မိတ်ကပ်ညီညီမောင် စမ်းချောင်းကိုတော့ပရိသတ်တွေက ချစ်စနိုးနဲ့ သုသုလို့ ခေါ်ကြပါတယ်။ အခုနောက်ပိုင်း ပိုပိုလှလာတဲ့ သုသုကတော့ အချစ်ရေးမှာအဆင်မပြေစရာလေးတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အချစ်ဟောင်းနဲ့လမ်းခွဲခဲ့ပြီး ပိုလှလာတယ်လို့ ဆိုရမလိုပါပဲ။ သုသုတစ်ယောက်ခုချိန်မှာတော့ သူချစ်တဲ့ ချစ်သူကို ပရိသတ်ကို ချပြဖို့ တော်တော်လေးစဉ်းစားနေခဲ့ပါပြီ။
အွန်လိုင်းပေါ်မှာလည်း Tik Tok ဗီဒီယိုလေးတွေကို မကြာခဏဆိုသလို တင်တတ်တဲ့ သုသုကတော့ ပရိသတ်တွေကို ရုပ်တည်ကြီးနဲ့ နောက်တတ်သူလည်းဖြစ်ပါသေးတယ်။ မဟုတ်မခံတတ်တဲ့စိတ်ရှိတဲ့ သုသုတစ်ယောက်ကတော့ မမှန်တာတွေ လာပြောနေရင်လည်း ပြန်ပြန်ပြောတတ်တာ သူ့အကျင့်ပဲလို့ဆိုပါသေးတယ်။ မကြာသေးခင်က ပုဆိုးဝတ်ပါလားလို့ လာပြောတဲ့သူကို သုသုတို့ ပက်ခနဲပြန်ပြောလိုက်ပုံကလဲ Troller တွေကြားနာမည်ကြီးစရာဖြစ်သွားပါသေးတယ်။
ယခုလည်း သုသုတစ်ယောက် သူ့ပရိသတ်တွေကို အံ့သြစရာတစ်ခုလုပ်လိုက်ပြန်ပါပြီ။ သုသုကတော့ ဖိတ်စာရွေးပြီးသွားပါပြီတဲ့ မယုံကြဘူးဆိုတာသိပေမယ့် တကယ်ပါနော်တဲ့ အကျီလေးတွေ ကြိုပြီးချုပ်ထားကြစေချင်လို့ ခုတည်းက ချပြလိုက်တာပါဆိုတဲ့ သုသုတစ်ယောက်ကတော့ တကယ်ပဲ အတည်ပေါက်ကြီးနဲ့နောက်ထားပြန်ပါတယ်။
သုသုတစ်ယောက် ဘယ်သူ့မင်္ဂလာဆောင်ဖိတ်စာကို ယူတင်ထားလဲဆိုတာတော့ မစဉ်းစားတတ်တော့ပါဘူး။ တကယ်တော့သူက ဖိတ်စာဒီဇိုင်းလေးကိုသဘောကျလို့ပါတဲ့။ သုသုဒီလိုအတည်ပေါက်နဲ့နောက်တာ ဒါနဲ့ဆို ၂ ကြိမ်ရှိပါပြီနော်။ ပထမတခေါက်တုန်းကလည်း ဆီးစစ်တံလေးနဲ့ ပရိသတ်ကြီးကို နောက်ထားပါသေးတယ်။We Love Cele
Source-Nyi Nyi Maung