• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 5, 2022
No Result
View All Result

မပေါင်းသင့် မပေါင်းအပ်တဲ့ လူတွေမှာ ဒီလိုအမူအကျင့်တွေ ရှိနေတတ်ပါတယ်

We Love Cele by We Love Cele
October 2, 2018
in ဗဟုသုတ
0

လူတစ်ယောက်ဟာ လူရယ်လိုဖြစ်လာတာနဲ့ မိမိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်က လူတွေကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ပေါင်းသင်းဆက်ဆံကြရပါတယ်။ သို့သော်လည်း လူတစ်ချို့ကတော့ မိတ်ဆွေအဖြစ်ကနေ ရပ်တန့်ပစ်လိုက်ရအောင်ကို ယုတ်မာပြီး ရက်စက်တဲ့သူတွေ ဖြစ်နေကြပါတယ်။ ထိုလူစားမျိုးတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲရှိတတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အထူးတလည် မိတ်ဆွေဖွဲ့မနေဘဲ မေးထူး ခေါ်ပြောအနေနဲ့သာ ဆက်ဆံသင့်ပါတယ်။ ထိုလူစားမျိုးတွေဟာ နှစ်ခါသုံးခါလောက် ပေါင်းသင်းကြည့်ရုံနဲ့  သိသာပါတယ်။ များသောအားဖြင့် သူတို့မှာ ဒီလို အမူအကျင့်တွေ ရှိတတ်ကြပါတယ်။

(၁) သူတို့ဟာ အလွန်လိမ်ပြောကြပါတယ်။ သူတို့ပြောတဲ့ စကားဆယ်ခွန်းမှာ ကိုးခွန်းဟာ အလိမ်အညာတွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် သူတို့ပြောတဲ့ စကားတွေဟာ သူတို့အတွက်သာ အကျိုးရှိကောင်းရှိနိုင်ပေမယ့် တခြားသူတွေအတွက်တော့ အသုံးမဝင်တဲ့အရာတွေပါ။

(၂) သူတို့ဟာ သင့်အပေါ် အမှားတစ်ခုခု လုပ်မိရင် ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အပေါ် သင်အမှားတစ်ခုခု လုပ်မိရင်တော့ ဆတ်ဆတ်ထိခံမှာ မဟုတ်ပါဘူး။ ထိုအမှားအတွက် သင့်ကို တစ်သက်လုံး အပြစ်နေမှာတော့ သေချာပါတယ်။

(၃) သူတို့မှာ မျှဝေခံစားခြင်း လုံးဝမရှိကြပါဘူး။ တခြားသူတွေရဲ့ နာကျင်မှု၊ စိတ်ပျက်အားငယ်မှုနဲ့ ဝမ်းနည်းပူဆွေးမှုတွေဟာ သူတို့နဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ခံယူထားကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့အတူနေတဲ့သူတွေဟာ သူတို့လိုပဲ ပူလောင်နေရမှာ သေချာသလောက်ပါပဲ။

(၄) သူတို့ဟာ လူတွေအားလုံးကို သူတို့ရဲ့ အသုံးချစရာ တစ်ခုအဖြစ်ပဲ ယူဆထားကြတာပါ။ ဒါကြောင့် သူတို့အနားပတ်ဝန်းကျင်ကလူတွေအကုန်လုံးနီးပါးဟာ သူတို့ရဲ့အသုံးချခြင်းကို မရှုမလှ ခံရလေ့ရှိပါတယ်။

(၅) သူတို့ဟာ လူတွေရဲ့ အားနည်းချက်ကို ကောင်းစွာသိရှိကြပါတယ်။ သူတို့ဟာ လူတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့  ထိုလူရဲ့ အားနည်းချက်ကို ချုပ်ကိုင်ထားပြီး ထိုလူကို သူတို့အကျိုးအတွက် အမြဲလိုလို အသုံးချတတ်ကြပါတယ်။

အဲဒီလိုလူမျိုးတွေ သင့်ပတ်ဝန်းကျင်မှာ ရှိနေရင် သင့်အနေနဲ့ သတိထားသင့်ပါတယ်။ ဖြစ်နိုင်ရင် သူတို့နဲ့ ခပ်လှမ်းလှမ်းနေပါ။ မလွှဲမရှောင်သာဘဲ ပေါင်းသင်းဆက်ဆံနေရရင်တော့ သူတို့ရေလိုက်ငါးလိုက်သာ ပြောဆိုဆက်ဆံပါ။ သူတို့လွှမ်းမိုးတာတွေ အသုံးချတာတွေကို လုံးဝခံရအောင် သတိထားပါ။

Credit-လူငယ်မီဒီယာ

Previous Post

မောင်နှမ ၂ ယောက်ဗီဒီယိုဖိုင်လေးနဲ့ ချစ်စရာမောင်လေးအချောကို ထုတ်ကြွားလိုက်တဲ့ စူးရှထက်

Next Post

အကျီတွေကြိုချုပ်ထားစေချင်လို့ စောစောစီးစီးချပြလိုက်တာဆိုတဲ့ သုသုရဲ့ မင်္ဂလာဖိတ်စာ

Next Post

အကျီတွေကြိုချုပ်ထားစေချင်လို့ စောစောစီးစီးချပြလိုက်တာဆိုတဲ့ သုသုရဲ့ မင်္ဂလာဖိတ်စာ

ရွာသားများနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ စွမ်းဇာနည်ဇာတ်သဘင်နဲ့ပတ်သက်ပြီး ဘဘင်အစည်းအရုံးက ကြေညာချက်ထုတ်ပြန်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!