ယခုရက်ပိုင်းဆက်တိုက်ဆိုသလို ဂုဏ်ပြုဆုတွေ ချီးမြင့်ခံနေရတာတော့ မြန်မာအိုင်ဒေါရဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်လေးပါ။
ဖြိုးမြတ်အောင်ဟာ မြန်မာအိုင်ဒေါ Season 3 ရဲ့ ဝင်းနားလေးတစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့ ရိုးသားတဲ့စိတ်ဓာတ်၊ ပွင့်လင်းတဲ့အပြောလေးတွေကြောင့် ဒိုင်တွေအပါအဝင် ပရိသတ်တွေရဲ့ အချစ်တွေကိုရလာခဲ့သူပါ။ ဖြိုးမြတ်အောင်ပရိသတ်တွေရဲ့ အားပေးကြမ်းချက်ကြောင့်လည်း ပွဲတွေသီဆိုဖျော်ဖြေရင်း ခဏခဏ အနမ်းချွေတာခံနေရတာလည်းဖြစ်ပါတယ်။
ဖြိုးမြတ်အောင်ဟာ လက်ရှိမှာတော့ ရှိုးပွဲတွေနဲ့ ကြော်ငြာရိုက်ကူးရေးတွေပြုလုပ်နေရပြီးတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ဖြိုးမြတ်အောင်၊ ဇော်ကြီးနဲ့ ချမ်းမြေ့မောင်ချိုတို့ ရိုက်ကူးထားတဲ့ အော်ရီဒူးကြော်ငြာတစ်ခု ထွက်ခဲ့ပါသေးတယ်။
ဖြိုးမြတ်အောင်ကတော့ နေပြည်တော်ကပွဲတစ်ခုမှာလည်း မိခင်ကို ကန်တော့ဖို့အတွက် စိန်နားကပ်တစ်ရံ ဂုဏ်ပြုလက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမိဘကို ဦးထိပ်ပန်ဆင်တဲ့သားတစ်ယောက် ဂုဏ်ပြုလက်ဆောင်ရရှိတာကိုလည်း ပရိသတ်တွေက ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။
ဒါ့အပြင် ဖျော်ဖြေပွဲမှာပဲ နေပြည်တော်၊ တပ်ကုန်းမြို့နယ်က ရွှေမြင့်မိုရ်ရွှေဆိုင်ကနေပြီးတော့ ဖြိုးမြတ်အောင်အတွက် ရွှေဆွဲပြားတစ်ပြား ဆုချီးမြှင့်ခဲ့ပါတယ်။ ဖြိုးမြတ်အောင်တစ်ယောက်ကတော့ ယခုရက်ပိုင်းအတွင်းမှာပဲ ဆက်တိုက်ဆိုသလို ပရိသတ်တွေရဲ့ ဆုချီးမြင့်ခြင်းတွေကို ဆက်တိုက်ရနေတာပဲဖြစ်ပါတယ်။We Love Cele
Video Source-စွယ်စုံ