင်းမှာစားနိုင်ပါ့မလားစိုးရိမ်မိခဲ့ပါတယ် အခုအချိန်မှာတော့ ထမင်းများများကိုမစားတတ်တော့တာပါ ပိန်ချင်တယ်ဆိုတာထက် ကျန်းမာရေးအတွက် နည်းစနစ်ကျတဲ့နေမှုထိုင်မှုစားသောက်နည်းပါပဲ

အချိန်ဘယ်လောက်ယူရလဲသိချင်တဲ့သူများအတွက် ပထမ ၁ လခွဲမှာ ၁၇ ပေါင်ကျနေပါပြီ (ထမင်းအရမ်းကြိုက်တဲ့လူမို့ ထမင်းလျှော့တော့ သိသာတာမြန်တယ်ထင်မိပါတယ်) ဒုတိယလမှာ ဝိတ်ကတန့်တယ်လို့ဆရာပြောထားတဲ့အတိုင်းပါပဲ ၃ ပေါင်လောက်အတွင်းမှာပဲ တက်လိုက်ကျလိုက်လည်နေပါတယ် အခု ရေးထားတဲ့ 23 lb ကျချိန်က အချိန် ၂ လခွဲကျော်ပါ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ့်လိုဆရာ့ကိုဂျီမကျရင် ဒီထက်ပိုပြီးရလဒ်ကောင်းပါလိမ့်မယ်✌🏻✌🏻✌🏻 ဆိုပြီးသူမရဲ့ Diet Plan လေးကို မိန်းကလေးတွေ ယောက်ကျားလေးတွေအတွက် မျှဝေပေးထားတယ်နော်။We Love Cele

Source-May Thet Khine

Previous Post

မင်းသန့်မောင်မောင်ရဲ့ ဇာတ်ကားကိုကြည့်ပြီး မျက်ရည်ကျခဲ့ရတဲ့ဒါရိုက်တာ စင်ရော်မောင်မောင်

Next Post

ခင်ပွန်းသည်ရဲ့ စကားကြောင့် ဝမ်းနည်းခဲ့ရတဲ့ စန္ဒီမြင့်လွင်

Next Post

ခင်ပွန်းသည်ရဲ့ စကားကြောင့် ဝမ်းနည်းခဲ့ရတဲ့ စန္ဒီမြင့်လွင်

သမီးဖြစ်သူ မွေးနေ့နဲ့ ရုံးချိန်းရက်တိုက်ဆိုင်နေမှုကြောင့် စဉ်းစားစရာဖြစ်လာတဲ့ နှင်းအိရွှေရည်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!