ရွှေထူးဘက်က လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပြောပြီး မိနစ်ပိုင်းမှာ စာတပိုဒ် ရေးလိုက်တဲ့ ယမင်းဦး

0
2520

ရွှေထူးရဲ့ချစ်သူ ဖြစ်သူ ယမင်းဦးကတော့ သူမနဲ့ လမ်းခွဲသွားတဲ့ ရွှေထူးနဲ့ပက်သက်ပြီး ဖြေရှင်းမှု မလုပ်တော့ဘူးလို့ ပြောလိုက်ပါတယ်။ ဒီနေ့ အဆိုတော် ရွှေထူးက သူ့ရဲ့ချစ်သူနဲ့ ပြတ်သွားပြီဖြစ်ကြောင်း ဖေ့စ်ဘွက်မှာ တိုက်ရိုက်လွှင့်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ သူပြောအပြီး မိနစ်ပိုင်းအတိုင်းမှာပဲ ယမင်းဦးက ခုလိုပဲ ဖေ့စ်ဘွက်မှာ ရေးသားလာပါတယ်။

ဒါဒါ့ရဲ့ဂုဏ်သိက္ခာကို ဘယ်သူမှ စော်ကားတဲ့ စကားလုံးတွေ မပြောသ၍ ဒါဒါဘာမှရှင်းမှာမဟုတ်ဘူး။ အချိန်ကျတဲ့အထိ ရိုးသားနေကြစို့ ဆိုပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်။ သူမကတော့ ခုလောလောဆယ် သြစတြေးလျမှာ ရောက်နေတာပဲ ဖြစ်ပါတယ်။

ခုချိန်ထိ ရွှေထူးနဲ့ ရီလေးရှင်းရှစ်ချိတ်ထားတာကိုလည်း မဖြုတ်သေးတာကို တွေ့ရပါတယ်။ အင်စတာဂရမ်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဟဟတောင် တစ်ခြမ်းပဲ ရမယ်ဆိုပြီး ပို့စ်လေးတွေ တင်နေတာ တွေ့ရပါတယ်။

Credit-Pannpwint