• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, August 4, 2022
No Result
View All Result

လူမှုကွန်ယက်ပေါ်မှာ အုံးအုံးထနေတဲ့ ချမ်းမြေ့မောင်ချိုရဲ့ ဓာတ်ပုံတစ်ပုံ

We Love Cele by We Love Cele
October 2, 2018
in အနုပညာ
0

ချမ်းမြေ့မောင်ချိုဟာ မြန်မာအိုင်ဒေါ Season 3 ရဲ့ First Runner Up တစ်ဦးဖြစ်ပြီးတော့ ယခုအချိန်မှာတော့ ကြော်ငြာများ၊ ရှိုးပွဲများကို တက်ရောက်ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့အတွက် ကြိုးစားလျက်ရှိနေပြီး တစ်ဖက်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အများကြီးရရှိထားသူဖြစ်ပါတယ်။

မကြာသေးခင်ကမှ မွေးနေ့ပွဲလေးနဲ့ Fan Meeting တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုကတော့ မွေးနေ့လက်ဆောင်အဖြစ် ပြည်ပပရိသတ်တွေရဲ့ ငွေကြေးအမြောက်အမြားကိုလည်း ရရှိခဲ့ပါတယ်။ မိခင်ရဲ့ ဂရုစိုက်ခြင်းကိုခံရတဲ့ ချမ်းမြေ့မောင်ချိုတစ်ယောက်ဟာ ပြိုင်ပွဲကာလအတွင်းမှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရသူပါ။ ဘယ်သွားသွား မိခင်နဲ့သာအတူ အမြဲတွေ့ရတဲ့ ချမ်းမြေ့မောင်ချိုဟာ မိခင်ကို ယခုလိုမျိုး ဝေဖန်တိုက်ခိုက်ကြတဲ့အပေါ်မှာလည်း ရင်နင့်စွာခံစားရတယ်လို့ ဆိုပါတယ်။

ယနေ့မှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ပုံဟာ Troller တွေရဲ့ လက်ချက်ကြောင့် လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတာဖြစ်ပါတယ်။ သူမလာလမ်းမှာ ပရိသတ်တွေမများဘဲ ကာပေးထားခဲ့တဲ့ လူတစ်စုရဲ့ ပုံရိပ်တွေဟာ Troller တွေရဲ့ meme တွေထဲကို ရောက်ရှိပြီး ပျော်စရာအဖြစ် စနောက်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေ အရမ်းသဘောကျနေတဲ့ ချမ်းမြေ့မောင်ချိုလေးရဲ့ပုံကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။ဒီပုံလေးကိုတော့ ချမ်းမြေ့မောင်ချိုကိုယ်တိုင် သဘောကျနေတာလည်းဖြစ်ပါတယ်။ We Love Cele

Photos-Chan Myae Mg Cho

Previous Post

အနုပညာလောကမှာ ရပ်တည်မယ့် ညီမဖြစ်သူအတွက် စိတ်ပူနေတဲ့ ဖြိုးငွေစိုး

Next Post

မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြင့်တာကို ခံလိုက်ရတဲ့ မင်းရာဇာ

Next Post

မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြင့်တာကို ခံလိုက်ရတဲ့ မင်းရာဇာ

ထီမထိုးထားပါဘဲ အတိတ်ဘဝကုသိုလ်ကံကောင်းလွန်းလို့ အောင်ဘာလေသိန်းထီဆုကြီးပေါက်ခဲ့တဲ့ သွန်းဆက်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!